cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းမှာမိုးရွာနိုင်အုံးမလား????

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ် အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်
  • ဧရာဝတီတိုင်းမှာမိုးရွာနိုင်အုံးမလား????/

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ် အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်

    ဟင်္သာတမြို့နယ်၊အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊

    ဇလွန်မြို့ နယ်၊လပွတ္တာ မြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊

    မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်းမြ မြို့နယ်၊

    ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ်၊

    ကန်ကြီးတောင့်၊ ကျုံ ပျော်မြို့နယ်၊ငပုတော၊ ပုသိမ်မြို့နယ် 

    အထက်ပါမြို့နယ်များတွင်........

    ✅✅🐠🌾ဇန်နဝါရီ ၁၂‌ရက်နေ့မှ ၁၈ရက်နေ့ထိ ၁၀ရက်တာ ကာလအတွင်း ရာနှုန်းပြည့် နီးပါး နေသာနိုင်ပြီး ရာသီဥတု ကြည်လင်ပြီး သာယာအေးမြနေမှာဖြစ်ပါတယ် ။။ ✅✅✅✅

    စိုက်ပျိူးရေး အကြံပြုချက် 

    ပဲစိုက်ရာသီဖြစ်တာဖြစ်တာကြောင့် မတ်ပဲ၊ ပဲတီစိမ်းမှာ ကျရောက်လေ့ရှိတဲ့ ငမြောင်တောင်ဖျက်ပိုးအန္တာရယ် ကို ကာကွယ်နိုင်ဖို့ ၊ အမြဲ မပြတ်စစ်ဆေးကြည့်ရှုနိုင်ရန်၊ ငမြောင်တောင် ကျရောက်ဖျက်ဆီးသည့် လက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင် အကြံပြုလိုက်ရပါသည်.

    ငမြှောင်တောင်ပိုးများသည် အပင်များရှိ အရွက်များကို ညအချိန်တွင် စားသောက်ဖျက်ဆီးလေ့ ရှိပါသည်။

    ဥမှ ပေါက်ကာစ ငမြှောင်တောင် ပိုးများသည် အပင်ထိပ်ဖူးများနှင့် အရွက်များကို ဖျက်ဆီးပစ်ကာ ညှိုးနွမ်းစေပါသည်။ 

    ငမြှောင်တောင်ပိုး သွင်ပြင်လက္ခဏာများကတော့... 

    အပင်၏ အစိတ်အပိုင်းတိုင်းတွင် ပြာလဲ့လဲ့ရောင် ဥလေးများကို အပင်၏ နေရာတိုင်းတွင် ဥလေ့ရှိပြီး

    ဥများသည် ဘဲဥပုံ ခပ်တိုတို ပုံစံရှိပီး တစ်ဖက်စွန်းတွင် မသိမသာ ခွက်ဝင်နေကာ မျက်နှာပြင်သည် နူးညံ့ တောက်ပနေတတ်ပါသည်။ 

    ငမြှောင်တောင် ဖျက်ပိုးအား ကာကွယ်နှိမ်နှင်းခြင်း 

    - ငမြောင်တောင်ပိုးများ ကျရောက်မှုမှ ကာကွယ်ရန် သီးလှည့်စိုက်စနစ်ကို လုပ်ဆောင်ပါ။ 

    - မြေကို နက်နက် ထွန်ယက်ပေးခြင်းဖြင့် ပိုးကောင်များနှင့် ဥများပေါ်လာကာ ငှက်များက လာရောက်စားသောက် ဖျက်ဆီးပေးနိုင်ပါသည်။ 

    - မလိုလားအပ်သော အပင်များနှင့် ပေါင်းပင်များကို ဖယ်ရှားပစ်ပါ။ 

    - ငမြောင်တောင်ကောင်များကို ရှာဖွေတွေ့ရှိပါက လက်ဖြင့်ဖမ်းယူဖယ်ရှားပါ။ 

    - အပင်ပေါက်အဆင့်တွင် အပင်များကို ရေလွှမ်းပေးပါက ငမြောင်တောင်ပိုးများ ပေါ်ထွက်လာပြီး ၎င်းတို့ကို ကောက်ယူ ဖျက်ဆီးသင့်ပါသည်။ ထို့အပြင် ငှက်များမှလည်း လာရောက် စားသောက်ပစ်လေ့ရှိပါသည်။ 

    - စိုက်ခင်းဝန်းကျင်တွင် ငှက်များ လာရောက်စေရန် ငှက်နားတန်းများ၊ ငှက်အိမ်များ ပြုလုပ်ပေးကာ ငှက်စာ စပါးတွဲများကို ချိတ်ဆွဲပေးထားပါ။ 

    - အိမ်မွေးကြက်များ၊ ဘဲများကို လွှတ်ပေးခြင်းဖြင့်လည်း ငမြောင်တောင်ကောင်များကို ဖျက်ဆီး စားသောက်ပစ်နိုင်ပါသည်။ 

    - နဂျီကောင်၊ ပင့်ကူ စသည့် မိတ်ဆွေပိုးများသည်လည်း ငမြောင်တောင် ကောင်များကို စားသောက်ပစ်လေ့ရှိပါသည်။ 

    - ငမြောင်တောင် လောက်ကောင်များ ရှင်သန်မနေနိုင်ရန် မြေလှန်ရာတွင် ပြာများကို ထည့်သွင်း အသုံးပြုပေးပါ။ 

    - အသိအမှတ်ပြု လက်မှတ်ရထားသော မြန်မာစာ အညွှန်းပါရှိသည့် ပိုးသတ်ဆေးများကိုသာ အသုံးပြုပါ။ 

    - ငမြောင်တောင် လောက်ကောင်များကို လက်ဖြင့် ဖမ်းယူပြီးနောက် ဖျက်ဆီးပစ်ပါ။ 

    - တမာပိုးသတ်ဆေးကို ပက်ဖြန်းပေးခြင်းဖြင့်လည်း ငမြောင်တောင်လောက်ကောင်များကို နှိမ်နင်းနိုင်ပါသည်။ 

    - ငမြောင်တောင်ကောင်များ၏ ရန်မှ ကာကွယ်ရန် စိုက်ခင်းပတ်လည်တွင် အနံ့ပြင်းသည့် အပင်များဖြစ်သည့် (ပူစီနံ၊ တရုတ်နံနံ၊ ပင်စိမ်းရိုင်းပင်၊ စပါးလင်ပင်များ) စိုက်ပျိုးပေးပါ။ 

    - သစ်ကိုင်းခြောက်များကို စိုက်ခင်း ဘေးပတ်လည်တွင် ထားပေးပါ။ သစ်ကိုင်းခြောက်ပေါ်တွင် လောက်ကောင်များ လာရောက် စုဝေးသည့် အခါ လက်ဖြင့် ကောက်ယူဖယ်ရှားပေးပါ။ 

    - စိုက်ခင်းထဲရှိ လောက်ကောင်များကို လက်ဖြင့်ကောက်ယူ ဖျက်ဆီးပစ်ပါ။ 

    - ကတ်ထူပြားကို စိုက်ခင်းဘေးတွင် ထားပေးပါ။ ညဘက်အချိန်တွင် လောက်ကောင်များက ကတ်ထူပြားအောက်တွင် ဝင်ပုန်းနေတက်သောကြောင့် အလွယ်တကူ ကောက်ယူ နှိမ်နင်းနိုင်ပါသည်။ 

    ငမြောင်တောင်ရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။ 

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် အီမာမက်တင်ဘန်ဇိုအိတ် + လန်ဒါဆိုင်ဟေလိုသရင် စားပွဲတင်ဇွန်း ၂ ဇွန်းနှုန်း 

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အင်ဒေါက်ဇာကတ်+အီမာမက်တင်ဘန်ဇိုအိတ် စားပွဲတင်ဇွန်း ၂ ဇွန်းနှုန်း 


      ငါးကန်များအတွက် အကြံပြုချက်  

     

    🐟 ဆောင်းတွင်းကာလ ရာသီဥတုအေးသဖြင့် ငါးကန်အတွင်း အောက်ဆီဂျင်ပမာဏ ပြတ်လက်နိုင်ပါကြောင်း၊ မနက်ပိုင်းတွင် ကန်ရေမျက်နှာပြင်တွင် ငါးများရေပေါ်ပိုင်း တက်လာမည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ လက္ခဏာမှာ ကန်အတွင်း အောက်ဆီဂျင် ပြတ်လက်နေခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ညပိုင်းတွင် ကန်အတွင်း ရေကိုလှည့်ပတ်စေခြင်း သို့မဟုတ် လှုပ်ရှားပေးခြင်းဖြင့် အောက်ဆီဂျင်ရရှိအောင် ဆောင်ရွက်သင့်ပါကြောင်း အကြံပြု လိုပါတယ်။

    🐟ငါးကန်များတွင် ရောဂါကျရောက်တက်သော ရာသီချိန်ဖြစ်သဖြင့် ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ရန် ရောဂါကျ ရောက်ပြီး ငါးကန်တွင် အသုံးပြုနေသည့် ပစ္စည်းများ (ဥပမာ- ငါးဖမ်းပိုက်)အစရှိသည်တို့ကို ငှားရမ်း အသုံးပြုခြင်း ရှောင်ရှားသင့်ပါကြောင်းနှင့် အကယ်၍ မဖြစ်မနေ ငှားရမ်းသုံးစွဲရမည်ဆိုပါက အခြောက်ခံ သန့်ရှင်းရေးလုပ်ပြီးမှသာ ငှားရမ်းသင့်ပါကြောင်း အကြံပြုလိုပါတယ် ခင်ဗျာ။

    🐟 ရောဂါကျရောက်တက်သည့် ရာသီချိန်ဖြစ်၍ မိမိ ငါးကန်အတွင်း ရောဂါကျရောက်နေခြင်း ရှိ/မရှိကို စဉ်ဆက်မပြတ် စောင့်ကြည့်သင့်ပါကြောင်း ထပ်လောင်း အကြံပြုအပ်ပါတယ် ခင်ဗျာ။

     

    Weather Source: CIAT  

    https://htwettoe.com/post/46786  

    ------------------  

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက  

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download  

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။



  • article
likes16comments0
views332views26532