cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျန်းမာရေးအတွက် ပန်းသီးစားသင့်

. ကျန်းမာရေးဆောင်းပါးများ
အော်ဂဲနစ်ပန်းသီးက ဆေးဖက်ဝင်တယ်။ ပန်းသီးကနေ ပြင်ပရောဂါတွေကို ချေမှုန်းဖို့ ပဋိပစ္စည်း
တွေ ပိုမိုထုတ်ပေးနိုင်တယ်။ ဗီတာမင်သက်စောင့်ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ်ပေါကြွယ်စွာ ပါဝင်တဲ့အတွက် ရောဂါကြိုတင်ကာကွယ်ရေးနေ့စဉ်ပန်းသီးနှစ်လုံး စားပေးသင့်ပါတယ်။
  • ပန်းသီးကို ထမင်းစားပြီးတိုင်း အချိုပွဲသီးနှံအနေနဲ့ မြန်မာ့ထမင်းဝိုင်းတွေမှာ နေရာယူလာတာ သိပ်မကြာသေးပါဘူး။ ပန်းသီးကိုထမင်းအစား စားသောက်နိုင်ပါတယ်။ အဆီချ၊ အဝလွန်လျှော့ချသူတွေအတွက် အဆင်ပြေပါတယ်။ ပန်းသီးစားရင် ကျန်းမာရေးအထောက်အကူပြုပါတယ်။ နိုင်ငံတကာ ဆေးသိပ္ပံပညာရှင်တို့အဆိုအရ အသီးအရွက်များများစားရင် ကျန်းမာရေးအထောက်အကူပြုတယ်လို့ သိခဲ့တာကြာပြီဖြစ်ပါတယ်။ ပန်းသီးမှာပါဝင်တဲ့ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေကို Phytochemical လို့ခေါ်တယ်။

    သူ့မှာ ပင်နိုလစ် (Phenolic) ကွန်ပေါင်းဖြစ်တဲ့ ဖလေဗင်နွိုက် (Flavonoid) ဓာတ်တွေ ပါဝင်တယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant) တွေဖြစ်တဲ့ Catechin, Phioridizin, Chlorogenic acid တွေက အလွန်အစွမ်းထက်ပါတယ်။ သဘာ၀ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တယ်။ ဒီဆေးဖက်ဝင်ပစ္စည်းတွေဟာ ပန်းသီးအမျိုးအစားပေါ်မူတည်ပြီး ကွာခြားမှုတွေရှိတယ်။

    ပန်းသီးအမျိုးအစားကိုလိုက်ကာ တချို့က သွေးကြောတွေကောင်းအောင်လုပ်ပေးတဲ့ Quercetin ပိုများကာ တချို့ကင်ဆာရောဂါကာကွယ်ပေးတဲ့၊ ကင်ဆာဆဲလ်တွေ သတ်ပေးနိုင်တဲ့ Cetechin လိုဓာတ်ပစ္စည်းတွေ ပိုပါတယ်။ ပန်းသီးတစ်မျိုးတည်းမှာ ခူးဆွတ်ချိန်ပေါ်မူတည်ကာ အနု၊ အရင့်အလိုက် ကွာခြားမှုရှိတယ်။ ထိန်းသိမ်းစနစ်ကိုမူတည်ပြီး ကွာခြားမှုရှိပါတယ်။ ကမ္ဘာပေါ်မှာ ပန်းသီးမျိုးကွဲ ၇၅၀၀ အနက် ထင်ရှားတဲ့ အမျိုး ၂၀ ရှိတယ်။ နေရာ ဒေသနဲ့ အရောင်အသွေး အနံ့အရသာပေါ်မူတည်ပြီး ခွဲခြားထားတာဖြစ်ပါတယ်။


    မြန်မာနိုင်ငံမှာလည်း ချင်းတောင်က ပန်းသီး၊ ရှမ်းပြည်နယ်က ပန်းသီး ခွဲခြားသလို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံက ပန်းသီး၊ ပြင်သစ်ပန်းသီး၊ ဆွစ်ဇာလန်ပန်းသီးဆိုပြီး ခွဲခြားထားနိုင်တယ်။ အရောင်အသွေးကို မူတည်ပြီး အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်၊စပ်ကြားရောင် ခွဲထားတယ်။ အနံ့အရသာပေါ်မူတည်ပြီး ချဉ်တဲ့ပန်းသီး၊ ကျစ်လျစ်တဲ့ပန်းသီး၊ ခပ်ပွပွပန်း သီးဆိုပြီး ကွဲပြားတယ်။

    ကျန်းမာရေးအတွက်ကောင်းတာက အနီရောင်ရင့်ရင့်၊ ခပ်ချဉ်ချဉ်၊ ခပ်ကျစ်ကျစ် အရည်ရွှမ်းတဲ့ ပန်းသီးမျိုးက အကောင်းဆုံးဖြစ်တယ်။

    ဈေးကွက်ထဲမှာ ချဉ်တဲ့ပန်းသီးကို လူကြိုက်နည်းကာ ချိုမှ ဈေးကောင်းရပါတယ်။ စပ်မျိုးတွေပေါ်လာကာ ပန်းသစ်တော်သီး၊ ပန်းသခွားသီး၊ ပန်းဆီးသီးတွေ နာမည်ကြီးလာတယ်။ စားလို့ကောင်းတယ်။ တာရှည်အစားခံအောင် စပ်မျိုး (Hybrids) က ရက်ကြာကြာသိမ်း

    ထားနိုင်ပါတယ်။ အော်ဂဲနစ်ပန်းသီးက ပိုပြီးဆေးဖက်ဝင်ပေမယ့် ရရှိဖို့တော့နည်းပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ရေး၊ကုသရေးမှာ သုံးနိုင်တယ်။ ကင်ဆာမဖြစ်အောင် ကာကွယ်ရာမှာရောဂါဖြစ်ပွားနေတဲ့နေရာမှာ အသုံးဝင်တယ်။ အရောင်ကျစေတဲ့သတ္တိရှိတယ်။ ပန်းနာရင်ကျပ်ဖြစ်မှု လျော့စေပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါမှာ ဘယ်လိုအကျိုးရှိသလဲဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းက မကောင်းတဲ့ ကိုလက်စထရော LDL ဓာတ်မတိုးရအောင် ကာကွယ်ပေးတယ်။ LDL ဓာတ်တိုး (Oxidation) ဖြစ်ရင် သွေးကြောတွေမာလာမယ်။ ထူလာတယ်။

    သွေးကြောခက်မာခြင်းလို့ ဆိုနိုင်တယ်။ လေဖြတ်နိုင်တယ်။ နှလုံးရုတ်တရက် တိုက်ခိုက်ခံရတာ၊ ဦးနှောက်ရုတ်တရက် တိုက်ခိုက်ခံရတာတွေကို ပန်းသီးက ကာကွယ်နိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ သွေးဆုံးအမျိုးသမီး ၃၅၀၀ ကို ၂၀၀၁ ခုနှစ် လေ့လာချက်အရ ပန်းသီးမှာပါဝင်တဲ့

    Catechin နဲ့ Epicatachin တွေက တချို့နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးကြောပိတ်လို့ သေဆုံးရမှုတွေကို လျော့နည်းစေပါတယ်။

    ပန်းသီးမှာပါတဲ့ Catechin ဟာ လက်ဖက်ခြောက်မှာပါတာထက် ပိုမိုကောင်းမွန်ပါတယ်။ ပန်းသီးကို ပုံမှန်စားရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးကြောပိတ်ရောဂါနဲ့ လေဖြတ်ရောဂါတွေကနေ ကာကွယ်နိုင်ပါတယ်။ ပန်းသီးစားရင် ကင်ဆာရောဂါကာကွယ်နိုင်တယ်။ ဟင်း

    သီးဟင်းရွက်စားသုံးမှုနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုက ပြောင်းပြန်အချိုးကျပါတယ်။ ဟင်းသီးဟင်းရွက်များများစားတဲ့သူက ကင်ဆာဖြစ်ပွားနှုန်းလျော့နည်းပြီး စားသုံးမှုနည်းသူတွက ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်မားပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာ ကင်ဆာကာကွယ်တိုက်ဖျက်နိုင်တဲ့ဓာတ်ပစ္စည်းက Flavonoid ဖြစ်တယ်။ Flavonoid ထဲက Quercetin က တစ်ခုအပါအဝင်ဖြစ်တယ်။ ပန်းသီး၊ ကြက်သွန်နီ၊ လက်ဖက်ရည်ကြမ်းတွေကQuercetin ရနိုင်တယ်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးဥကင်ဆာတွေကနေ ကာကွယ်နိုင်ပါတယ်။ အမေရိကန်

    ပြည်ထောင်စု သုတေသန လေ့လာချက်အရ ပန်းသီးတစ်နေ့တစ်လုံး မှန်မှန်စားသူတွေမှာ အဆုတ်ကင်ဆာဖြစ်နှုန်း များစွာလျော့တာ တွေ့ရတယ်။


    အမျိုးသား ၄၇၀၀၊ အမျိုးသမီး ၇၇၀၀ ပေါင်း ၁၂၄၀၀၀ ကို လေ့လာတွေ့ရှိခဲ့တယ်။ ဟာဝိုင်ယီလေ့လာချက်အရ ပန်းသီးနဲ့ ကြက်သွန်နီပုံမှန်စားသုံးသူတွေမှာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားတယ်။ ပန်းသီး၊ ကြက်သွန်နီ မစားသုံးသူတွေမှာ

    ဖြစ်ပွားမှုမြင့်မားလာတယ်။ ပန်းသီးမှာ အရောင်ကျစေတဲ့ သတ္တိရှိတယ်။ လူ့ခန္ဓာကိုယ်မှာ ရောင်ရမ်းနေတဲ့ ရောဂါတွေကို ပန်းသီးစားရင်သက်သာတယ်။ အရောင်ကျစေတယ်။ အရေပြားရောင်တာ၊ အဆစ်အမျက်ရောင်တာ၊ အသည်းရောင်တာတွေမှာ Calmodulin ကို ဟန့်

    တားနိုင်လို့ အရောင်လျော့စေတယ်။ နာကျင်မှုသက်သာစေတဲ့ Leukatrience ထုတ်လုပ်မှုလျော့ကျစေတယ်။ ရောင်ရမ်းနာကျင်သူတွေပန်းသီးကို အရောင်ကျတဲ့အထိ တစ်နေ့တစ်လုံး၊ နှစ်လုံး စားသင့်တယ်။ ပန်းနာရင်ကျပ်ဖြစ်တဲ့သူတွေ ပန်းသီးစားတဲ့အခါ ရရှိနိုင်တဲ့ အကျိုး

    ကျေးဇူးတွေရှိတယ်။ ပန်းနာရင်ကျပ်ဖြစ်ခြင်းမှာ Histamin ခေါ် ဓာတ်ပစ္စည်းတွေကို သူနဲ့အုပ်စုတူတဲ့ ဓာတ်ပစ္စည်းတွေက Mast cell နဲ့basophil ခေါ် ဆဲလ်တွေကနေ ထုတ်လွှတ်နေလို့ဖြစ်တယ်။ လေပြွန်မှာရှိတဲ့ သွေးကြောတွေ ဖောင်းလာရင် လေပြွန်ကျဉ်းလာပြီး ပိုဆိုး

    လာရင် <ကက်သားတွေကျုံ့သွားကာ ပန်းနာရင်ကျပ်နဲ့ ပျို့တာ၊ အန်တာ၊ ဓာတ်မတည့်တာတွေ ဖြစ်ပါမယ်။ ဆီးချိုရောဂါရှိသူတွေ ပန်းသီးစားနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါမရှိခင် ပန်းသီးပုံမှန်စားရင် အထောက်အကူပြုပါတယ်။ အင်ဇိုင်းတွေကို ဟန့်တားချေဖျက်နိုင်တယ်။

    သွေးထဲမှာရှိတဲ့ အချို ဂလူးကို့စ်ကနေ Sorbitial ခေါ် ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်စေတဲ့ ဓာတ်ပစ္စည်းကိုပြောင်းပေးတယ်။

    မျက်စိမှုန်တာ၊ ခြေလက်ထုံကျဉ်တာ ကာကွယ်နိုင်တယ်။ ဆီးချိုတက်နေရင်တော့ ပန်းသီးစားတာ ခဏရှောင်သင့်တယ်။ သက်သာမှသာဖြည်းဖြည်းချင်း ချင့်ချိန်စားသုံးသင့်ပါတယ်။ ချိုတဲ့ပန်းသီးအစား ချဉ်တဲ့ပန်းသီး စားပေးသင့်တယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး စားသင့်

    တယ်။ ပန်းသီးဟာ ကောင်းကျိုးအပြင် ဆိုးကျိုးလည်းရှိပါတယ်။ ပန်းသီးရဲ့အစေ့ကိုမစားသုံးသင့်ပါဘူး။ သူ့မှာ Cyanogenic Glycocideကြွယ်ဝစွာပါဝင်လို့ အဆိပ်သင့်နိုင်တယ်။ အော်ဂဲနစ်ပန်းသီးက ဆေးဖက်ဝင်တယ်။ ပန်းသီးကနေ ပြင်ပရောဂါတွေကို ချေမှုန်းဖို့ ပဋိပစ္စည်း

    တွေ ပိုမိုထုတ်ပေးနိုင်တယ်။ ဗီတာမင်သက်စောင့်ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ်ပေါကြွယ်စွာ ပါဝင်တဲ့အတွက် ရောဂါကြိုတင်ကာကွယ်ရေးနေ့စဉ်ပန်းသီးနှစ်လုံး စားပေးသင့်ပါတယ်။


    ဒေါက်တာလွင်သန့်



  • article
likes8comments0
views174views1415