cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲဂျပိုးစိမ်း

. ပိုးမွှား
၄င်းဖျက်ပိုးသည် အညွှန့်လောင်းများနှင့် ဖွံဖြိုးဆဲအသီးများနှင့် အစေ့များအား ပို၍တိုက်ခိုက်ဖျက်ဆီးသည်။
  • ပဲဂျပိုးစိမ်း 

    Green Stink Bug 

    Nezara viridula (Linnaeus) 

    Hemiptera: Pentatomidae 

    လက်ခံပင် 


    ပဲမျိုးစုံ (ပဲပုပ်၊ ပဲလွန်းတွင် အဓိကျရောက်) ၊ ပြောင်း၊ အာလူး၊ ဆေးရွက်ကြီး၊ ဝါ 


    ဘဝစက်ဝန်းနှင့်ဖျက်ကောင်ပုံသဏ္ဍာန် 


    ဥမှအကောင်ကြီးအဆင့်သို့ရောက်ရှိရန် ရက်ပေါင်း (၆၅ - ၇၀) ရက်ကြာမြင့်သည်။ ပူနွေးသောရာသီတွင် မျိုးဆက် ပေါင်း (၄) ဆက်ထိ ပွားများတည်ရှိနေနိုင်သည်။ အကောင်ကြီးများသည် ဆောင်းခိုလေ့ရှိရာ သစ်ပင်အခေါက်များ၊ သစ်ရွက် ခြောက်များနှင့် အခြားအကာကွယ်ရနိုင်သော နေရာများတွင် ပုန်းခိုးနေတတ်ကြသည်။ အမတစ်ကောင်သည် ပေါင်းပင်များ (သို့) သီးနှံပင်များ၏ အရွက်အောက်မျက်နှာပြင်ပေါ်တွင် ဥဥလေ့ရှိပြီး ဥမြုံတစ်ခုတွင် ဥပေါင်း (၃၀ -၁၃၀) ခန့်အတွင်း ဥနိုင်သည်။ ဥများသည် အဖြူရောင်မှ အဝါဖျော့ရောင်ဖြစ်ပြီး စည်ပိုင်းပုံသဏ္ဍာန်ရှိကာ ထိပ်ပိုင်းသည်ပြားပြီး ချပ်ပြားပုံအဖုံး ပါရှိသည်။ ၄င်းချပ်ပြားပုံ အဖုံးပတ်လည်တွင် Chorial processes ဟုခေါ်သော လက်ချောင်းပုံအချွန်အတက်များ (၂၈ - ၃၂) ခု အထိပါရှိသည်။ ဥမှအကောင်ပေါက်ရန် နွေရာသီတွင် (၅)ရက်ခန့်ကြာမြင့်ပြီး ဆောင်းရာသီတွင် (၂ - ၃)ပတ်ခန့် ကြာမြင့် သည်။ ထိုကာလအတွင်းတွင် ဥများသည် ပန်းရောင်သို့ပြောင်းသွားသည်။ ပိုးမမည်အကောင်သည် ချပ်ပြားပုံအဖုံးအားဖွင့် ပြီး ဥမှပေါက်လာသည်။ ခန္ဓာကိုယ်အရောင်မှာ အဝါဖျော့ရောင်နှင့် မျက်လုံးသည် အနီရောင်ဖြစ်ပြီး ခြေလက်များနှင့် ဥမှင် သည် ကြည်လင်နေသည်။ ပိုးမမည်အကောင်၏ဥမှင်သည် အဆစ် (၄) ဆစ်ဖြစ်ပြီး အရွယ်ရောက်အကောင်ကြီးတွင် အဆစ် (၅)ဆစ်ပါရှိသည်။ ပိုးမမည်အကောင်တွင် အတောင်ပံမပါရှိသော်လည်း ငါးဆင့်မြောက်အဆင့်တွင် အတောင်ပံငုတ်အား တွေ့မြင်နိုင်သည်။ ပိုးမမည်အကောင်၏အရောင်သည် အဆင့်တစ်ဆင့်ချင်းလိုက်ပြောင်းလဲသည်။ ဥမှပေါက်ကာစတွင် အမဲ ရောင်ဖြစ်ပြီး ငါးဆင့်မြောက်အဆင့်ရောက်သောအခါတွင် အစိမ်းရောင်သို့ ထင်ရှားစွာ ပြောင်းလဲလာသည်။ 


    ဖျက်ဆီးမှု့လက္ခဏာ 


    ၄င်းဖျက်ပိုးသည် အညွှန့်လောင်းများနှင့် ဖွံဖြိုးဆဲအသီးများနှင့် အစေ့များအား ပို၍တိုက်ခိုက်ဖျက်ဆီးသည်။ ယေဘူ ယျအားဖြင့် ၄င်းတို့၏ ထိုးဖောက်စုပ်စားသောပါးစပ်ဖြင့် အပင်တစ်ရှူးများအားထိုးဖောက်သောကြောင့် အလွန်သေးငယ် သော အညိုရောင်(သို့) အနက်ရောင်ရှိသော အစက်များအား ဖြစ်ပေါ်စေသည့်အပြင် စွန်းထင်းခြင်း၊ အ‌ရောင်ပျက်ခြင်းနှင့် ပုံသဏ္ဍာန်မမှန်ခြင်းတို့အား ဖြစ်စေသည်။ ထိုသို့စုပ်ယူစားသောက်ခြင်းကြောင့် အသီးကြီးထွားမှု့အားရပ်တန့်စေသည့်အပြင် အစေ့အရေအတွက်နှင့် အလေးချိန်၊ အသီးကြွေကျခြင်းစသည့်တို့ကို ဖြစ်စေသည်။ ထို့ပြင် အ‌ရောင်ပျက်ခြင်းနှင့် စွန်းထင်း ခြင်းသည်လည်း သီးနှံအရည်အသွေးနှင့် စျေးကွက်ဝင်မှု့ကိုပါ ထိခိုက်စေသည်။ ၄င်းဖျက်ပိုးသည် မှိုရောဂါများ၏ စပိုးများ အား အပင်တစ်ပင်မှတစ်ပင်သို့သယ်ဆောင်နိုင်သည်။ ၄င်းဖျက်ပိုးတိုက်ခိုက်ခံရသော အစေ့များသည်လည်း မျိုးညှောင့် ပေါက်နိုင်စွမ်း လျော့နည်းသွားတတ်သည်။ 


    ကာကွယ်နှိမ်နင်းနည်းများ 


    Insect net များအသုံးပြု၍ ပိုးကျရောက်မှု့ရှိမရှိအား ကြည့်ရှု့စစ်ဆေးပါ။ 

    စိုက်ခင်းအား သန့်ရှင်းအောင် ဆောင်ရွက်ပါ။ 

    ဖျက်ပိုး၏ဆောင်းခိုနေနိုင်သောနေရာများအား ရှင်းလင်းသုတ်သင်ပါ။ 

    ထောင်ချောက်သီးနှံများ (Trapped Crops) များ စိုက်ပျိုး၍ကာကွယ်ပါ။ 

    သီးညှပ် (သို့) သီးလှည့်စိုက်ပျိုးခြင်းခြင့် ပိုးကျရောက်မှုအား ကာကွယ်ပါ။ 

    သီးနှံအကြွင်းအကျန်များနှင့် ပေါင်းမြက်များအား ဖယ်ရှား၍ မီးရှို့ဖျက်ဆီးခြင်း (သို့) (၅၀) စင်တီမီတာအနက်တွင် မြေမြှုပ်ဖျက်ဆီးပစ်ခြင်းများ ပြုလုပ်ဆောင်ရွက်ပါ။ 

    ပိုးများအား ဖယ်ရှားရန် ဆပ်ပြာရည်ဖြင့် ပက်ဖျန်းပြီးနောက် တွေ့ရှိသမျှအား လက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ။ 

    ပိုးကျရောက်ပါက ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးအား ဆေးဘူးပါအညွှန်းအတိုင်း စနစ်တကျ လိုက်နာ၍ အသုံးပြုပါ။ 


    References 

    https://plantwiseplusknowledgebank.org/doi/10.1079/pwkb.20187800638 

    https://entnemdept.ufl.edu/creatures/veg/bean/southern_green_stink_bug.htm 

    https://www.cabidigitallibrary.org/doi/10.1079/cabicompendium.36282 

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views178views1580