cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆန်/ဆန်ကွဲမှ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို ဒီဇယ်ဆီအတွက်သာ သုံးစွဲမည်🌾🌾

. သတင်းစုံ
ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) က ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ ပြောင်း တင်ပို့ခြင်းကနေ ရရှိတဲ့ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို ‘စက်သုံးဆီတင်သွင်းခြင်းအတွက် ပြည်ပသို့ ပေးချေရန် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိပေးမည်’လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အသိပေးထားပါတယ်။
  • article
  • လယ်ယာထွက်ကုန်အုပ်စုဝင် ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှုမှ ရရှိလာတဲ့ ပို့ကုန်ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ဒီဇယ်ဆီတစ်မျိုးတည်းအတွက်ပဲ အသုံးပြုခွင့်ပြုသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တာဝန်ရှိသူက ပြောပါတယ်။

    “စက်မှုကုန်ထုတ်၊ စိုက်ပျိုးကုန်ထုတ်အတွက် အဓိကလိုအပ်တဲ့ ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ကိုပဲ ခွင့်ပြုတာဖြစ်ပါတယ်။ ကျန်တဲ့ ဓါတ်ဆီများ မပါဝင်ပါဘူး”လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

    ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) က ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ ပြောင်း တင်ပို့ခြင်းကနေ ရရှိတဲ့ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို ‘စက်သုံးဆီတင်သွင်းခြင်းအတွက် ပြည်ပသို့ ပေးချေရန် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိပေးမည်’လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အသိပေးထားပါတယ်။

    ပို့ကုန်ရငွေ ဝင်ရောက်ထားတဲ့ ကုမ္ပဏီတွေကိုယ်တိုင် စက်သုံးဆီတင်သွင်းပါက သွင်းကုန်အတွက် ပေးချေရာတွင် ကုမ္ပဏီရဲ့ နိုင်ငံခြားငွေစာရင်းမှာရှိတဲ့ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကနေ ပေးချေရမှာပါ။

    “ယခုမှ စတင်ဆောင်ရွက်နေမှုဖြစ်ပါတယ်။ ကုမ္ပဏီများနဲ့ ဌာနဆိုင်ရာများ၊ ဘဏ်များ ပူးပေါင်းညှိနှိုင်းမှု စတင်ဆောင်ရွက်နေဆဲဖြစ်ပါတယ်”လို့ MRF တာဝန်ရှိသူက ဆိုပါတယ်။

    ပို့ကုန်လုပ်ငန်းရှင်များနဲ့ စက်သုံးဆီတင်သွင်းသူများကို တိုက်ရိုက်ချိတ်ဆက်ပေးတာဖြစ်လို့ ပို့ကုန်အတွက်ရော၊ စက်သုံးဆီဈေးကွက် တည်ငြိမ်မှု၊ ငွေလဲနှုန်းတည်ငြိမ်မှုအတွက်ပါ ပိုမိုအကျိုးရှိ ကောင်းမွန်နိုင်တယ်လို့ ဆက်ပြောပါတယ်။

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလအတွင်း ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိခဲ့ပြီး အဲ့ဒီပမာဏက ဘဏ္ဍာနှစ် ၉ လအတွင်း အများဆုံးရရှိတဲ့ ပို့ကုန်ဝင်ငွေလည်း ဖြစ်ပါတယ်။

    BETV Business မှ ကူးယူဖော်ပြပါသည်။

    ------------------------------------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။


likes11comments0
views116views1670