cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်မြေထဲ အကျိုးပြုတီလေးတွေ ရှိနေစေဖို့ဆိုရင်

. အပင်အာဟာရ
အိမ်နောက်ဖေးဈေးဆိုင်တည်သူများ/ အိမ်စားသုံးရန် မြို့ပြစိုက်ပျိုးသူများအနေဖြင့် ဒီလိုနည်းစနစ်လေးတွေနဲ့ စိုက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ပတ်ဝန်းကျင် ထိခိုက်မှု မရှိသဖြင့် ရေရှည်တည်တံ့တဲ့ ဂေဟစနစ်ကို သွားနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အသီးအနှံများကိုလည်း စားသုံးနိုင်မှာ ဖြစ်ပါတယ်။
  • တီလေးတွေဆိုတာ စိုက်မြေရဲ့ မဟာကယ်တင်ရှင်ကြီးတွေလို့ ဆိုရမှာဘဲ။ စိုက်မြေရဲ့ အရည်အသွေးထိန်းသိမ်းရာမှာ အကျိုးပြု သက်ရှိလေးတွေပေါ့။ မြေသားလွှာထဲမှာ အာဟာရဓာတ် စီးဆင်းလည်ပတ်မှု ကောင်းစေပြီး အပင်တွေ သူတို့လိုအပ်တဲ့ အာဟာရဓာတ်ကို လိုသလို ရယူသုံးစွဲနိုင်စေပါတယ်။ စိုက်မြေထဲ တီလေးတွေ ဆွဲဆောင်ထားခြင်းက သီးနှံဖြစ်ထွန်းအကျိုးရှိရုံသာမကပါဘူး၊ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးကဏ္ဌကိုလည်း ဦးတည်နိုင်စေပါတယ်။ သြဂဲနစ်စစ်တဲ့ အသီးအနှံတွေကိုလည်း စားသုံးနိုင်စေပါတယ်။ ကဲ... သူတို့လေးတွေကို ဘယ်လိုနည်းလေးတွေနဲ့ ဆွဲဆောင်ရမလဲဆိုရင် ...

    (၁) အော်ဂဲနစ်ပစ္စည်းတွေက အဓိကသော့ချက်ပါဘဲ။

    စိုက်ခင်းထဲ သစ်ရွက်ဆွေးမြေဩဇာ၊ တိရစ္ဆာန်ချေးတို့ ထည့်သုံးလိုက်မယ်ဆိုရင် စိုက်မြေ အာဟာရဓာတ် ကြွယ်ဝရုံမဟုတ်ဘဲ တီကောင်လေးတွေ ရှင်သန် အလုပ်လုပ်ဆောင်ဖို့ အကြိုက်တွေ့စေပါတယ်။

    ကောက်ရိုး၊ မြက်၊ သစ်ရွက်ခြောက်တို့လို အော်ဂဲနစ်ပစ္စည်းတွေ သုံးပြီး မြေဖုံးစိုက်ပျိုးတာကဆိုရင်လည်း မြေအစိုဓာတ်ကို ထိန်းသိမ်းပေးရုံမကဘဲ အချိန်ကြာလာတာနဲ့အမျှ ဆွေးမြေ့လာပါတယ်။ တီကောင်လေးတွေ ရှင်သန်လှုပ်ရှားဖို့ အစာအရင်းအမြစ် ဖြစ်လာပါတယ်။

    (၂) စိုက်မြေကို စိုစွတ်ပြီး လေဝင်လေထွက်ကောင်းအောင် ထားပါ။

    တီကောင်လေးတွေဟာ သူတို့အရေပြားကတဆင့် အသင်ရှူနိုင်ဖို့ လေဝင်လေထွက်ကောင်းတဲ့၊စိုစွတ်တဲ့ ပတ်ဝန်းကျင် လိုအပ်ပါတယ်။ ပုံမှန်ရေလောင်းပေးခြင်းဖြင့် သူတို့လိုအပ်တဲ့ အခြေအနေကို ဖန်တီးပေးထားနိုင်ပါတယ်။ (သို့သော် ရေမဝပ်နေရ)။

    စိုက်ခင်းထဲ ခဏခဏ စက်ဝင်ခြင်း၊ လူဝင်ခြင်းကြောင့် မြေကြပ်ခြင်းကို အထူးဂရုပြုရပါမယ်။ မြေမွနေမှ တီလေးတွေ လှုပ်ရှား သွားလာဖို့ အဆင်ပြေနိုင်မှာပါ။

    (၃) ပိုးမွှား၊ ရောဂါတွေကို အော်ဂဲနစ်နည်းဖြင့် ထိန်းချုပ်ပါ။

    ဖျက်ပိုးများကို ထိန်းချုပ်ရာမှာ ဓာတုဆေးတွေကို အသုံးပြုမယ့်အစား သီးလှည့်စိုက်ခြင်း၊ သီးညှပ်စိုက်ခြင်း၊ ထောက်ချောက်သီးနှံများ စိုက်ခြင်း စတဲ့ နည်းလေးတွေနဲ့ အကျိုးပြုအင်းဆက်လေးတွေ ကြိုက်နှစ်သက်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ ဓာတုဆေးတွေဟာ အင်းဆက်ပိုးများကို သေစေရုံမက အကျိုးပြုသက်ရှိတွေကိုပါ ထိခိုက်စေပါတယ်။ ဩဂဲနစ် နည်းစနစ်လေးတွေကို အသုံးပြုသင့်ပါတယ်။

    ဓာတုမြေဩဇာအစား ဩဂဲနစ် သဘာဝမြေဩဇာ အသုံးပြုခြင်းဖြင့် တီများရှင်သန်နေထိုင်ရန် ဓာတုကင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။

    (၄) သူတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ တူညီအောင် ဖန်တီးပေးပါ။

    ‌မြေကို ပြင်းပြင်းထန်ထန် ထွန်ယက်တာမျိုး ရှောင်ပါ။ သစ်ရွက်ခြောက်၊ မြက်ကဲ့သို့ သဘာဝအမှိုက်သရိုက်တို့နဲ့ စိုက်မြေကို ‌ဖုံးထားပေး‌ပြီး တီကောင်များနေထိုင်ရန် အကာအကွယ်များ ပြုလုပ်ပေးရပါမယ်။( ရိုးပြတ်များကို မီးမရှို့ပါနဲ့)။ တီကောင်လေးတွေဟာ မြေချဉ်ငံကိန်း မျှခြေရှိတဲ့/ အက်စစ်အနည်းငယ်ဆန်တဲ့ (pH 6-7) မြေကို ကြိုက်နှစ်သက်တာကြောင့် စိုက်မြေကို စစ်ဆေးပေးဖို့ လိုပါမယ်။ မြေချဉ်ငံကိန်း တက်ရန် ထုံးထည့်ပေးနိုင်သလို နိမ့်ရန် ဆာလဖာထည့်ပေးနိုင်ပါတယ်။

    စိုက်မြေမှာ ဒီလိုနည်းလမ်းလေးတွေနဲ့ တီလေးတွေကို ဆွဲဆောင်ထားခြင်းက စိုက်မြေအရည်အသွေး ကောင်းစေပြီး သီးနှံထွက်နှုန်း ‌တိုးစေပါတယ်။ အိမ်နောက်ဖေးဈေးဆိုင်တည်သူများ/ အိမ်စားသုံးရန် မြို့ပြစိုက်ပျိုးသူများအနေဖြင့် ဒီလိုနည်းစနစ်လေးတွေနဲ့ စိုက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ပတ်ဝန်းကျင် ထိခိုက်မှု မရှိသဖြင့် ရေရှည်တည်တံ့တဲ့ ဂေဟစနစ်ကို သွားနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အသီးအနှံများကိုလည်း စားသုံးနိုင်မှာ ဖြစ်ပါတယ်။

    တီလေးတွေ စိုက်မြေထဲမှာ ရှိနေပြီဆိုရင် သေချာတာက စိုက်မြေက ကျန်းမာပြီး မြေဩဇာဓာတ် ကြွယ်ဝနေပါပြီ။ သင်ဟာ ကမ္ဘာမြေကြီးကို တစ်ဒေါင့်တစ်နေရာကနေ ကယ်တင်နေတယ်လို့ ယူဆလို့ ရပါတယ်။

    ရေးသားသူ

    နွယ်အေး

    Reference:

    4 Effective Strategies to Welcome Earthworms into Your Garden (sharingideas.me)


  • article
likes8comments0
views158views1620