cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းစျေးတက်လာပေမယ့် စိုက်ပျိုးစရိတ်နဲ့အထွက်နူန်းလျော့လို့ တောင်သူတွေအကျိုးအမြတ်မရရှိသေး

. ဈေးကွက်
ပြောင်းဆံ စျေးနူန်းတက်လာပေမယ့်လည်း စိုက်ပျိုး ရိတ်ခြွေ စရိတ်မြင့်ခြင်းနဲ့ ပြောင်းဆံ အထွက်နူန်း လျော့ကျခြင်းကြောင့် တောင်သူတွေမှာ အကျိုးအမြတ်မရရှိဘဲဖြစ်နေတယ်လို့သိရပါတယ်။
  • လက်ရှိမှာ ပြောင်းစျေးက ရန်ကုန်အစာစပ်စက်ရုံအရောက်စျေး တစ်ပိဿာကို ၁၁၈၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရှိသော်လည်း ပြောင်းစိုက်ပျိုးရာ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းမှာတော့ အစိုဓာတ် ၁၅ % ရှိပြောင်းဆံတစ်ပိဿာကို ၉၀၀ ကျပ် ၉၅၀ ကျပ်ဝန်းကျင်သာ စျေးပေါက်နေတယ်လို့သိရပါတယ်။

    ရန်ကုန်အရောက် ပြောင်းဆံ စျေးမြင့်တက် လာမှုနဲ့အတူ ရှမ်းတောင်မှ ရန်ကုန်ကို ပြောင်းသယ်ယူပို့ဆောင်ရေးစရိတ်တွေကလည်း တစ်ပိဿာကို အနိမ့်ဆုံး ၁၃၀ ကျပ်မှ ၂၀၀ ကျော်အထိ ေနရာဒေသအပေါ်လိုက်ပြီး စျေးနူန်း မြင့်တက်လာတာကြောင့် တောင်သူတွေမှာ ပြောင်းဆံစျေးတက်တဲ့အပေါ် အကျိုးအမြတ် မခံစားရတဲ့သဘောဖြစ်နေတာ ဖြစ်ပါတယ်။

    " အခုက သယ်ယူပို့ဆောင်ရေး စရိတ်တွေမြင့်လာတော့ ထင်သလောက်စျေးမရကြဘူး။ရှမ်းမြောက်ဘက်ဆိုပိုဆိုးတယ်၊သယ်ယူစရိတ်မြင့်တော့ ပြောင်းစျေးကထင်သလောက်မတက်ပေးကြဘူးပေါ့ " လို့ ပြောင်းကုန်သည် တစ်ဦးကပြောပါတယ်။

    ပြောင်းစိုက်တောင်သူတွေအနေနဲ့ မိုး ပြောင်းစိုက်ပျိုးရာမှာ အလုပ်သမားငှားရမ်းခနူန်းထား ၊ မြေဩဇာ ၊ စိုက်ပျိုးရေးသွင်းအားစု၊ပြောင်းဆံ မျိုးဝယ်ယူရတဲ့နူန်း ၊ စက်သုံးဆီ ၊ ယာမြေထွန်ယက်ခနူန်းထား စတဲ့အ ထွထွေကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် မိုးပြောင်း စိုက်ပျိုးမှုကုန်ကျစရိတ်က မြင့်တက်လာ တယ်လို့သိရပါတယ်။

    ပြောင်း တစ်ဧကကို စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းပြီး ပြောင်းဆံဖြစ်တဲ့အထိ တစ်ဧကကို အနည်းဆုံး ၈ သိန်းကျပ်ကုန်ကျပြီး ပြောင်းဆံ အထွက်နူန်းမှာ ပိဿာ ၈၀၀ လောက်သာထွက်ရှိတယ်လို့သိရပါတယ်။

    Chit Khon Cho (AMIA)


  • article
likes7comments1
views177views1122