cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လူ့ကျန်းမာရေးအတွက် ဥစားသီးနှံများဖြစ်သည့် အာလူးနှင့်ပိန်းဥ စိုက်ပျိုးစားသောက်သင့်

. ကျန်းမာရေးဆောင်းပါးများ
လူတို့၏ ကျန်းမာရေးအတွက်အာဟာရများစွာ ပေးစွမ်းသော အာလူးနှင့် ပိန်းဥများ ကို တိုးချဲ့ စိုက်ပျိုးပေးကြပါရန် လိုအပ်လှပါသည်။ ထို့ကြောင့် လူတို့၏ကျန်းမာရေးအတွက် အာလူးနှင့် ပိန်းဥကို စိုက်ပျိုးပေး ပါရန် တိုက်တွန်းအပ်ပါသည်။ 
  • မြန်မာနိုင်ငံရှိ နေရာဒေသ အသီးသီးတွင် ဆန်စပါးအပါအဝင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်များ အပါအဝင် စားသုံးသီးနှံများစွာ စိုက်ပျိုးထားရှိမှုများကို မြင်တွေ့နိုင်ပါသည်။ တောင်သူလယ်သမားကြီးများ စိုက်ပျိုး ထုတ်လုပ်ပေးနေသည့်စားသုံးသီးနှံများထဲမှ လူတို့အတွက် ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေသည့် အာလူး ဥနှင့် ပိန်းဥကပေးသည့်ကျန်းမာရေး အကျိုးကျေးဇူးများကို တင်ပြလိုပါသည်။ အာလူးဥသည် အာလူးအပင်များကို စိုက်ပျိုး ရာမှ အာလူးပင်များမှ မြေကြီးထဲတွင် ဥများအဖြစ် ကြီးထွားရရှိလာသော အာလူးဥ (အာလူး) ပင် ဖြစ်ပါသည်။ အာလူးကို ဟင်းလျာများအဖြစ်လည်းကောင်း၊ အာလူးကြော် (သရေစာ) များအဖြစ်လည်းကောင်း လူတိုင်းလိုလို ကြိုက်နှစ်သက် ကြပါသည်။ အာလူးကို ကြက်သား၊ ဝက်သား၊ အမဲသား စသည့် အသားများနှင့် ရောချက်စားသုံးနိုင်ပါသည်။ အာလူးဖြင့် ရောချက်ပါက ဟင်းကိုအရသာပိုလေးစေပြီး ပိုမိုအရသာထူးကဲစေပါသည်။ အာလူးကို နေ့စဉ်စားသုံး ပေးခြင်းအားဖြင့် လူတို့အတွက် ကျန်းမာရေးအာဟာရများစွာ ရရှိစေပါသည်။ အာလူးသည် လူတို့ကို ခွန်အားဖြစ်စေပါသည်။ ခန္ဓာကိုယ်ကြီး ထွားစေပါသည်။ အစားအစာများကိုလည်း ကြေညက်စေပါသည်။ အသားအရေများနှင့်အတူ ခန္ဓာကိုယ်ကို စိုပြည်လှပ စေပါသည်။ ဟင်းသီးဟင်းရွက်အစားနည်း၍ ဗီတာမင်ချို့တဲ့နေသူများ၊ သွေးတိုးရောဂါရှိသူများ အာလူးကို ပုံမှန် စားသုံးပေး ခြင်းအားဖြင့် လန်းဆန်းတက်ကြွစေနိုင်ပါသည်။ အာလူးသည် ကင်ဆာရောဂါဖြစ်ခြင်းများကို ကာကွယ်ပေးနိုင်ပြီး လူ့ခန္ဓာ ကိုယ်ရှိ ကိုလက်စထရောဓာတ်များကိုလျှော့ချပေးနိုင်ပါသည်။ဦးနှောက်နှင့် အာရုံကြောများ ကောင်းမွန်ရေးအတွက် အာလူး ကို စားပေးသင့်ပါသည်။ 

    စားသုံးသီးပင်များစွာထဲမှ ပိန်းပင်များကရရှိသော ပိန်းဥများသည်လည်း အရေးပါလှပါသည်။ သေးငယ်ပြီး ခေါင်းပါသော ပိန်းဥကလေးများကို မျိုးပွားစိုက်ပျိုးရာ၊ကြီးထွားဖွံ့ဖြိုးသော ပိန်းဥများကို ရရှိပါသည်။ ပိန်းဥပင်များသည် မြေဆွေးဓာတ်များသော မြေ၊ သဲနုန်းမြေ၊ နုန်းမြေများတွင်အပင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး အပင်၏ဥများ ပိုမိုကြီးထွားမှုကို ရရှိစေပါသည်။ ပိန်းဥများကို ရေဖြင့်ပြုတ်ပြီး ပိန်းဥပြုတ်များကိုဆီ၊ ဆားများဖြင့် သုပ်စားလေ့ရှိကြပြီး ပိန်းဥပြုတ်များကို ဟင်းလျာအဖြစ် ရရှိအောင် ကြက်သွန်နီ၊ ခရမ်းချဉ်သီးများဖြင့် အရသာရှိအောင် ချက်ပြုတ်စားသောက်ကြပါ သည်။ ပိန်းဥသည် အချိုဓာတ်၊ အဆိမ့်ဓာတ်များရှိပြီး ကလေး၊ လူကြီးအများစုကကြိုက်နှစ်သက်ကြပါသည်။ ပိန်းဥများကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းအားဖြင့် မျက်စိနာခြင်း၊ အမြင်အာရုံအားနည်းခြင်းများကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင် ပါသည်။ မျက်စိနှင့် မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားများကို တင်းအားကောင်းမွန်စေပါသည်။ အသားအရေကို စိုပြည်လှပစေ ပါသည်။ ပိန်းဥစားခြင်းသည် အိုမင်းရင့်ရော်မှုများကို အကာအကွယ်ပေးပါသည်။ မျက်နှာပြင်ပေါ်ရှိ နှာခေါင်းတစ်ဝိုက် အသားအရေပြား ကွာကျမှုများကို လျော့ကျစေပါသည်။ပိန်းဥကို စားပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်း၊ ဗိုက်နာ၊ ဗိုက်အောင့် ခြင်းနှင့် ပါးစပ်တစ်ဝိုက်တွင်ဖြစ်တတ်သော အပူအနာများကိုသက်သာပျောက်ကင်းစေပါသည်။ လူ့ခန္ဓာကိုယ်ရှိ အရိုးများနှင့် ကြွက်သားများ ကျန်းမာသန်စွမ်းစေပြီး သွေးလှည့်ပတ်မှုကိုထိန်းပေးပါသည်။ တောင်သူလယ်သမားကြီးများ စားသုံးသည့် သီးနှံများ တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ပေးနိုင်ခြင်းသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုနှင့် စားသုံးသူဈေးကွက် တည်ငြိမ်မှုကို ရရှိစေနိုင်ပါသည်။ အာလူးများကို မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများတွင် အများ ဆုံးစိုက်ပျိုးပြီး ပိန်းဥများကို မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးပါသည်။ ထို့ကြောင့် မြန်မာတောင်သူ လယ်သ မားကြီးများသည် မိသားစုဝင်ငွေတိုး ရရှိစေရေးအတွက် အာလူးနှင့် ပိန်းဥကိုလည်း စိုက်ပျိုးသွားသင့်ပါသည်။ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း လူတို့၏ ကျန်းမာရေးအတွက်အာဟာရများစွာ ပေးစွမ်းသော အာလူးနှင့် ပိန်းဥများ ကို တိုးချဲ့ စိုက်ပျိုးပေးကြပါရန် လိုအပ်လှပါသည်။ ထို့ကြောင့် လူတို့၏ကျန်းမာရေးအတွက် အာလူးနှင့် ပိန်းဥကို စိုက်ပျိုးပေး ပါရန် တိုက်တွန်းအပ်ပါသည်။ 

     

    ရွှေမင်းအောင်(ကျောက်ပန်းတောင်း)မြန်မာတောင်သူကြီးများ ဂျာနယ် 

    ---

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes9comments0
views77views1657