cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းသီးနှံစိုက်ပျိုးနည်းစနစ်

. ဉာဏ်စမ်း
နှမ်းသီးနှံတစ်ဧကလျှင်ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့်အောက်ဖော်ပြပါနှမ်းသီးနှံစိုက်ပျိုးနည်းစနစ်များအတိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
  • စိုက်ပျိုးနည်းစနစ် 

    - နှမ်းသီးနှံကို တစ်ပင်တိုင်မျိုးနှင့်ကိုင်းဖြာမျိုးများအတွက်တန်းကြား၊ ပင်ကြား(၁၂"-၁၅")×(၄")ခြားထားပါကပေါင်းနှိမ်နှင်းရန်အတွက် လွယ်ကူသည်။တစ်ဧကမျိုးစေ့ (၂) ပြည်နှုန်းနှင့်အသင့်တော်ဆုံးအပင်ဦးရေမှာတစ်သိန်းခန့်ရှိရန်လိုအပ်သည်။ 

    - သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများကို တစ်ဧကလျှင်(၃-၅)တန်အထိ မြေပြင်ချိန်တွင်နှစ်စဉ် ထည့်ပေးသင့်သည်။ 

    - အထွက်နှုန်းကောင်းရန်အတွက် မြေဆီလွှာ ကောင်း၊ သင့်၊ ညံ့ အပေါ်မူတည်၍စိုက်ပျိုးရာသီတလျှောက်သင့်တင့်သောဓါတ်မြေဩဇာများကိူအချိုးညီအချိန်ကိုက် ကျွေးသင့်ပါသည်။မြေဩဇာအသင့်အတင့်ကြွယ်ဝသောမြေအတွက်(၂၆: ၁၃: ၇)(နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်)ကီလိုဂရမ်/ဧကနှုန်းထားအားသတ်မှတ်ထားသည်။ 

    - နှမ်းသီးနှံတွင်နှမ်းဖိုရောဂါ၊ နှမ်းပင်ညှိုးရောဂါ၊ အမြစ်နှင့်ပင်စည်ပုပ်ရောဂါများ ကျရောက်တတ် သည်။ဖျက်ပိုးအနေဖြင့် ရွက်လိပ်ပိုး၊ နှမ်းတောင့်တဲ၊ ဖြုတ် ညို၊ နှမ်းဖလံနှင့် နှမ်းစေ့စုပ်ဂျပိုး များကျရောက်တတ်သည်။ 

    - နှမ်းဖိုရောဂါသည်ဖြုတ်ပိုး(ဖြုတ်ညို)မှတစ်ဆင့်ကူးဆက်သည်။ဖြုတ်ပိုးကျရောက်မှုကိုအချိန်မီ သိရှိရန်လိုအပ်သည်။ ဖြုတ်ပိုးစုပ်စားမှုကြောင့် အပင်ထိခိုက်ပျက်စီးမှုမရှိသော်လည်းနှမ်းဖိုရောဂါ ဖြစ်စေသောသက်ရှိကိုသယ်ဆောင်သောကြောင့်နှမ်းဖိုရောဂါကူးဆက်ပြန့်ပွားစေသည်။ပင်ပိုင်းကြီးထွားချိန်တလျှောက်ကျရောက်နိုင်သည်။ 

    - သင့်တော်သောပိုးသတ်ဆေးဖျန်းရန်လိုအပ်သည်။ပေါင်းမြက်များကိုရှင်းလင်းပါ။သီးလှည့်စိုက်ပျိုးပါ။ မျိုးစေ့ကိုဆေးစီရင်ခြင်းပြုလုပ်ပါ။ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးပက်ဖျန်းပါ၊အခြားစိုက်ခင်းများထက်စောစောစိုက်ပျိုးခြင်းကိုရှောင်ပါ။နှမ်းပင်ငယ်စဉ်ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ဖြုတ်ပိုးကိုကာကွယ်ပါ။ရောဂါကျအပင်များကိုနှုတ်ယူဖျက်ဆီးပါ။ 

    မြေအမျိုးအစား 

    - ယေဘုယျအားဖြင့်နှမ်းသည်လုံလောက်သောရေအစိုဓါတ်ထိန်းထားနိုင်ရန်အတွက်ရေသွင်းရေထုတ်ကောင်းမွန်သောသဲဆန်သောမြေကိုနှစ်သက်သည်။မိုးနှောင်းထွန်ရေးခံခြင်းနှင့်မြေကိုမှုန့်ညက်အောင်ထွန်ယက်ခြင်းများဆောင်ရွက်သင့်သည်။ 

    စိုက်ပျိုးချိန် 

    -  နှမ်းစိုက်ပျိုးရန်အသင့်တော်ဆုံးအချိန်မှာ မိုးနှမ်း/မိုးဦး (မေ-ဇွန်မှ ဩဂုတ်-စက်တင်ဘာ)ထိဆောင်းနှမ်း(အောက်တိုဘာ-နိုဝင်ဘာ)နှင့်နွေနှမ်း(မိုးကြို)ဖေဖော်ဝါရီ-မတ်လတို့တွင်စိုက်ပျိုးသည်။ 

    မျိုးရွေးချယ်ခြင်း 

    - နှမ်းစိုက်ပျိုးရန်ဈေးကွက်ရှိ၍ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်း/မျိုးသန့် အထွက်ကောင်းမျိုး များကိုရွေးချယ်စိုက်ပျိုး၍ ရိတ်သိမ်းမှုလွယ်ကူရန် ထောက်ခံထားသော မျိုးများကိုသုံးရန် (ဥပမာ - ဆင်းရတနာ-၂၊ ဆင်းရတနာ-၃၊ ဆင်းရတနာ-၄၊ ဆင်းရတနာ-၅၊ မကွေး၇/၉၊ စမုံနက်)။ 

    သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း 

    - စိုက်ပြီး(၃၀-၃၅)ရက်အတွင်း ပေါင်းမြက်များအပြီးရှင်းပါ။ 

    - နွေနှမ်းတွင်ရေပေးသွင်းပါကအထွက်နှုန်းသိသာစွာထွက်ရှိကြောင်းတွေ့ရပြီးအပင်ကြီးထွားချိန်တွင်(၂-၃)ကြိမ် ရေပေးသွင်းရန်လိုအပ်ပါသည်။ 

    ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ 

    - နှမ်းသီးတောင့်များကြွေကျမှုမှကာကွယ်ရန် နှမ်းပင် များမခြောက်မီရိတ်သိမ်းရမည်။ 

    - နှမ်းရိတ်သိမ်းရန် သင့်တော်သောအချိန်မှာ နှမ်းပင် များကောင်းစွာရင့်မှည့်ပြီးပန်းပွင့်မှုရပ်သွားချိန်၊ အရွက်များအဝါရောင်ပြောင်းပြီးစတင်ကြွေလာချိန်နှင့်သီးတောင့်များအစိမ်းရောင်ရှိပြီးအစိုဓါတ်ပမာဏအသင့်အတင့်ရှိနေသောအချိန်ဖြစ်သည်။ 

    - နှမ်းပင်များအားရိတ်သိမ်းပြီး ချက်ချင်းစည်း၍နေလှန်းရမည်။သန့်ရှင်းသောဖျာ၊စောင်ကြမ်းများပေါ်တွင်ရိုက်ခါ၍အစေ့ခြွေခြင်းပြုလုပ်နိုင်ပါသည်။ 

    - သန့်စင်ပြီးနှမ်းစေ့များအားအစိုဓာတ်(၉%)ရှိအောင် လှမ်းပြီးအလုံပိတ်ထားသောပုံးများထဲတွင် ထည့်၍သိုလှောင်ရမည်။ 

    - အမြဲတမ်းသိုလှောင်ရုံမရှိပါကအထူးသိုလှောင်အိတ်(Super Bags)၊ သံပုံးများ၊ ပုတ်များဖြင့် သိုလှောင် ရမည်။ 

    တန်ဖိုးမြှင့်ထုတ်ကုန်များ 

    - နှမ်းသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဘိုးမြှင့်ထုတ်ကုန်များမှာ နှမ်းဆီ၊ နှမ်းယို၊ နှမ်းလှော်၊ နှမ်းဖတ်၊ နှမ်းလှော်ဆီမွှေး စသည်တို့ဖြစ်ပါသည်။ 

    Source: DOA

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views91views2019