cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယက မတ်ပဲနှင့် ပဲစဉ်းငုံတင်သွင်းခွင့် ၂၀၂၅ မတ်လကုန်အထိ သက်တမ်းတိုးမြှင့်

. သီးနှံဈေးကွက်သတင်း
ပဲတင်ပို့မှုအနေနဲ့ အိန္ဒိယနိုင်ငံကို အများဆုံးတင်ပို့တာဖြစ်ပြီး တရုတ်အပါအဝင် တခြားနိုင်ငံတချို့ကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။
  • အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက မတ်ပဲနှင့်ပဲစဉ်းငုံတို့ကို လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၅ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    မူလက ၂၀၂၄ခုနှစ်၊ မတ်လကုန်အထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားခဲ့ရာကနေ အခုနောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်တင်သွင်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    အခုထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံက ပဲစိုက်တောင်သူတွေနဲ့ ပဲတင်ပို့သူတွေအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ပဲဈေးကွက်ကိုလည်း ပိုမိုခိုင်မာစေမှာဖြစ်တယ်လို့ ဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၂- ၂၀၂၃ဘဏ္ဍာနှစ်တစ်နှစ်လုံးမှာ ပြည်ပကို ပဲမျိုးစုံတန်ချိန် ၁ဒသမ၆သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁ဒသ၃ဘီလီယံနီးပါးရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

    ပဲတင်ပို့မှုအနေနဲ့ အိန္ဒိယနိုင်ငံကို အများဆုံးတင်ပို့တာဖြစ်ပြီး တရုတ်အပါအဝင် တခြားနိုင်ငံတချို့ကိုလည်း တင်ပို့နေတယ်လို့ သိရပါတယ်။

    One News Myanmar မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes10comments0
views118views1324