မြန်မာတစ်ပြည်လုံးမှာ မြေမျိုးကြီး(၂၄)မျိုး
ရှိနေပေမဲ့ လက်ရှိအမှန်တကယ်
စိုက်ပျိုးရေးမှာအသုံးချနေတာကတော့
မြေမျိုးကြီး(၉)မျိုးပဲရှိပါတယ်..
- မြန်မာတစ်ပြည်လုံးမှာ မြေမျိုးကြီး(၂၄)မျိုး - ရှိနေပေမဲ့ လက်ရှိအမှန်တကယ် - စိုက်ပျိုးရေးမှာအသုံးချနေတာကတော့ - မြေမျိုးကြီး(၉)မျိုးပဲရှိပါတယ်.. - အခြား အသုံးမပြုသေးတဲ့ မြေမျိုးကြီး(၉)မျိုး - အထဲက ပြုပြင်အသုံးချလို့ ရနိုင်တဲ့မြေများကို ဘယ်လိုပြုပြင်သင့်ပြီး - ဘယ်လိုသီးနှံတွေစိုက်ပျိုးသင့်တယ် - ဆိုတာကိုလဲ လက်လှမ်းမှီသလောက် - တင်ပြပေးလိုက်ပါတယ်……… - ____________________________ - အဓိကမြေမျိုးကြီး(၉)မျိုး - ____________________________ - (၁)နီညိုတောမြေ - (Red Brown Forest) - ---------------------------- - အမြဲစိမ်းသစ်တောများရှိရာ ဝိတိုရိယအငူမှ - မော်လမြိုင်..နာဂရေအငူမှမြစ်ကြီးနားထိ - ကျယ်ပြန့်စွာတွေ့ရပြီး ရေစီးဆင်းမှုကောင်း - ၍ ပင်လယ်ရေမျက်နှာပြင်အထက် - ၁၀၀၀-၄၀၀၀ ပေကျော်အမြင့်တွင် - တွေ့ရသည်.. - မိုးရေချိန် - ၈၀-၂၀၀ လက္မ - မြေသားနုကြမ်း - အလယ်အလတ် - မြေစေးသမ - မြေချဉ်ငံကိန်း - 5.5-6.5 pH - မြေဆွေးပါဝင်မှု - နည်း - ရာဘာ သီဟိုသရက် နာနတ် - စသည့်သီးနှံများစိုက်ပျိုးလျက်ရှိပြီး - N အသင့်အတင့်နှင့် P အသင့်အတင့်မှ - များများဖြည့်ဆည်းပေးရန်လိုအပ်သည်.. - မြေတိုက်စားမှုကိုလဲကာကွယ်သင့်သည်.. - (၂) ဝါညိုတောမြေ - (Yellow Brown Forest) - -------------------------------- - ပဲခူးရိုးမ ရခိုင်ရိုးမ စသည့် - ၃၀၀-၁၅၀၀ ပေအတွင်းရှိ နိမ့်သော - တောင်ကုန်းများတွင်တွေ့ရသည်.. - မိုးရေချိန် - ၈၀-၂၀၀ လက္မ - မြေသားနုကြမ်း - သဲသမ-မြေစေးသမ - မြေချဉ်ငံကိန်း - 5.0-6.5 pH - မြေဆွေးပါဝင်မှု - အလယ်အလတ် - သစ်တော ဥယျာဉ်ခြံအဖြစ်အသုံးပြုလျက် - ရှိပြီး N အသင့်အတင့်နှင့် P အသင့်မှ - များများဖြည့်ဆည်းပေးရန်လိုအပ်သည်.. - မြေတိုက်စားခြင်းမှကာကွယ်ရမည်.. - (၃) ဂဝံမြေ - (Lateritic) - ------------------- - အောက်မြန်မာနိုင်ငံ (သို့) တောင်ဘက်ပိုင်း - တွင်တွေ့ရပြီး ပဲခူးရိုးမနှင့်တနင်္သာရီ - (အထူးသဖြင့် မော်လမြိုင်ဒေသ)တွင် - ဂဝံမြေများကို ပေ ၃၀၀ အောက်တွင် - တွေ့ရှိရသည်.. - မိုးရေချိန် - ၈၀-၂၀၀ လက္မ - မြေသားနုကြမ်း - သဲသမ - မြေချဉ်ငံကိန်း - 4.0-5.0 pH - မြေဆွေး - နိမ့် / နည်း - ရာဘာ သီဟိုဠ်သရက် ဥယျာဉ်ခြံ စိုက်ပျိုး - အသုံးပြုလျက်ရှိသည်..အာဟာရချို့တဲ့မှု - နှင့်ပြုပြင်ထိန်းသိမ်းရန်လုပ်ငန်းအထူး - အထွေမရှိပါ.. - (၄) မြေဝါသဲဝန်း - ( Cinamon ) - --------------------------- - အပူပိုင်းဇုံပတ်ဝန်းကျင်ဒေသများ ကုန်းမြင့် - ဒေသများနှင့် ဆက်နွှယ်၍တွေ့ရှိရသည်.. - အထူးသဖြင့် ပူအိုက်စွတ်စိုသော - ရာသီဥတုရှိသည့် မကွေး မန္တလေး စစ်ကိုင်း - ဒေသရှိ သစ်ကြံ့ပိုးရောင်မြေများကို - မြေဝါသဲဝန်းဟုခေါ်သည်.. - မိုးရေချိန် - ၄၀-၆၀ လက္မ - မြေသားနုကြမ်း - သဲသမ နုံးသမ - မြေချဉ်ငံကိန်း - 5.5-6.5 pH - မြေဆွေး - အလယ်အလတ် - ပဲမျိုးစုံ နှမ်း ပြောင်း ဝါ စသည့်ယာသီးနှံများ - စိုက်ပျိုးပြီး N နှင့် P များများဖြည့်ဆည်း - ပေးရန်လိုအပ်သည်..မြေတိုက်စားခြင်းမှ - ကာကွယ်ရန်လိုအပ်သည်.. - (၅) မြေနီသဲဝန်း - ( Savanna ) - ------------------------- - အပူပိုင်းဇုံဒေသများဖြစ်သည့် မိတ္ထီလာ - မြင်းခြံ မကွေး စစ်ကိုင်း နှင့် ရွှေဘိုဒေသ - များတွင်ထူးခြားစွာတွေ့ရှိရပြီး အချို့နေရာ - များတွင် ဆပ်ပြာပေါက်မြေ ဆားဆပ်ပြာ - ပေါက်မြေများနှင့်တွဲဖက်တွေ့ရသည်.. - မိုးရေချိန် - လက္မ ၄၀ အောက် - မြေသားနုကြမ်း - သဲသမ - မြေချဉ်ငံကိန်း - 7.0-8.5 pH - မြေဆွေးပါဝင်မှု - အလွန်ညံ့ - ပဲ ပြောင်း နှမ်း ဝါ မြေပဲ စသည့်ယာသီးနှံ - များနှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုး - ကြသည်.. N အသင့်အတင့်နှင့် - P အသင့့်မှများများဖြည့်ဆည်းရန်လိုသည် - မြေတိုက်စားခြင်းမှကာကွယ်ရမည်.. - (၆) စနယ်မြေ - ( Compact ) - ------------------------ - မြေနီသဲဝန်းကဲ့သို့ အပူပိုင်းဇုံဒေသများတွင် - တွေ့ရှိရပြီး ပေါက်ရောက်ပင်အများစုမှာ - ဆူးခြုံပင်များဖြစ်သည်..ရေ လေ တိုက်စား - မှုများပြီး အဟာရဓါတ်များအထူးဖြည့်တင်း - ပေးရန်လိုအပ်သည်.. - မိုးရေချိန် - ၄၀-၆၀ လက္မ - မြေသားနုကြမ်း - မြေစေးသမ - မြေချဉ်ငံကိန်း - 7.5-8.0 pH - မြေဆွေးပါဝင်မှု - အလွန်ညံ့ - လယ်ယာဥယျာဉ်သီးနှံများဖြစ်သည့် - စပါး ပဲ ပြောင်း ဝါ ကြံ ငရုတ် ဟင်းသီး - ဟင်းရွက်များစိုက်ပျိုးကြသည်.. - N အသင့်မှများများ - P အသင့်အတင့် - K နည်းနည်း ဖြည့်ဆည်းပေးရန်လို.. - ရေသွင်းစိုက်ပျိုးရန်နှင့်ရေနှုတ်မြောင်း - ဆောင်ရွက်ပြုပြင်ရန်လိုသည်.. - (၇) မြေနီ - ( Red Earth ) - ------------------------ - ရှမ်းကုန်းပြင်မြင့်တွင်တွေ့ရှိရပြီး ပင်လယ် - ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ နှင့် - အထက်တွင်တွေ့ရသည်..မြေသားအတိမ် - အနက် အလွန်ထူပြီး မြေသားအရောင် - တဆက်တစပ်တည်းတွေ့ရသည်.. - မိုးရေချိန် - ၆၀-၈၀ လက္မ - မြေသားနုကြမ်း - မြေစေးသမ - မြေချဉ်ငံကိန်း - 5.0-6.5 pH - မြေဆွေးပါဝင်မှု - အတော်အတန်များ - ပဲမျိုးစုံ မြေပဲ အာလူး ပြောင်းသီးနှံများ - စိုက်ပျိုးကြသည်.. N နှင့် P များများ - လိုအပ်သည်..တောင်ယာစနစ်အစား - လှေခါးထစ်စိုက်ပျိုးရေးတိုးချဲ့သင့်သည်.. - (၈) မြေဝါ - ( Yellow Earth ) - ------------------------- - ရှမ်းကုန်းပြင်မြင့်၏ အနိမ့်ပိုင်းဆင်ခြေလျော - တွင်တွေ့ရပြီး ဂဝံမြေနှင့်မြေနီကြားတွင် - နယ်နိမိတ်သဖွယ်ဖြစ်ပေါ်တည်ရှိသည် - ကိုတွေ့မြင်ရသည်.. - ပါဝင်သောအချက်အလက်များအားလုံး - မြေနီနှင့်ဆင်တူသည်.. - (၉) လယ်မြေ - ( Meadow ) - ------------------------- - မြန်မာနိုင်ငံ၏တောင်ဖက်ပိုင်း ဧရာဝတီ - ပဲခူး ရန်ကုန် တနင်္သာရီဒေသများတွင်၄င်း - ကမ်းရိုးတန်းဒေသများ(ရခိုင် တနင်္သာရီ မွန်)တို့တွင်၄င်း အပူပိုင်းဇုံမြေပြန့်ဒေသများ - တွင်၄င်း ရှမ်းပြည်နယ်နေရာအနှံ့အပြား - တွင်၄င်းတွေ့ရသည်.. - မိုးရေချိန် - ၂၀၀ လက္မအထက် - မြေသားနုကြမ်း - မြေစေး(အလွန်စေး) - မြေချဉ်ငံကိန်း - 4.5-6.0 pH - မြေဆွေးပါဝင်မှု - နည်း - စပါးနှင့်သီးထပ်ပဲမျိုးစုံနှမ်းစိုက်ကြသည်.. - အမိုးနီးယမ်းမြေသြဇာမကျွေးသင့်ပါ.. - P ဖြည့်ဆည်းသော်လည်းချို့တဲ့တတ်.. - pH5.5အောက်တွင် Al နှင့် Fe တို့က - P ကိုထိန်းချုပ်သဖြင့် ထုံးချပေးရန် - လိုအပ်သည်.. - Credit Than_Win_Agri 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
