cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
အနာဂတ်အလားအလာကောင်းနေသော မတ်ပဲနှင့် ပဲစင်းငုံဈေးဦးမော့ပြီး ပဲတီစိမ်းဈေး ငြိမ်နေ
  • အိန္ဒိယ၏ ဝယ်လိုအားနှင့် အနာဂတ်ဈေးကွက် အလားအလာကောင်းတွေကြောင့် ပြည်တွင်းဈေးကွက် တွင်မတ် ပဲနှင့် ပဲစင်းငုံ ဈေးနှုန်းများ ဦးမော့နေသော်လည်း ပဲတီစိမ်းက တက်ဈေးမှာ အနည်းငယ် တည်ငြိမ်နေပါ တယ်။


    မတ်ပဲဈေးကွက်


    မတ်ပဲကတော့ ပြီးခဲ့တဲ့ ရက်က အိန္ဒိယဘက်က ဝယ်လိုအားလိုက်တာကြောင့် မတ်ပဲတစ်တန်ကို သိန်း ၃၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ပိတ်ရက်များကြောင့် အိန္ဒိယ ဝယ်အားအနည်းငယ်လျော့သဖြင့် ပြည်တွင်းဈေးအနည်းငယ်အေးပါတယ်။


    သို့သော် မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၅အထိ တိုးမြှင့်ခွင့်ပြုမယ်လို့ ကြေငြာချက် ကြောင့် ရှေ့အလားအလာကောင်းတွေရှိနေပါတယ်။




    မန်းတစ်လေးဈေးကွက်မှာတော့ ပိဿာ ၆၀ တစ် အိတ် ကို ပဲ အသစ်က ၂၁၀၀၀၀ မှ ၂၈၃၀၀၀ ကျပ်ရှိပြီး မတ်ပဲ အဟောင်းက ၂၉၀၀၀၀ ကျပ်ရှိပြီး နယ်ဈေး ကွက်မှာတော့ ပိဿာ ၂၀ တစ်တင်းကို ၉၆၀၀၀ ကျပ်ရှိနေပါတယ်။


    အိန္ဒိယက သူတို့နိုင်ငံရဲ့ ရာသီဥတုဖောက်ပြန်ခြင်း၊ ပဲထွက်နှုန်းတိုးပေမယ့်လည်း မျှော်မှန်းအထွက်နှုန်း ထက် လျော့နည်းခြင်းကြောင့် မတ်ပဲကို မြန်မာကနေ ဝယ်ယူ တင်သွင်းရမှာဖြစ်လို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အ တွင်း မှာ မြန်မာမတ်ပဲတန်ချိန် ၂.၅ သိန်း ဝယ်ယူဖို့ MOU ရေးထိုးထားပါတယ်။


    ထို့အပြင် နောက်ထပ် မတ်ပဲတန်ချိန်အများအပြား ဝယ်ယူဖို့လည်း စီစဉ်နေတာကြောင့်ပြည်တွင်း မတ်ပဲဈေးနှုန်း က တနိုင်ငံလုံးအတိုင်း အတာ မတ်ပဲအသစ်ပေါ်ပါ ကလည်း မတ်ပဲ ၁ တင်းကို အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉ သောင်း ဝန်း အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ကုန်သည်တွေက ခန့်မှန်း ထား ကြပါတယ်။


    ပဲစဉ်းငုံဈေးကွက်


    ပြည်တွင်းပဲစဉ်းငုံက ဒီဇင်ဘာလ တတိယပတ်အထိ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ကျပ် သိန်း ၃၁ဝန်း ကျင် နဲ့ငြိမ်နေရာကနေ ဒီဇင်ဘာ ၂၃ ရက်မှာ တစ်တန်ကို ၃၃၅၀၀၀၀ အထိ ဈေးတက်လာပြီး လက်ရှိမှာ တော့ဈေးက ပြန်ကျသွားပါတယ်။


    လက်ရှိ ရန်ကုန်ဈေးကွက်မှာ ပဲစဉ်းငုံ တစ်တန်ကို ၃၂၈၀၀၀၀ ကျပ်ရှိလို့ အရင်ရက်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀၀ လောက်ပြန် ကျသွားတာဖြစ်တယ်လို့သိရပါတယ်။


    ပဲစဉ်းငုံဈေး တောက်လျှောက်ဈေးတက်လာပြီး လတ်တလောမှာ ပြန်ကျသွားပေမယ့်လည်း တစ်တင်း ကို၁သိန်းအောက်နူန်းထက်ကျဆင်းနိုင်ချေမရှိဘူးလို့သုံးသပ်ကြပါတယ်။


    အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်အရ မြန်မာနိုင်ငံကနေ ပဲစဉ်းငုံတန်ချိန် ၁ သိန်းကို ဝယ်ယူတင်သွင်း ဖို့ မြန်မာ နိုင် ငံနဲ့ MoU လက်မှတ်ရေးထိုးထားတာရှိတဲ့အပြင် နောက်ထပ်လည်း တိုးပြီးဝယ်ယူဖို့ ရှိတာ ကြောင့် မြန်မာ့ ပဲစဉ်းငုံ နီဈေးက တစ်တန်ကို သိန်း ၃၀ အောက်အထိ ဈေးတန်းပြုတ်ကျနိုင်ဖွယ် မရှိဘူး လို့ သုံးသပ် ကြတာ ဖြစ် ပါတယ်။


    လက်ရှိမှာတော့ ပဲစဉ်းငုံနီက လက်ကျန်နည်းနေပြီး ပဲအသစ်တွေ ဈေးကွက်ထဲကို စတင်ဝင်ရောက် နေပြီ ဖြစ်ပါတယ်။


    ပဲတီစိမ်းဈေးကွက်


     ပဲတီစိမ်းကတော့ မန္တလေး ဈေးကွက်မှာ ဈေးနူန်း ဆက်တိုက် တက်လာ သလို ရန်ကုန်ဈေးကွက်မှာ လည်း ပဲတီစိမ်း ပဲခူးရွှေဝါက ဈေးတက်လာပြီး ကျန်တဲ့ ပဲတီစိမ်း (ခရမ်းရွှေဝါ) ၊ ပဲတီစိမ်း ( ဝါးခယ်မ)က ဈေးငြိမ်နေပါ တယ်။


    မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန် ဝယ်လက်တွေနဲ့ တရုတ် ဘက်ကအဝယ် လိုက်လာတာ ကြောင့် ပဲတီစိမ်း အသစ် ၊ အဟောင်း ဈေးတွေ ဆက်တိုက်မြင့် တက်လာနေတာဖြစ် တယ်လို့သိရ ပါတယ်။

    လက်ရှိ မန္တလေး ဈေးကွက်မှာ ပဲတီစိမ်း အညာ ၅၆.၂၅ တစ်အိတ်ကို အသစ်က ၁၇၀၀၀၀ ကျပ်မှ ၁၈၅၀၀၀ ကျပ်ဈေး ပေါက်လာပြီး ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်ဈေးတက်လာ ပဲတီစိမ်း အဟောင်းက လည်း ၁၄၀၀၀၀ ကျပ် မှ ၁၆၅၀၀၀ ကျပ် ဈေးပေါက်လာတာကြောင့် ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဈေးတက် လာပါတယ်။


    ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၇၅၀ ကျပ်မှာ ဆက်ရှိပြီး ပဲတီစိမ်း (ပဲခူး ရွှေဝါ) က တော့ ၃၅၈၀ ကျပ်ရှိရာကနေ တစ်ပိဿာ ၃၆၆၅ ကျပ်ဈေးပေါက်လာလို့ ၈၅ ကျပ်ထပ်တက်လာပြီး ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၃၀ ကျပ် မှ ၃၃၃၅ ကျပ်သာရှိ တယ်လို့သိရပါတယ်။


    ပဲတီစိမ်းက တရုတ်နိုင်ငံကိုသာအဓိကတင်ပို့ရတာဖြစ်ပြီး ဥရောပနိုင်ငံက ဝယ်ယူမှုနည်းတာကြောင့် တရုတ်ကို ပဲအားကိုး ရလို့ ပဲတီစိမ်း ဈေးက အများကြီးတက်တဲ့အခြေအ နေမရှိဘဲဖြစ်နေ တာဖြစ်ပါ တယ်။


     ပြည်တွင်းပဲတီစိမ်း က လက်ရှိမှာ အညာဘက်က ပဲအသစ်တွေ ပေါ်နေပြီး မန္တလေးဈေးကွက်ကို ဝင်ရောက်နေပြီး တရုတ်ဝယ် လက် နဲ့ ရန်ကုန်ဝယ်လက်တွေကဝယ်ယူမှုရှိနေလို့ ဈေးတက်လာတာဖြစ် ပါတယ်။


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download



  • article
likes7comments0
views103views953