cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကလောသီးနှင့် ကျန်းမာရေးအကြောင်း သိကောင်းစရာ

. ကျန်းမာရေးဆောင်းပါးများ
သေးငယ်၍ အဝါဖျော့ရောင်ရှိသည်၊ အနံ့မရှိ၊ တပေါင်းလနှင့်တန်ခူးလတွင် ပွင့်သည်။
  • မျိုးရင်း - Flacourtiaceae. (နရွဲမျိုးရင်း) 


    ရုက္ခဗေဒအမည် - Hydnocarpus kurzii Warburg 


    မြန်မာအမည် – ကလော 


    အပင်။ ။ အမြဲစိမ်းလန်းသော ပင်မတ်ပင်ကြီးမျိုးဖြစ်၏။(၅၀- ၈၀)ပေမြင့်၍၊လုံးပတ်(၂-၄)ပေရှိိ၏၊အကိုင်းများထိပ်ဖျား၌စုနေ၍အောက်သို့တွဲလောင်းဖြာကျသည်၊အခေါက်ညိုဝါရောင်၊ မီးခိုးရောင်ရှိ၍အဖြူကွက်ကလေးများပါရှိသည်။ 


    အရွက် ။ ။ ရွက်လွှဲထွက်သည်(၇- ၁၀)လက်မရှည်သည်၊ ရွက်ပြားသားရေကဲ့သို့ပြောင်ချောပြီးမာသည်၊ ရွက်ထိပ်ချွန်သည်၊ ရွက်ညှာရှည်၍ ရွက်နားလှိုင်းတွန့် ရှိသည်။ 


    အပွင့် ။ ။ သေးငယ်၍ အဝါဖျော့ရောင်ရှိသည်၊ အနံ့မရှိ၊ တပေါင်းလနှင့်တန်ခူးလတွင် ပွင့်သည်။ 


    အသီး ။ ။ ညိုဝါရောင်ရှိပြီး ကတ္တီပါကဲ့သို့ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်၊ အချင်း(၃) လက်မခန့်ရှိ၍ လုံးဝိုင်းသည်၊ ဝါဆိုလကုန်တွင် သီးသည်။ 


    အစေ့ ။ ။(၁)လက်မခန့်ရှိသောအစေ့များစွာပါရှိပြီးအသားပျော့ထဲတွင်နစ်မြုပ်နေသည်။ ၎င်းအစေ့မှကလောဆီကို ထုတ်ယူ၍ဆေးဝါးအဖြစ်သုံးကြသည်။ 


    ပေါက်ရောက်သည့်ဒေသ။ ။ ချင်းတွင်း၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ပျဉ်းမနားနှင့်အမြဲစိန်းလန်းသောသစ်တောများတွင်ပေါက်ရောက်သည်။ 


    ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် လျှိုမြောင်စိမ့်စမ်းရှိသော တောင်စောင်းများတွင်ပေါက်ရောက်သည်။ 


    အသုံးပြုသည့်အစိတ်အပိုင်း။ ။ အခေါက်၊ အသီး၊ အဆီ။ 


    အာနိသင် ။ ။ မြန်မာဆေးကျမ်းများအလိုအရပူ၏၊ခါးစပ်၏၊အန်စေသည်။ အဆိပ်ကိုပြေစေသည်၊ နာကျင်ကိုက်ခဲခြင်း နှင့်အစာမကြေလေရောဂါတို့ကို ပျောက်စေ၏၊ရောဂါပိုးများကိုနိုင်သည်။ 


    အသုံးပြုပုံမှာ - 


    အခေါက် - အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏။ 


    အသီး - ကလောသီးကိုစားပါက နူနာ၊ အပူကြောင့်ဖြစ်သောအနာ၊ အော့အန်သောအနာတို့ ပျောက်ကင်း၍ သွေးလေ သလိပ်တို့ကိုကြေစေသည်။ 


    အဆီ - (၁) ကလောအဆီကိုလိမ်းခြင်းဖြင့်နာကျင်ကိုက်ခဲခြင်းကိုပျောက်စေသည်။သွေးကိုသန့်ရှင်းစေသောသတ္တိရှိ၏။ 


    (၂) အဆီသည်ပူသဖြင့်ရောဂါပိုးမွှားများကိုသေစေသည်။ထို့ကြောင့် နူနာနှင့် အခြားအရေအပြားရောဂါများကို ကုသရာ၌အများဆုံးအသုံးပြုကြသည်။ 


    Source: DoA 




  • article
likes7comments0
views211views1239