cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

🦐ပုစွန်တို့ အခွံလဲခြင်း အကြောင်းအရင်း

. ငါးမွေးမြူရေးလမ်းညွှန်
ပုစွန်ကြော့ကြီးထွားမှုမြန်လေ အခွံလဲနှုန်း လျော့သွားလေဖြစ်သည်။ ပုစွန်ခန္ဓာကိုယ်သေးငယ်စဉ် အခွံလဲသည့် ကြိမ်ရေ များလေဖြစ်၏။
  •  


    ပုစွန်ခန္ဓာကိုယ် ကြီးထွားခြင်း ကြောင့် အခွံလဲခြင်းဖြစ်သည်။ 

     

    သေးငယ်သောအခွံဟောင်းကို ကြီးထွားလာသော ခန္ဓာကိုယ်နှင့် ကိုက်ညီအောင် အခွံသစ်လဲပေးခြင်းဖြင့် ပုစွန်ခန္ဓာ ကိုယ်အစိတ်အပိုင်းအားလုံး ကြီးထွားလေ့ရှိသည်။ 

     

    လပြည့်နှင့် ၁၄ ရက်မြောက် လကွယ်ညများသည် ပုစွန်အခွံလဲမှုဖြစ်ပေါလေ့ရှိသည်။ 

     

    🦐အခွံလဲနှုန်း သည် ရေအပူချိန်၊ ရေပတ်ဝန်းကျင်နှင့် အစာရရှိမှုအပေါ်မူတည်ခြင်း 

     

    (ရေအပူချိန် ၂၈-၃၀ ဒီဂရီစင်တီဂရိတ်တွင် တည်ရှိခြင်း၊ သိုမဟုတ် အောက်စီဂျင်၊ ကယ်လဆီယမ်၊ အမိုးနီးယား စသည်တို့ သင့်လျော်သည့်အဆင့်အထိ ပျော်ဝင်မှုရှိခြင်း၊ ရေပတ်ဝန်းကျင်အခြေ အနေကောင်းမွန်နေခြင်း၊ ကန် အတွင်းရှိ ပုစွန်အစာ၏အရည်အသွေးကောင်းမွန်နေလျှင် ပုစွန်အခွံလဲကြိမ် ပို၍ ဖြစ်ပေါ်နိုင်သည်။ 

     

    🦐ပုစွန်သည် မည်သည့် အချိန်တွင် အခွံလဲလေ့ရှိသလဲ။ 

     

    အများအားဖြင့် ညအချိန်တွင် ပုစွန်အခွံလဲလေ့ရှိသည်။ 

     

    ပုစွန်သားလောင်း အဆင့်တွင် အခွံသစ်သည် မာကျောလာရန် နာရီအနည်းငယ် လိုအပ်ပြီး၊ အရွယ် ရောက်သောအဆင့်တွင် ၁ ရက် ၂ ရက် ကြာတတ်၏။ အခွံသစ် ပျော့ပျောင်းနေစဉ် ပုစွန်၏ခန္ဓာကိုယ်သည် ကြီးထွားဖွံဖြိုးရသည်။ 

    ပုစွန်ကြော့ကြီးထွားမှုမြန်လေ အခွံလဲနှုန်း လျော့သွားလေဖြစ်သည်။ ပုစွန်ခန္ဓာကိုယ်သေးငယ်စဉ် အခွံလဲသည့် ကြိမ်ရေ များလေဖြစ်၏။ 

     

    🦐အခွံလဲပြီး ပြုစုစောင့်ရှောက်ခြင်း 

     

    အခွံလဲပြီးနောက် ပုစွန်ကြော့၏ ခန္ဓာကိုယ်မှာ ပျော့ပျောင်းပြီး၊ ချိနဲ့လာသည်။ အကယ်၍ ထိုအချိန်မျိုး၌ အထူးကာကွယ် စောင့်ရှောက်မှု မပြုပါက၊ အခွံလဲပြီးစ ပုစွန်ကြော့သည် အခြားပုစွန်များ (သို့) အခြားအသားစားသတ္တဝါများ၏တိုက်ခိုက် မှုကို ခံရတတ်သည်။ ထို့ကြောင့် အခွံလဲပြီးစ ပုစွန်ကြော့ ပုန်းခိုနိုင်မည့် အကွယ် အကာကောင်းများ စီစဉ်ထားရှိပေးရမည်။ 

     

    ထိုအကာအကွယ်မျိုး ဖန်တီး ပေးထားလျှင် အခွံလဲပြီးစ ပုစွန်ကြော့သည် ထိုနေရာအတွင်း ပုန်းခို နားနေကာ မိမိကိုယ်ကို ကာကွယ်နိုင်၏။ ထိုသို့ ပုန်းခိုခြင်းဖြင့် သူ့ကိုယ်ပေါ်ရှိ အခွံနုလည်း မာကျောခွင့်ရနိုင်၏။ 

    ------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
likes9comments0
views133views2674