cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လက်တွေ့အသုံးချဆေးဖက်ဝင်အပင် - ကနခို (Croton tiglium Linn)

. စိုက်ပျိုးနည်းစနစ်များ
အသက်အန္တရာယ်ပြုနိုင်သည့် ရောဂါဆိုးကြီးများ၏ဘေးမှ ကာကွယ်ကုသရာတွင် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပါသည်ဟု ဖော်ပြထားပါသည်။
  •  မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလတွင် လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များ အတွဲ (၉) အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။ ၎င်းဆေးဖက်ဝင် အပင်များသည် ရှေးဟောင်းဆေးကျမ်းများတွင်လည်းကောင်း၊ ယခုလက်ရှိ တိုင်းရင်းဆေး သမားတော်ကြီးများ ဆေးဝါး ဖော်စပ်ရာတွင်လည်းကောင်း၊ အချို့သုတေသနပြုပြီး အမှန်တကယ်အသုံးဝင်သည့် ဆေးပင်များအားလည်းကောင်း ပြည်သူလူထု အလွယ်တကူအသုံးပြုနိုင်စေရန် သတ္တမအကြိမ် တိုင်းရင်းဆေး သမားတော်များညီလာခံကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး ထိုစာအုပ်ငယ်ကို ဖတ်ရှုခြင်းအားဖြင့် ပြည်သူ လူထုအနေဖြင့် မိမိတို့၏ တကိုယ်ရေကျန်းမာရေးကို စောင့်ရှောက်ရာတွင်အထောက်အကူဖြစ်စေသည့်အပြင် ရာသီ အလိုက်ဖြစ်ပေါ်လာတတ်သော ရောဂါငယ်များနှင့် အသက်အန္တရာယ်ပြုနိုင်သည့် ရောဂါဆိုးကြီးများ၏ဘေးမှ ကာကွယ်ကုသရာတွင် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပါသည်ဟု ဖော်ပြထားပါသည်။ 

     

    ထို့အတွက်ကြောင့် ထွက်တိုး (Htwet Toe) အသုံးပြုသူတောင်သူများအနေဖြင့် စို က်ပျိုးပညာရပ်အနေဖြင့် သော်လည်းကောင်း၊ တကိုယ်ရေကျန်းမာရေးဗဟုသုတအနေဖြင့်ရရှိနိုင်စေရန် လက်တွေ့အသုံးချဆေးဖက်ဝင်အပင် တစ်မျိုးဖြစ်သည့် ကနခို (Croton tiglium Linn) အား ကောက်နုတ်ဖော်ပြပေးလိုက်ရပါသည်။ 

      

    ကနခို 

    မျိုးရင်း - Euphorbiaceae. (ကြက်ဆူမျိုးရင်း) 

    ရုက္ခဗေဒအမည် - Croton tiglium Linn. 

    မြန်မာအမည် - ကနခို 

    အင်္ဂလိပ်အမည် - Purging Croton. 

    ရှမ်းအမည် - Mai- Hkang. 

      

    အပင် 

    အမြဲစိမ်းပင်လတ်မျိုးဖြစ်သည်၊အမြင့်(၁၅)ပေမှပေ(၂၀)ထိရှိ၏၊ပင်စည်အခေါက်ညိုပြာပြာရောင်ရှိ၍ချော၏။ 

      

    အရွက် 

    ရွက်လွှဲထွက်သည်၊ဘဲဥပုံသဏ္ဍာန်ရှိ၍အဖျားချွန်သည်၊အရင်းဝိုင်း(သို့)အနည်းငယ်သွယ်သည်၊၊ရွက်ပြားပြောင်ချော၍ရွက်ကြောထင်ရှား၏၊၊ရွက်နားခွေးသွားစိပ်ရှိ၏၊၊ရွက်ညှာရှည်၏၊၊လိမ်မ္မော်ရောင်မှအစိမ်းရောင်ထိရှိသည်။ 

      

    အပွင့် 

    သေးငယ်ပြီးအဖိုပွင့်အမပွင့်ရှိသည်၊၊အဖိုပွင့်၏ပွင့်ဖတ်တွင်အမွေးမဲ့၍ဖြူသည်၊၊အမပွင့်၏ပွင့်ဖတ်တွင်အမွေးရှိသည်။အပွင့်ခိုင်သည်အခက်အလက်တို့၏အဖျားမှ ထွက်၏။ နယုန်၊ ဝါဆိုလတို့တွင်ပွင့်သည်။ 

    အသီး 

    ထောင့်(၃)ထောင့်ပါရှိသောအက်ကွဲသီးဖြစ်သည်။အစေ့ချောမွတ်၍ရှည်မျောမျောပုံရှိသည်။တပိုတွဲမှကဆုန်လအတွင်းအသီး ရင့်မှည့်သည်။ 

     

    ပေါက်ရောက်သည့်ဒေသ 

    မြန်မာပြည်ပူအိုက်စွတ်စိုသောဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အမြင့်ပေ(၂၀၀၀)အထိစိုက်ပျိုးနိုင်သည်။ 

      

    ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်ဖြစ်သည်။စိုက်ပျိုးပုံမှာ– 

    (က) ပျိုးထောင်ခြင်း 

    ကနခိုကိုသီးသန့်စိုက်မည်ဆိုပါကမြေကိုကောင်းစွာထွန်ယက်ပေးရမည်။အစေ့ကိုပျိုးထောင်ရန်မလိုဘဲတိုက်ရိုက်ချ၍စိုက်နိုင်သည်။ကနခိုအခင်းအနေဖြင့်သီးခြားစိုက်ပါကတစ်ပင်နှင့်တစ်ပင်(၈ပေမှ၁၀ပေ)ခန့်ခွာစိုက်သင့်သည်။ 

    (ခ) ပြုစုဂရုစိုက်ခြင်း 

    ပေါင်းရှင်းခြင်း၊ မြေဆွခြင်း၊ မြေသြဇာကျွေးခြင်း၊ ရေလောင်းခြင်းတို့ကိုအပင်နှင့် မြေသား အ‌ခြေအနေကြည့်၍ ဆောင်ရွက်ပေးရမည်။ 

    (ဂ) အသီးခူးခြင်း 

    ပင်သက်(၃)နှစ်သားမှစ၍ သီးသော်လည်း(၆)နှစ်သားရောက်မှသာ သီးထွက်ကောင်းသည်၊၊ တပို့တွဲလမှ ကဆုန်လအတွင်း အသီးများရင့်မှည့်လာပါက ဆွတ်ခူးပြီး အစေ့ကိုထုတ်ယူရသည်။ 

      

    အသုံးပြုသည့်အစိတ်အပိုင်း 

    အစေ့၊ အစေ့ဆီ။ 

      

    အာနိသင် 

    မြန်မာဆေးကျမ်းများအလိုအရကနခိုစေ့သည်ခါး၏၊ ပူသောသတ္တိရှိ၏၊ လေသလိပ်ဖေါက်ပြန်ခြင်းကို ပျောက် ကင်းစေ၏၊၊ ဝမ်းမီးကိုတောက်စေ၏။ အစေ့ဆီသည်လေသလိပ်ကိုကြေစေနိုင်၏။ ဝမ်းတစစ်စစ်သက်သောရောဂါကို ပျောက်ကင်းစေနိုင်၏။ အသည်းရောင်ခြင်းနှင့်မေ့‌မြောသောရောဂါ၊ ရွဲ့စောင်းသောရောဂါတို့မှကင်းဝေးစေ၏။ အဆိပ်ကိုပြေစေသည်။ 

      

    အသုံးပြုပုံ – 

    အစေ့ (၁) ကနခိုစေ့ကိုဝမ်းနှုတ်ဆေးအပုပ်ချဆေးများတွင်ထည့်သွင်းအသုံးပြုသည်။ 

             (၂) ကင်းမြီးကောက်ကိုက်သောဒဏ်ရာတွင် ကနခိုစေ့သွေးလိမ်းပေးသော် ကင်းမြီးကောက်အဆိပ် ပျောက်ကင်း၏။ 

    အစေ့ဆီ (၁) အစေ့ဆီကိုချင်းစိမ်းရေနှင်‌့ရော၍ကလေးကြက်ညှာချောင်းဆိုးရောဂါကုဆေးအဖြစ်သုံးသည်။ 

           (၂) ကနခိုဆီ ၁- ဆနှင့်အုန်းဆီ ၈ – ဆ ရောစပ်‌ပြီးအဆစ်အမြစ်ကိုက်ရောဂါကိုလိမ်းပေးကပျောက်၏။ 

            (၃) ဝမ်းဗိုက်နှင့်စပ်လျဉ်းသောရောဂါအကြောတက်ရောဂါ၊ အဖျားရောဂါ၊ ရောင်နာ၊ ရင်းနာ၊ လည်ချောင်း၊ နားနှင့်ပတ်သက်သောရောဂါများ အတွက်လည်းအသုံးပြုနိုင်၏။ 

      

    ကနခို (Croton tiglium Linn) 

     

    မူရင်း/ကိုးကား (စာ) 

    ၁။ လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များ အတွဲ (၉)၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ၂၀၀၆။ 

    ၂။ စိုက်ပျိုးရေးဦးစီးဌာန 

      

    မူရင်း (ပုံ) 

    ဝီကီပီးဒီးယား https://en.wiktionary.org/wiki/%E1%80%80%E1%80%94%E1%80%81%E1%80%AD%E1%80%AF

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

     


  • article
likes10comments0
views85views1566