cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်စိုက်တောင်သူဦးကြီးများ ငရုတ်ပန်းပွင့်ကြွေသည့် ပြဿနာ ကြုံဖူးကြလား၊ ဘယ်လိုဖြေရှင်းကြလဲ?

. ဉာဏ်စမ်း
ပန်းပွင့်တွေဘာကြောင့်ကြွေရတယ် ဘယ်လိုရှောင်လွှဲလို့ရနိုင်မယ်ဆိုတာကို လေ့လာကြည့်ရအောင်ဗျာ။
  • ငရုတ်ပင်တွေမှာ ပန်းပွင့်လေးတွေ ကြွေကျပြီး အသီးမတင်ဖြစ်နိုင်ပါတယ်။ ပန်းပွင့်ကြွေအသီးမတင်ခဲ့ရင်တော့ စိုက်ခင်းအထွက်နှုန်း ကျဆင်းပြီး တောင်သူဦးကြီးတို့ရဲ့ ဝင်ငွေကို အနည်းနှင့်အများထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပန်းပွင့်တွေဘာကြောင့်ကြွေရတယ် ဘယ်လိုရှောင်လွှဲလို့ရနိုင်မယ်ဆိုတာကို လေ့လာကြည့်ရအောင်ဗျာ။

     ပန်းပွင့်တွေကြွေကျရတဲ့ အကြောင်းအရင်းများကတော့

    · ဝတ်မှုန်မကူးခြင်းကြောင့်

    · လေဝင်လေထွက်နည်းပါးခြင်း

    · သွင်းရေများခြင်း

    · အသီးမှည့်များပြားခြင်း

    · အပူချိန်မတည်ငြိမ်ခြင်း

    · မြေဩဇာလွန်ကဲစွာကျွေးခြင်း

    ဝတ်မှုန်မကူးခြင်းကြောင့် - ငရုတ်ပင်များသည် ပွင့်ထီးနှင့် ပွင့်ခြားဝတ်မှုန်ကူးခြင်း နှစ်မျိုးစလုံး ဖြစ်ပွားနိုင်သည်။ ပန်းပွင့်မသန်စွမ်းခြင်းကြောင့် အဖိုဝတ်မှုန်များသည် ဝတ်မှုန်ကူးခြင်းမရှိခြင်းကြောင့် အပွင့်ကြွေရခြင်းဖြစ်သည်။

    လေဝင်လေထွက်နည်းပါးခြင်း - သီးနှံစိုက်ခင်းအတွင်း ပင်ကြားတန်းကြားစိပ်ခြင်း နှင့် လေလာရာလမ်းကြောင်းနှင့် ကန့်လန့်၍ စိုက်ကြောင်းပြုပြင်ခြင်းတို့ကြောင့် လေဝင်လေထွက်နည်းပါးခြင်း ကိုဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့်လည်း အသီးမတင်ပဲ အပွင့်ကြွေခြင်းလက္ခဏာကို တွေ့ရသည်။ ထို့ကြောင့် သင့်တင့်သောပင်ကြားတန်းကြားစိုက်ခြင်းအားဖြင့် ငရုတ်ပန်းပွင့်ကြွေခြင်းကို ရှောင်လွှဲနိုင်ပါသည်။

    သွင်းရေများခြင်း - သီးနှံစိုက်ခင်းအတွင်း ပန်းပွင့်ချိန်တွင် ရေသွင်းရေထုတ်မှာ လွန်စွာမှအရေးပါလှပါသည်။ ငရုတ်စိုက်ခင်းအတွင်း ရေသွင်းလွန်ကဲလျှင် မြေကြီးအစိုဓာတ်များပြားခြင်းကြောင့် ပန်းပွင့်ကြွေခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။ ထို့ကြောင့် တစ်ကြိမ်တည်းရေလွန်ကဲစွာသွင်းခြင်း မှရှောင်ရှားပြီး စိုက်ခင်းလိုအပ်ရုံသာ ရေသွင်းပြီး အကြိမ်ရေပိုမိုသွင်းသင့်ပါသည်။

    အသီးမှည့်များပြားခြင်း - စိုက်ခင်းတစ်ခုတွင် အသီးစိမ်းနှင့် အသီးမှည့်တို့ ဒွန်တွဲတည်ရှိနေခြင်းမျာ ဆန်းကြယ်လွန်းလှသည်တော့မဟုတ်ပေ။ သို့သော်ငရုတ်စိုက်ခင်းတွင်အသီးများမှည့်နေပါက ခူးဆွတ်ရန်အရေးကြီးပါသည်။ အသီးမှည့်များ အပင်ပေါ်တွင် မခူးဆွတ်ပဲထားပါက အပွင့်များကြွေပြီး နောက်ထပ်အသီးမတင်နိုင်ပေ။ ငရုတ်ပင်မှာ အသီးမှည့်များမကြွေကျစေရန် ထိန်းသိမ်းထားရခြင်းကြောင့် နောက်ထပ်အသီးမတင်နိုင်ပဲ အပွင့်ကြွေရခြင်းဖြစ်သည်။ ငရုတ်ပင်များပေါ်တွင် အသီးမှည့်များကို ပုံမှန်ဆွတ်ခူးပေးခြင်းဖြင့် အပွင့်ကြွေခြင်းကို ရှောင်လွှဲနိုင်ပြီး အထွက်နှုန်းပိုမိုရရှိစေပါသည်။

    အပူချိန်မတည်ငြိမ်ခြင်း - ငရုတ်ပင်များသည် တည်ငြိမ်တဲ့ ရာသီဥတုအပူချိန်ကို နှစ်သက်ကြပါတယ်။ တစ်နေ့တာအပူချိန်၏ အအေးဆုံးအချိန် ညအပူချိန်နည်းပါးခြင်းနှင့် အပူဆုံးအချိန် နေ့အပူချိန်မြင့်မားခြင်း တို့ကြောင့် ပန်းပွင့်ကြွေခြင်း ပြဿနာကိုဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ငရုတ်ပင်များသည် ရာသီဥတု မတည်ငြိမ်သည့်အချိန်များတွင် ပန်းပွင့်ကြွေခြင်း ပြဿနာကို ရင်ဆိုင်ရလေ့ရှိသည်။

    မြေဩဇာလွန်ကဲစွာကျွေးခြင်း - ငရုတ်ပင်ကို ပန်းပွင့်ချိန်အတွင်း ဓာတ်မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာ လွန်ကဲစွာ အသုံးပြုခြင်းတို့ကြောင့် ငရုတ်ပင် ပန်းပွင့်များကြွေကျစေနိုင်ပါသည်။ ထို့ကြောင့် မြေဩဇာများကို တစ်ကြိမ်တည်းလွန်ကဲစွာ အသုံးမပြုပဲ နည်းနည်းချင်းကျွေးခြင်းကို ပြုလုပ်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငရုတ်ပင်သည်တည်ငြိမ်သော အနေအထားကိုသာ နှစ်သက်သောကြောင့်ဖြစ်ပါသည်။

    အထက်ပါအကြောင်းအရာများကြောင့် ပန်းပွင့်ကြွေစေနိုင်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ သီးနှံအထွက်တိုးပြီး ကြီးပွားတိုးတက်ကြပါစေ။

    A.K.Z.M (2013)


  • article
  • article
  • article
  • article
likes14comments0
views245views1835