cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိမ်ခြံဝန်းသီးနှံ စနစ်တကျ စိုက်ပျိုးနည်း

. အိမ်တွင်းဥယျာဉ်
အိမ်ခြံဝန်းသီးနှံစနစ်တကျစိုက်ပျိုးရေးဆိုသည်မှာ တစ်အိမ်နှင့် တစ်အိမ်အကြား၊ လမ်းနှင့်အိမ်အကြား ခြံစည်းရိုးအဖြစ် ခြားနားကာရံစိုက်ပျိုးထားခြင်း၊ မြေကွက်လပ်မြေပိုများတွင် စားသုံးနိုင်သော သီးနှံပင်များစိုက်ပျိုးခြင်း တို့ဖြစ်ပါသည်။
  • စိုက်ပျိုးရာတွင် တစ်နှစ်ပတ်လုံး ခူးဆွတ်စားသုံးနိုင်သောအပင်များ၊ ရာသီအလိုက် စားသုံးရသောသီးနှံပင်များ၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွေးအကြိုင်အပင်များနှင့် ဆေးဖက်ဝင်အပင်မျိုးများ စသည်တို့ကို စိုက်ပျိုးကြခြင်းဖြစ်သည်။


    မိမိနေအိမ်ခြံဝင်းအတွင်း ရာသီအလိုက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး မြေလွတ်မြေလပ်ကျယ်ကျယ်ရှိသော တောင်သူမိသားစုများ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှု ပြုလုပ်လာကြပါသည်။ အိမ်ခြံဝန်းသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုမီးဖိုချောင်စားစရိတ် သက်သာခြင်း၊ အပိုဝင်ငွေတိုးစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ခြင်းနှင့် မိသားစုကျန်းမာရေးအတွက် အထောက်အကူဖြစ်စေ ခြင်း၊ စိတ်ချမ်းမြေ့ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်း၊ စိတ်ကျေနပ်မှုရရှိခြင်း၊ မိသားစုအားလပ်ချိန် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ချစ်ခင်ရင်းနှီးမှု၊ နွေးထွေးမှုဆက်ဆံရေး တိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ပါသည်။ သစ်သီးဝလံအပင်များအနက် ပြုစုရန် လွယ်ကူပြီး အကြမ်းခံကာ ဒေသမှာလည်း ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းစိုက်ပျိုးနိုင်မည့် အပင်များကို ရွေးချယ်ပြီး စိုက်ပျိုးနိုင်ပါသည်။ နှစ်ရှည်စားသုံးသီးနှံအပင်အဖြစ် သရက်ပင်၊ ကင်ပွန်းချည်ပင်၊ ဆူးပုပ်ပင်၊ ပေါက်ပန်းဖြူ/နီ ပင်၊ ဒန့်သလွန်ပင်၊ မန်ကျည်းပင်၊ ငှက်ပျောပင်၊ သလဲပင်၊ သင်္ဘောပင်စသည်တို့ကို စိုက်ပျိုး နိုင်ပါသည်။ အေးမြသောရာသီဥတုရှိသော ဒေသများတွင် ထောပတ်ပင်၊ လိမ္မော်ပင်ကဲ့သို့သော သစ်သီးပင်များလည်းစိုက်ပျိုးနိုင်ပါသည်။


    ရာသီဟင်းရွက်များမှာ ဟင်းနုနွယ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညှင်း၊ အသီးစားဟင်းသီး ဟင်းရွက်များမှာ ဘူး၊ ခရမ်း၊ သခွား၊ ဖရုံ၊ ကင်းပွန်၊ ပဲတောင့်ရှည်စသည့် နွယ်တက်သော အပင်များကိုလည်း တိုင်များ၊ တန်းများဖြင့် စိုက်ပျိုးနိုင်သကဲ့သို့ ခြံစည်းရိုးများပေါ်နွယ်တက်စေခြင်းနှင့် အဆောက်အဦးအမိုးပေါ်သို့ တွယ်တက်စေခြင်းဖြင့်လည်း မြေကိုအကျိုးရှိရှိ အသုံးချစိုက်ပျိုးနိုင်ပါသည်။ ဟင်းခတ်အမွေးအကြိုင်ဖြစ်သော ပင်စိမ်း၊ ရှမ်းနံနံ၊ စပါးလင်၊ ပူစီနံ၊ ကြက်သွန်မိတ်၊ ပျဉ်းတော်သိမ် စသည်တို့ကိုလည်း စိုက်ပျိုးနိုင်ပါသည်။


    ဓာတု၊ ဓာတ်မြေဩဇာများအစား သဘာဝမြေဩဇာများကိုသာ ပြုလုပ်သုံးစွဲရမည်လည်းဖြစ်ပါသည်။ စားသုံးမည့်မိသားစုများ၏ ကျန်းမာရေးအတွက် စိတ်ချရသော နွားချေး၊ ကြက်ချေးစသည့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ သစ်ဆွေးများစသည့် သဘာဝမြေဩဇာများကိုသာ အတတ်နိုင်ဆုံး ပြု့လုပ်သုံးစွဲပေးသင့်ပါသည်။ ပိုး၊ ရောဂါ ကျရောက်ပါက ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို သုံစွဲခြင်းမပြုဘဲ သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုသာ အသုံးပြုသင့်ပါသည်။ စီးပွားဖြစ် စိုက်ပျိုးပါက မဖြစ်မနေ ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေးအသုံးပြုမည် ဆိုပါက စနစ်တကျ ဆေးညွှန်းကိုလိုက်နာရပါမည်။ မြန်မာစာ အညွှန်းပါသောဆေးကိုသာ သုံးရန်နှင့် အညွှန်းပါသော အချက်များကိုလိုက်နာရန် (အချိန်၊နှုန်းထား၊ အကြိမ် အရေအတွက်) တို့ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။


    DOCA (ကယား)

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes25comments0
views358views2275