cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေချိုပုစွန်ထုတ်ကြီး၏ လက္ခဏာများ

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
စီးပွားဖြစ် မွေးမြူရန်အတွက် အရေးပါသော မျိုးစိတ်ပေါင်း (၄၉)မျိုးရှိသည်။ ယင်းမျိုးစိတ်များမှာ အာရှတွင် မျိုးစိတ်ပေါင်း (၂၁)မျိုး ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံ မြစ်ချောင်းများတွင် တွေ့ရသော မျိုးစိတ်မှာ ( Macrobrachiuna rosenberjii) ဖြစ်ပြီး Local Name အရ Giant Freshwater Prawn ဟုခေါ်ဆိုကြပါ သည်။
  •  ရေချိုပုစွန်ထုတ်ကြီးကို သီးခြားမွေးမြူကြသလို အချို့သော ငါးမွေးတောင်သူများသည် ငါးနှင့် ရေချို ပုစွန်ထုတ်ကြီးကို တွဲဖက်မွေးမြူကြသည်ကို တွေ့ရှိရပါသည်။ အချို့သော တောင်သူများသည် သဘာဝမှ ဖမ်းဆီးရမိသော ရေချိုပုစွန်ထုတ် (၁)လက်မ၊ (၂)လက်မအရွယ်များကို ထည့်သွင်းမွေးမြူကြသည်လည်း ရှိပါ သည်။ 

     ရေချိုပုစွန်ထုတ်ကြီး၏ မျိုးရင်းမှာ (macrobrachiuna) ဖြစ်ပြီး မျိုးစိတ်ပေါင်း(၁၀၀)ကျော်ရှိသည်။ စီးပွားဖြစ် မွေးမြူရန်အတွက် အရေးပါသော မျိုးစိတ်ပေါင်း (၄၉)မျိုးရှိသည်။ ယင်းမျိုးစိတ်များမှာ အာရှတွင် မျိုးစိတ်ပေါင်း (၂၁)မျိုး ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံ မြစ်ချောင်းများတွင် တွေ့ရသော မျိုးစိတ်မှာ ( Macrobrachiuna rosenberjii) ဖြစ်ပြီး Local Name အရ Giant Freshwater Prawn ဟုခေါ်ဆိုကြပါ သည်။

     ရေချိုပုစွန်ထုတ်ကြီး၏ ပြင်ပလက္ခဏာမှာ အောက်ပါအတိုင်းတွေ့ရှိရပါသည်-

     ပထမနှင့် ဒုတိယခြေသည် ညှပ်သည့်အနေဖြင့် ရှိသည်။

     ဉီးချိုမှာအလယ် ခွက်နေပြီး အဖျားသို့ ကော့သွားသည်။

     ဉီးချိုသွား ပုံသေနည်းမှာ အပေါ်/ အောက် = ၁၁-၁၄/ ၈-၁၃

     ဒုတိယဝမ်းဗိုက် အဆစ်ခွံမှာ ပထမနှင့် ဒုတိယ ဝမ်းဗိုက်အဆစ်ခွံများကို ဖုံးအုပ်ထားသည်။

    အထီး၏လက္ခဏာများမှာ-

     ဉီးခေါင်ခွံ ကြီးမားသည်။

     ဒုတိယခြေမှာ ရှည်လျှားတောင့်တင်းသည်။

     ဝမ်းဗိုက် အဆစ်ခွံမှာ သေးငယ်ပြီး ၊ ပထမကိုယ်အဆစ် ဝမ်းဘက်တွင် အဖုတစ်ခုရှိသည်။

     ဒုတိယရေယက်တွင် (Musculina Intenna) ခေါ် အဂါ တက်တစ်ခု ပါရှိသည်။

     အထီးမျိုးပွားပေါက်သည် ပထမ ခြေအရင်းတွင် ရှိသည်။

    အမ၏လက္ခဏာများမှာ-

     ဉီးခေါင်းခွံ သေးငယ်သည်။

     ဒုတိယခြေမှာ သေးငယ်ပြီး လုံချောပုံဖြစ်သည်။

     ဝမ်းဗိုက် အောက်ဖက်တွင် ဉလှောင်နေရာ (Brood Chamber)အဖြစ် ကျယ်ပြန့်ကားသည်။

     သက်ကြီးကောင် အမတွင် ဦးခေါင်ခွံထဲ၌ ဥများတွေ့ရသည်။

     အမ၏ မျိုးပွားပေါက်သည် တတိယ ခြေအတွင်းတွင်ရှိသည်။

     ပဉ္စမခြေကြားတွင် သုတ်လက်ခံနေရာ (Sperm receptical) ရှိသည်။

    ဦးဆန်းအောင်(ထွက်တိုး)

    ---------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 



  • article
  • article
  • article
  • article
likes15comments0
views245views2743