cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တညင်းပင်စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
တညင်းသီးကို ဆားရည်မှာ ကြာကြာ စိမ်ပြီး စားရင်တော့ အဆိပ်တွေက ဆားရည်ထဲမှာ အလွယ်တကူ ပျော်ဝင်သွားနိုင်လို့ လူကို အဆိပ်ဖြစ်စေနိုင်မှု အနည်းငယ်တော့ လျော့သွားနိုင်ပါတယ်။
  • မြန်မာအမည် -တညင်း

    အင်္ဂလိပ်အမည် -Djenkol Bean

    ရုက္ခဗေဒအမည် -Pithe cellobium labatum

    မျိုးရင်းအမည် -Mimosaceae

    တညင်းသီးဟာဆိုရင် လူကို အကျိုးပြူနိုင်တဲ့ ဗီတာမင်ဓာတ် အာဟာရပါဝင်မှု မရှိသော်လည်း လူကို ဒုက္ခ ဖြစ်စေနိုင်သော အဆိပ်ဓာတ်ပါဝင်မှု ဝ.၃ ကနေ ၁.၃ ထိ ပါဝင်ပါတယ်။ ဒါပေမဲ့လဲ မြန်မာနိုင်ငံမှာ တညင်းသီးကို ပြုတ်ပီးတော့ လည်းကောင်း ၊ ဆားရည်စိမ်ပြီးတော့ လည်းကောင်း ၊ ကြော်ပီးတော့ လည်းကောင်း ၊ အစိမ်း စားပြီး လည်းကောင်း အမျိုးမျိုး စားသုံးလေ့ရှိပါတယ်။

    တညင်းသီးကို ဆားရည်မှာ ကြာကြာ စိမ်ပြီး စားရင်တော့ အဆိပ်တွေက ဆားရည်ထဲမှာ အလွယ်တကူ ပျော်ဝင်သွားနိုင်လို့ လူကို အဆိပ်ဖြစ်စေနိုင်မှု အနည်းငယ်တော့ လျော့သွားနိုင်ပါတယ်။ ဒါကြောင့် လူအများစု ယခုချိန်ထိ စားသုံးလျက်ရှိသော တညင်းသီး စိုက်ပျိုးနည်း အကြောင်း ဒီတပတ်မှာ ဖော်ပြပေးလိုက်ပါတယ်။

    ➤တညင်းမျိုးများ

    အသီးအရွယ်အစားကိုလိုက်၍

    ၁။တညင်းကြီး

    ၂။စာကလေးတညင်းဟူ၍လည်းကောင်း

    ➤ဒေသကိုလိုက်၍

    ၁။မြေပြန့်တညင်း

    (မြောင်းမြတညင်း၊ပေါင်တညင်း)

    ၂။တောင်ပေါ်တညင်း

    (ကျေးတောင်တညင်း၊မြစ်ကြီးနား၊နောင်ချိုတညင်း)

    ဟူ၍လည်းကောင်းခွဲခြားထားသည်။

    ➤စိုက်ပျိုးသည့်ဒေသများ

    ကချင်ပြည်နယ်၊မွန်ပြည်နယ်၊ကယားပြည်နယ်၊တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊ရှမ်းပြည်နယ်(နောင်ချို)မန္တလေးတိုင်း(ပြင်ဦးလွင်)တို့တွင်စိုက်ပျိုးသည်။

    ➤ရေမြေရာသီဥတု

    အောက်ခံဂဝံမြေနှင့်သဲနုန်းမြေတို့သည်တညင်းပင်အတွက်အသင့်တော်ဆုံးဖြစ်သည်။

    ပူအိုက်စွတ်စိုသောရာသီဥတုနှင့်အပူအအေးကွာခြားမှုရှိသောရာသီဥတုကိုနှစ်သက်သည်။

    မိုးရေချိန်(၁၀၀-၂၀၀)လက်မအတွင်းစိုက်ပျိုးဖြစ်ထွန်းသည်။

    ➤မြေပြုပြင်ခြင်း

    မြေကိုအထူးထွန်ယက်ရန်မလိုအပ်ပေ။စိုက်ကျင်းကို(၄)ပေပတ်လည်(သို့မဟုတ်)(၅)ပေပတ်လည်တူးကာကျင်းထဲသို့အပေါ်ယံမြေ၊သဲ၊နွားချေးနှင့်သဘာဝမြေသြဇာတို့ကို

    ဆတူရော၍ဖို့ပေးရပါမည်။

    ➤ပျိုးထောင်နည်း

    တညင်းသီးအရင့်များကိုအရိပ်အောက်တွင်တစ်လခန့်ဖြန့်ခင်းထားပြီးသဲနှင့်နွားချေး-(၃:၁)ရောထားသောပျိုးဘောင်ကိုရေဝအောင်လောင်းပြီးတညင်းသီးများကိုစီရီချထားခြင်းဖြင့်အစို့ထွက်လာပါသည်။အစို့ထွက်သည်အထိ ရေဝအောင်လောင်းပေးရပါမည်။

    အချို့ကရေစပ်စပ်စိမ်ပြီးတညင်းဝက်ဖြစ်မှ

    ဘောင်ချစိုက်လေ့ရှိကြသည်။

    ➤စိုက်ပျိုးနည်း

    တညင်းပင်သည်အထနှေးသောကြောင့်(၄-၅)နှစ်စောင့်ရခြင်း၊ရွက်အုပ်ထူလွန်းသဖြင့်အပင်ကြီးလာပါကကြားသီးနှံစိုက်ရန်ခက်သဖြင့်

    သီးညှပ်ဖြစ်စေ၊အရိပ်ပင်အဖြစ်ဖြစ်စေစိုက်လေ့ရှိပါသည်။

    သီးသန့်စိုက်ရမည်ဆိုပါက(၃၀×၃၀)ပေထားပြီး

    နှစ်တိုပင်များဖြင့်ရောစိုက်ကတစ်ဧက၄၈ပင်ထားသင့်ပါသည်။

    ➤ဓာတ်မြေသြဇာကျွေးခြင်း

    သဘာဝမြေသြဇာကိုအနှစ်သက်ဆုံးဖြစ်ကာအပင်ငယ်လျှင်သစ်ရွက်ဆွေးနှင့်နွားချေးတစ်ပင်လျှင်(၂)တင်းနှုန်း၊အခြားသဘာဝဓာတ်မြေသြဇာတင်းဝက်ခန့်ထပ်ထည့်ပေးသင့်သည်။

    အပင်ကြီးလာသည်နှင့်မြေသြဇာကို

    (၅-၁၀)ဆခန့်အထိတိုးပေးသင့်ပါသည်။

    ➤အပင်ပြုစုနည်း

    တညင်းပင်၏ကိုင်းခြောက်၊ကိုင်းနား၊ကိုင်းညှပ်များကိုဖြတ်ပေးသင့်သော်လည်းသရက်ပင်ကဲ့သို့ကိုင်းဖျားတွင်အညွန့်နှင့်အတူအဖူးဖူးကာသီးလေ့ရှိသဖြင့်မလိုအပ်ဘဲခုတ်ထွင်ဖြတ်တောက်ခြင်းမပြုသင့်ပါ။

    မိုးရာသီတွင်ပင်ခြေကိုရှင်းကာနွေရာသီတွင်အစိုဓာတ်ရရန်မြက်ခြောက်များအုပ်ပေးသင့်ပါသည်။

    ➤အထွက်နှုန်း

    တညင်းသီးအပင်မှတစ်ပင်လျှင်

    အသီး( ၃၀၀၀ မှ ၅၀၀၀ )အထိသီးနိုင်ပါသည်။

    Source: သစ်သီးဝလံစိုက်ပျိုးနည်း


  • article
likes8comments0
views223views1386