cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် 
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် 

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၄)ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်း‌အောက်ရှိသဖြင့် ရာသီဥတု အေးမြ သာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

     ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၄)ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်း‌အောက်ရှိသဖြင့် ရာသီဥတု အေးမြ သာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

     မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၄)ရက်နေ့ အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်း‌အောက်ရှိသဖြင့် ရာသီဥတု အေးမြ သာယာမည် ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

     ငါးကန်များအတွက် အကြံပြုချက် 

     🐟 အပူချိန်ကျဆင်းလာသဖြင့် ကန်အောက်ခြေ အစာအနည်ထိုင်ပြီး အမိုးနီးယားဓါတ်ငွေ့မထွက်ရှိစေရန် အထူး သတိပြုရန်

    🐟      ရေမျက်နှာပြင်အေးလာသဖြင့် ရေအောက်ငါးများ ရေပေါ်တက်လာချိန် အပူချိန်အပြောင်းအလဲကြောင့် သေဆုံးမှု (Temperature Shock) ဖြစ်နိုင်သည့်အတွက် ရေအပူချိန်အား တိုင်းတာရန်

    🐟 အပူချိန်နိမ့်ချိန်တွင် ကန်ရေအတွင်း အောက်ဆီဂျင်ပမာဏ နည်းလေ့ရှိပြီး အထူးသဖြင့် ညအချိန်တွင် လျော့နည်းလေ့ရှိသဖြင့် အထူးသတိပြုနိုင်ပါရန်

    🐟 ကန်ဖြင့် ငါးမွေးမြူခြင်းအတွက် အကောင်းဆုံးအပူချိန်မှာ ၂၈ မှ ၃၂ ဒီဂရီဖြစ်ပြီး အပူချိန် ၃၅ ဒီဂရီထက် ပိုနေ (သို့) ၁၀ မှ ၁၂ ဒီဂရီအောက် လျော့နေလျှင် ငါးတို့၏ ပုံမှန်အသက်မွေးနိုင်စွမ်း ပြတ် တောက်သွားသဖြင့် အထူးဂရုစိုက်ရန်

    🐟      ငါးမွေးမြူရေးအတွက် ရေ၏ စံပြ pH တန်ဖိုးမှာ ၇ မှ ၈.၅ ဖြစ်ပြီး အကယ်၍ ရေ၏ စံပြ pH တန်ဖိုး တက်သွားလျှင် (သို့) လျော့သွားလျှင် သဘာဝအစာထုတ်လုပ်မှုကျဆင်းလာပြီး၊ ငါးတို့၏ ရောဂါ ကာကွယ်နိုင်စွမ်း လျော့နည်းသွားကာ၊ ငါးများ အစာစားမှု ရပ်သွားမည်ဖြစ်သဖြင့် ရေ၏ ချဉ်ဖန်နှုန်းအာ မကြာခဏတိုင်းတာပေးရန်

     

    Weather Source: CIAT  

    https://htwettoe.com/post/46786 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

     


  • article
likes9comments0
views243views925