cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဈေးကွက်သုံးသပ်ချက်

. သီးနှံဈေးကွက်သတင်း
နှစ်စမှာ ပဲစဥ်းငုံနီ စျေးနူန်း မြင့်တက်လာပြီး မတ်ပဲကလည်း အတက်ဘက်ပြန်ရောက်လာပါတယ်၊မြေပဲဆံစျေးကွက်ကတော့ နှစ်မကုန်ခင်ကတည်းက ခုချိန်ထိကို ဆက်တိုက်မြင့် တက်လာနေပါတယ်။
  • ပဲစဥ်းငုံနီစျေးကွက်

    ပြည်တွင်းပဲစဉ်းငုံနီကတော့ အိန္ဒိယဈေးကွက်ကိုသာအဓိကတင်ပို့ရပြီး ဝယ်လိုအားကောင်းလာလို့ ၂၀၂၄ ခုနှစ် နှစ်စပထမပတ်မှာ စျေးပြန်ထိုးတက်လာပါတယ်။

    လက်ရှိရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၃၆၂၅၀၀ စျေးပေါက်လာပြီး ၈၂၅၀၀ တက်လာသလို မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကိ​ု ၃၂၀၀၀၀ ကျပ်အထိ စျေးပြန်မြောက်လာလို့ ၁၅၀၀၀ ကျပ်ပြန်တက်လာ ပါတယ်။

    ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလနောက်ဆုံးပတ်တုန်းက ရန်ကုန်စျေးကွက်မှာ တစ်တန်ကို ၃၂၈၀၀၀၀ ကျပ်သာရှိပြီး လက်ရှိ ဇန်နဝါရီ ပထမပတ်မှာတော့ ပဲစဥ်းငုံနီတစ်တန်ကို ၃၃ သိန်း ၁၀၀၀၀ ကျပ်စျေးတန်းပြန်ရောက်လာလို့ တစ်တန်ကို ၈၂၅၀၀ လောက်တက်လာတာဖြစ် တယ်လို့သိရပါတယ်။

    ပဲစဥ်းငုံနီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်မှာ တစ်တန်ကို သိန်း ၄၀၇၅၀၀၀ ကျပ်ရှိရာကနေ သိန်း ၃၀ နဲ့ ၅၀၀၀ အထိ ကိုပြုတ်ကျခဲ့ပြီး ဒီဇင်ဘာလမှာ ဗဟိုဘဏ်က ပို့ကုန်ရငွေဖြေလျှော့မှု ၊ပဲအသစ်ပေါ်ခြင်း၊ အိန္ဒိယ ဘက်ကပဲလိုအပ်ချက်ရှိတာတွေကြောင့် တစ်တန်ကို ၃၃၅၀၀၀၀ အထိ စျေးပြန်တက်ပြီး နှစ်ကုန်လောက်မှာ ၃၃၂၈၀၀၀ အထိပြန်ကျခဲ့ရာကနေ လက်ရှိနှစ်စမှာ ဒီဇင်ဘာလကနူန်းထက်ပိုပြီး တက်လာတာဖြစ်ပါတယ်။

    လက်ရှိမှာ ပဲစဥ်းငုံနီအသစ်တွေ စျေးကွက် ကို ဝင်ရောက်နေပေမယ့်လည်း အိန္ဒိယ နိုင်ငံရဲ့ ပဲလိုအပ်ချက် ရှိတာကြောင့် ပဲအသစ်စျေးတန်းက အချိန်ကာလတစ်ခုအထိ တစ်တန် သိန်း ၃၀ အောက်ကို ကျဆင်းနိုင်မယ့်အခြေအနေ မရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

    အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံကနေ ပဲစဉ်းငုံတန်ချိန် ၁ သိန်းကို ဝယ်ယူတင်သွင်းဖို့ မြန်မာနိုင်ငံနဲ့ MoU လက်မှတ်ရေးထိုးထားတာရှိတဲ့အပြင် နောက်ထပ်လည်း တိုးပြီးဝယ်ယူဖို့ ရှိနေပါတယ် ။

    မတ်ပဲစျေးကွက်

    အလားတူ မတ်ပဲကလည် ၂၀၂၄ ခုနှစ်စ ပထမပတ်မှာ စျေးတွေပြန်တက်လာတာတွေ့ရပါတယ်။

    အိန္ဒိယဘက်က ဇန်နဝါရီ နဲ့ဖေဖော်ဝါရီလတွေမှာ မြန်မာကနေ မတ်ပဲကို ဝယ်ယူမယ်လို့ပြောဆိုထားတာရှိတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကိုပါ မတ်လအထိသက်တမ်းတိုးလိုက်တာကြောင့် မတ်ပဲစျေးက ပြန်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

    လက်ရှိ ရန်ကုန်စျေးကွက်မှာ မတ်ပဲFAQ တစ်တန်ကို ၂၉၉၅၀၀၀ ကျပ်စျေးပေါက်လာပြီး ၂၅၀၀၀ ကျပ်လောက်ပြန်တက်လာပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်က မတ်ပဲတစ်တန်ကို သိန်း ၃၀၁၀၀၀၀ အထိ မြင့်တက်ခဲ့ပေမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာတော့ ၂၉၇၀၀၀၀ အထိ ပြန်ကျခဲ့ပြီး ခု၂၀၂၄ ဇန်နဝါရီလပထမပတ်မှာတော့ သိန်း ၃၀ နီးပါးအထိ ပြန်တက်လာတာဖြစ်ပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ပဲ အသစ်က အမြင့်ဆုံး ၂၈၅၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ်လောက်ပြန်တက်တာတွေ့ရပါတယ်။

    ဒီဇင်ဘာလ ကုန်တုန်းက မတ်ပဲအသစ်က ပိဿာ ၆၀ ကို ၂၁၀၀၀၀ မှ ၂၈၃၀၀၀ ကျပ်ရှိခဲ့တာကြောင့် နှစ်သစ်အစမှာစျေး ပြန်တက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။

    အိန္ဒိယမှာ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် မတ်ပဲက သူတို့ မျှော်မှန်းထားတဲ့ အထွက်နှုန်းထက် လျော့နည်းခဲ့လို့ လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာက​ေနမတ်ပဲတန်ချိန် ၂.၅ သိန်း ဝယ်ယူဖို့ MOU ရေးထိုးထားပါတယ်။

    နောက်ထပ်လည်း မတ်ပဲတန်ချိန်အများအပြား ဝယ်ယူဖို့ စီစဥ်နေတာကြောင့်ပြည်တွင်း မတ်ပဲအသစ်စျေးက ပိဿာ ၂၀ ရှိ ၁ တင်းကို အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉ သောင်းအောက်ကို ကျဆင်းနိုင်မယ့် အခြေအနေမရှိဘူးလို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

    မြေပဲဆံစျေးကွက်

    ပြည်တွင်း မြေပဲဆံစျေးကွက်ကလည်း နှစ်စမှာပါ အနီလုံးဆံ ၊အဖြူလုံးဆံ ၊ဆီကြိတ်ခွဲတဲ့ ဆီဆံ အားလုံး စျေးတွေ ဆက်တိုက်တက်လာနေပါတယ်။

    အနီလုံးဆံကို တရုတ်က ဝယ်လိုအားများပြီး စျေးကောင်းပေးဝယ်ယူနေတာကြောင့် အနီလုံးဆံ စျေးကတက်လာတာဖြစ်သလို သူနဲ့အတူ အဖြူလုံးဆံ စျေး၊ ဆီကြိတ်တဲ့ ဆီဆံတွေပါ စျေးလိုက်တက်လာတာဖြစ်ပါတယ်။

    လက်ရှိကာလမှာ အနီလုံးဆံ အများအပြားထွက်ရှိတဲ့ မကွေးမှာ မြေပဲအနီလုံးဆံ တစ်ပိဿာကို ၇၅၀၀ ကျပ်အထိမြင့်တက်လာနေသလို မြေပဲအဖြူလုံးဆံ တစ်ပိဿာကို ၆၅၀၀ ကျပ်အထိရှိလာပြီး AK ပြည်တွင်းဆီစက်တွေ ဝယ်ယူတဲ့ ဆီကြိတ်ခွဲတဲ့ မြေပဲဆံအခြမ်းအရောကတော့ တစ်ပိဿာကို ၄၈၀၀ ကျပ်စျေးပေါက် လာတယ်လို့သိရပါတယ်။

    မြေပဲအနီလုံးဆံက လက်ရှိမကွေးမှာ လက်ကျန်နည်းလာပြီး စျေးတန်းက ကျနိုင်မယ့်အလားအလာမရှိကြောင်း၊ ရခိုင်အပါအဝင် အခြားဒေသတွေက ဆက်လက်ထွက်ရှိလာမှာဆိုပေမယ့် ရခိုင်ဘက်က ထွက်တဲ့မြေပဲကို သယ်ယူပို့ဆောင်ဖို့ မလွယ်ဘူးလို့သိရပါတယ်။

    ဒါကြောင့် ပြည်တွင်း မြေပဲဆံစျေးက အကျဘက်ကို ပြန်ရောက်နိုင်တဲ့အခြေအနေမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

    ချစ်ခွန်းချို (AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes6comments0
views131views2701