cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်တောက်တဲ့မြီးရောဂါ

. ရောဂါ
ရောဂါသည် စိုထိုင်းဆမြင့်မားမှု့ကိုကြိုက်နှစ်သက်ပြီး အခြားကြက်သွန်ဖျက်ပိုးများဖြစ်သည့် (ဥပမာ - ကြက်သွန်လှေးပိုး) ကျရောက်ဖျက်ဆီးထားသော ဒဏ်ရာမှနေ၍လည်း ဒုတိယကျရောက်သော ရောဂါပိုးအဖြစ် လည်း ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်စေသောမှိုသည် သီးနှံအကြွင်းအကျန်များ (သို့) မြေကြီးထဲတွင် အနည်းဆုံး (၁)နှစ်အထိ ရှင်သန်နိုင်သည်။
  • ကြက်သွန်တောက်တဲ့မြီးရောဂါ 

    Onion Purple Blotch 

    Alternaria porri 

     

    ကြက်သွန်စိုက်ပျိုးသောဒေသတိုင်းတွင် ကျရောက်စေသည့်ရောဂါဖြစ်ပါသည်၊ဆောင်းရာသီ ရေသွင်းစိုက် ပျိုးသည့် ရွေ့ပြောင်းစိုက်ခင်းများတွင် အဖြစ်များသည်။ရောဂါဖြစ်စေသည့်သက်ရှိမှာ မှိုကြောင့်ဖြစ်သည်။ ဆိုးဝါးစွာ ကျရောက်စေသဖြင့် သတိထား၍ ကာကွယ်ရန်မှာ အရေးကြီးလှပါသည်။ ဤရောဂါကျရောက်ပါက ကြက်သွန်ဥ များ ကြီးထွားဖွံဖြိုးမှုနှောင့်နှေးစေနိုင်ပါသည်။ 

     

    လက်ခံပင် 

    ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် 

     

    ရောဂါလက္ခဏာနှင့်ပျံ့နှံပုံ 

    အစပိုင်းတွင် အရွက်ပေါ်ရှိ အစက်အပြောက်များသည် သေးငယ်သော အဖြူရောင်အစက်များအဖြစ် ရှိနေ ပြီး နောက်ပိုင်းတွင် ဘဲဥပုံ၊ အညိုရောင်မှ ခရမ်းရောင်အကွက်များအထိ လျင်မြန်စွာ ကြီးထွားလာကြသည်။ ၄င်းအ ကွက်များပေါ်တွင် အနက်ရောင်အကွင်းများ ဖြစ်ပေါ်လာသည်။ အရွက်နားတစ်ဝိုက်တွင် ၄င်းအကွက်များသည် ပေါင်းစည်းသွားကာ ၄င်းအစိတ်အပိုင်း၏ အထက်ပိုင်းမှစ၍ ညှိုးနွမ်းပြီး ပြုတ်ကျသေဆုံးသည်။ အများအားဖြင့် အရွက်ထိပ်များသည် ကူးစက်ခံရတတ်ပြီး ညိုမဲညှိုးနွမ်းလာတတ်သည်။ ၄င်းရောဂါသည် ရိတ်သိမ်းချိန်တွင်လည်း ကြက်သွန်ဥများအား ကူးစက်နိုင်သည်။ များသောအားဖြင့် ကြက်သွန်ဥ၏ အပေါ်ဘက်လည်ပင်းနေရာ၌ အဝါရောင်မှ အနီရောင်ရှိသော ရေစိုနာပုပ်လက္ခဏာ ဖြစ်ပေါ် စေသည်။ 

    ၄င်းရောဂါသည် စိုထိုင်းဆမြင့်မားမှု့ကိုကြိုက်နှစ်သက်ပြီး အခြားကြက်သွန်ဖျက်ပိုးများဖြစ်သည့် (ဥပမာ - ကြက်သွန်လှေးပိုး) ကျရောက်ဖျက်ဆီးထားသော ဒဏ်ရာမှနေ၍လည်း ဒုတိယကျရောက်သော ရောဂါပိုးအဖြစ် လည်း ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်စေသောမှိုသည် သီးနှံအကြွင်းအကျန်များ (သို့) မြေကြီးထဲတွင် အနည်းဆုံး (၁)နှစ်အထိ ရှင်သန်နိုင်သည်။ မှိုစပိုးများကို ညအခါ၌ ထုတ်လုပ်ပြီး နံနက် စိုထိုင်းဆနည်းသောအချိန်တွင် ထုတ် လွှတ်သည်။ ၄င်းမှိုစပိုးများအား လေ၊ မိုးရွာခြင်းနှင့် အင်းဆက်များမှတစ်ဆင့် ကျန်းမာသန်စွမ်းသော အပင်များဆီသို့ ကူးစက်ပျံ့နှံ့သည်။ အရွက်များအား ၄င်းရောဂါကူးစက်ရာတွင် မှိုစပိုးများသည် (၈) နာရီကြာ အစိုဓါတ်ရရှိလျှင် ပေါက်ပွားနိုင်သောကြောင့် နှင်းကျခြင်း (သို့) မိုးရွာခြင်းသည် ရောဂါဖြစ်ပွားမှုကို အားပေးသည်။ အရွက်ဟောင်းများ (အထူးသဖြင့် ကြက်သွန်လှေးပိုးတိုက်ခိုက်ခံရပြီးသော) သည် ၄င်းရောဂါကျရောက်မှု့ကို ခံနိုင်ရည်မဲ့သည်။ မျိုးစေ့ များပေါ်တွင် ၄င်းရောဂါကျရောက်တတ်သော်လည်း တွေ့ရှိရမှု့မှာ နည်းပါးနေပါသေးသည်။ 

     

    ကာကွယ်နှိမ်နင်းနည်းများ 

    ၁။ စိုက်ခင်းသို့ပြောင်းရွှေ့မစိုက်ခင် ပျိုးခင်းအားစစ်ဆေးပါ။ အစက်အပြောက်များပါရှိနေသော ပျိုးပင်များအား  

      ပြောင်းရွှေ့မစိုက်မီ ဖယ်ရှားပစ်ပါ။ 

    ၂။ ၄င်းရောဂါသည် အရွက်သစ်များထက် အရွက်ဟောင်းများအား ပို၍တိုက်ခိုက်သဖြင့် မိမိစိုက်ခင်းတွင် အရွက် 

       ‌‌‌ဟောင်းများ၌ ရောဂါကျရောက်မှုရှိမရှိ စောင့်ကြည့်စစ်‌ဆေးပါ။ 

    ၃။ မှိုစပိုးများကျရောက်မှုကို အထောက်အပံ့ဖြစ်စေသော အချိန်အတော်ကြာ အရွက်စိုစွတ်မှု့အား ရှောင်ကြဉ်ရန် 

      အပင်ပေါ်မှရေဖျန်းခြင်းထက် အစက်ချရေသွင်းခြင်းအား ကျင့်သုံးဆောင်ရွက်ပါ။ 

    ၄။ ကောင်းစွာခြောက်သွေ့၍ သန့်ရှင်းသည့်မျိုးများကိုသာ အသုံးပြုစိုက်ပျိုးပါ။ 

    ၅။ ရောဂါကျရောက်သည့်စိုက်ခင်းမှ ပင်ကြွင်းပင်ကျန်များကို ဖယ်ရှားဖျက်ဆီးပစ်ပါ။ 

    ၆။ နိုက်ထြိုဂျင်မြေဩဇာကို လွန်ကျူးစွာမသုံးပါနှင့်။ 

    ၇။ သီးနှံများကို အလှည့်ကျစိုက်ပျိုးပါ။ 

    ၈။ ရောဂါကျရောက်ပါက ပင်လုံးပြန့် မှိုသတ်ဆေးတစ်မျိုးမျိုးအား ဆေးဘူးပါအညွှန်းအတိုင်း စနစ်တကျ 

      လိုက်နာသုံးစွဲပါ။ 

     

    References 

    https://apps.lucidcentral.org/pppw_v10/text/web_full/entities/onion_purple_blotch_151.htm 

    https://www.greenlife.co.ke/purple-blotch-of-onion/ 

    https://plantwiseplusknowledgebank.org/doi/full/10.1079/pwkb.20187800471 

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes9comments0
views126views1555