cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးရှိ စပါး တင်း ၁၀၀ ဈေးနှုန်း သုံးသပ်ချက် (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ စျေးသုံးသပ်ချက်)

. သီးနှံဈေးကွက်သတင်း
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ဈေးကွက်၊ မြောင်းမြဈေးကွက်၊ ဒေးဒရဲဈေးကွက်၊ ဖျာပုံဈေးကွက်၊ မအူပင်ဈေးကွက်နှင့် လပွတ္တာဈေးကွက်တို့ရှိ ပေါ်ဆန်းစပါး၊ မနောသုခစပါးနှင့် သီးထပ်ရင်စပါးဈေးနှုန်းများကို သုံးသပ်ထားပါသည်။
  • ပေါ်ဆန်းမွှေးစပါးဈေး

    ပေါ်ဆန်းမွှေးစပါးဈေးနှုန်းနှင့်စပ်လျဉ်း၍ ပုသိမ်ဈေးကွက် နွေစပါး တင်း ၁၀၀ လျှင် ၂၂၇၈၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မြောင်းမြတွင် ၂၂၉၅၀၀၀ ကျပ်၊ ဒေးဒရဲတွင် ၂၀၃၀၀၀၀ ကျပ်၊ ဖျာပုံဈေးကွက်တွင် ၂၀၃၄၀၀၀ ကျပ်၊ မအူပင်ဈေးကွက်တွင် ၂၀၃၀၀၀၀ ကျပ်နှင့် လပွတ္တာဈေးကွက်တွင် ၂၂၅၃၁၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါသည်။

    မနောသုခ စပါးဈေး

    မနောသုခစပါးဈေးနှုန်းနှင့်စပ်လျဉ်း၍ ပုသိမ်ဈေးကွက် နွေစပါး တင်း ၁၀၀ လျှင် ၁၇၈၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မြောင်းမြတွင် ၁၆၅၆၀၀၀ ကျပ်၊ ဒေးဒရဲတွင် ၁၇၆၆၀၀၀ ကျပ်၊ ဖျာပုံဈေးကွက်တွင် ၁၇၆၆၀၀၀ ကျပ်၊ မအူပင်ဈေးကွက်တွင် ၁၅၆၀၀၀၀ ကျပ်နှင့် လပွတ္တာဈေးကွက်တွင် ၁၇၉၄၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါသည်။

    သီးထပ်ရင်စပါးဈေး

    သီးထပ်ရင်စပါးဈေးနှုန်းနှင့်စပ်လျဉ်း၍ ပုသိမ်ဈေးကွက် နွေစပါး တင်း ၁၀၀ လျှင် ၁၆၂၈၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မြောင်းမြတွင် ၁၇၃၈၀၀၀ ကျပ်၊ ဒေးဒရဲတွင် ၁၇၁၁၀၀၀ ကျပ်၊ ဖျာပုံဈေးကွက်တွင် ၁၇၁၁၀၀၀ ကျပ်၊ မအူပင်ဈေးကွက်တွင် ၁၇၀၀၀၀၀ ကျပ်နှင့် လပွတ္တာဈေးကွက်တွင် ၁၇၁၁၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါသည်။

    ဈေးကွက်သုံးသပ်ချက်

    ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ဈေးကွက်၊ မြောင်းမြဈေးကွက်၊ ဒေးဒရဲဈေးကွက်၊ ဖျာပုံဈေးကွက်၊ မအူပင်ဈေးကွက်နှင့် လပွတ္တာဈေးကွက်တို့ရှိ ပေါ်ဆန်းစပါး၊ မနောသုခစပါးနှင့် သီးထပ်ရင်စပါးဈေးနှုန်းများကို သုံးသပ်သော် အဆိုပါ ဈေးကွက် ၆ ခုလုံးတွင် ပေါ်ဆန်းဈေးနှုန်းသည် အခြားစပါးများ၏ ဈေးနှုန်းများထက် သိသိသာသာမြင့်တက်လျက်ရှိပြီး မနောသုခနှင့် သီးထပ်ရင်စပါးများမှာ ဈေးနှုန်းကွာဟမှုအနည်းငယ်သာရှိ သည်ကို တွေ့ရှိရပါကြောင်း တင်ပြအပ်ပါသည်။


    ပြည့်ဖြိုးအောင်

    ထွက်တိုး

    Data Soure: AMIA ၏ ၈.၁.၂၀၂၄ ပေါက်ဈေးနှုန်းများအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။

    -----------------------

    သီးနှံစျေးနှုန်းအပြည့်အစုံ သိရှိနိုင်ရန် ထွက်တိုးဆော့ဝဲလ်ရဲ့ ပေါက်စျေးကဏ္ဍကို နှိပ်ပါ။

    စိုက်/မွေး၊ ရေလုပ်ငန်းအခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။


  • article
  • article
likes10comments0
views232views1567