cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေချိုပုစွန်ထုတ်ကြီး၏ ဘဝဖြစ်စဉ်အဆင့်ဆင့် 🦐🦐

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
အရွယ်ရောက် အမတစ်ကောင်သည် ဥ ငါးသောင်းမှ တစ်သိန်းအထိ ဥချတတ်သည်။

  • ရေချိုပုစွန်ထုတ်ကြီး၏ဘဝဖြစ်စဉ်တွင် အဓိကအားဖြင့် ဥ ၊ သားလောင်း၊ သားပေါက်နှင့် သက် ကြီးကောင်ဟူ၍ အဆင့်(၄)ဆင့်ရှိသည်။ ရေချိုပုစွန်ထုတ်ကြီးနှင့် အခြားပုစွန်မျိုးများသည် ပြင်ပအခွံအား အခါအားလျှော်စွာလဲခြင်းဖြင့် ကိုယ်ခန္ဓာ အရွယ်အစားနှင့် အလေးချိန် သည် တဖြည်းဖြည်းကြီးထွားလာ ကြသည်။ ၄င်းကို အရေခွံ လဲခြင်းဟုခေါ်ကြသည်။ 


    အရွယ်ရောက်သည့် ရေချိုပုစွန်ထုတ်ကြီး အထီး နှင့် အမများသည် သဘာဝအားဖြင့် တစ်နှစ်ပတ် လုံး မိတ်လိုက်ကြသည်။ မိတ်လိုက်ပြီး နာရီပိုင်းအကြာတွင် အမသည် ဥကို ဦးခေါင်းပိုင်းမှ စစ်ထုတ်ပြီး၊ အထီး၏ မျိုးရည်နှင့် ရောနှောသန္ဓေအောင်စေသည်။ ဝမ်းဗိုက်အောက်ရှိ ဥအိမ်တွင် တွယ်ကပ်ထားသည်။ သန္ဓေသားဖွံ့ဖြိုးမှုမှာ (၁၈)ရက်မှ (၂၁)ရက်ကြာသည်။ မျိုးမအောင်သော ဥများသည် ၃-၄ ရက်အတွင်း ပြုတ်ကျသွားသည်။ အရွယ်ရောက် အမတစ်ကောင်သည် ဥ ငါးသောင်းမှ တစ်သိန်းအထိ ဥချတတ်သည်။ 


    သန္ဓေအောင်ပြီး ဥများသည် သန္ဓေသား အဆင့်ဆင့် စတင်ဖွံ့ဖြိုးလာပြီး (၁၂)ရက်မြောက်နေ့တွင် သားလောင်းဘဝ အပြည့်အစုံဖြင့် ဆက်လက်ဖွံ့ဖြိုးသည်။ သားလောင်းဘဝတွင် ပုံမှန်ဖွံ့ဖြိုးပြီး ရုပ်သွင်ပြောင်းခြင်း (၁၁)ကြိမ်ပြုလုပ်နိုင်ရန် ရေငန်နှုန်း (၁၀)ပီပီတီ မှ (၂၀)ပီပီတီအတွင်း ရှိရန် လိုအပ်ပါသည်။ ရေချိုတွင် ပေါက်သောသားလောင်းများ ရေငန်သို့ ရက်အနည်းငယ်အတွင်း မရောက်ပါက သေဆုံးကြသည်။ သားလောင်များ၏အဓိကအစားအစာမှာ သတ္တမျှောလှေးများ ရေနေကျောရိုးမဲ့ သတ္တဝါ သားလောင်းများ ဖြစ်သည်။ သားလောင်း စတင်သည့်ရက်မှ (၃၅) –(၄၅)ရက်အတွင်း သားလောင်းအဆင့်(၁၁)ဆင့်ကို ကျော်ဖြတ် ရုပ်သွင်ပြောင်းပြီး သားပေါက်အဆင့်သို့ ရောက်ရှိကာ သက်ကြီးကောင်၏ ပြင်ပလက္ခဏာ အပြည့်အစုံ ဖြစ်လာသည်။ 


    သားလောင်များသည် ပက်လက်အနေအထားအားဖြင့် နောက်ပြန်ကူးခတ်လေ့ရှိသည်။ သားပေါက် အဆင့်တွင် ပုံမှန်အနေအထားဖြင့် ကူးခတ်သည့်အပြင် အောက်ခြေတွင် တွယ်ကပ်နေလေ့ရှိသည်။ ရေချို ပုစွန်ထုတ်သားပေါက်များသည် အငန်နှုန်းပြောင်းလဲမှုဒဏ်ကို ခံနိုင်သည်။ သားပေါက်ဖြစ်သည့်နေ့မှစ၍ တစ် ပတ်၊ နှစ်ပတ်အတွင်း မြစ်၊ ချောင်း၊ အင်း၊ အိုင်များသို့ ရေစီးနှင့်အတူ လိုက်ပါရောက်ရှိသွားကြသည်။ 


    ပုစွန်များသည် အစုံစားသတ္တဝါဖြစ်ပြီး ၊ ၄င်းတို့သည် ရေနေသတ္တဝါများဖြစ်သည့် အင်းဆက်များ နှင့် ၄င်းတို့၏သားလောင်းများ၊ ရေမှော် ရေညှိ များ၊ သေးငယ်သော ခရုကလေးများ၊ သားပေါက်များကို စားသုံးသည့်အပြင် အချင်းချင်းပြန်စားသည့် အလေ့အထလည်းရှိပါသည်။ 

    ဦးဆန်းအောင်(ထွက်တိုး)

    ---

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
  • article
likes16comments0
views162views4248