cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့်တိုးမြှင့်မှုနှင့်အတူ ပဲစင်းငုံပေါက်ဈေးစံချိန်တင် ဈေးဖြစ်လာ

. ဈေးကွက်
ပို့ကုန်ပဲတွေမှာ ပဲစင်းငုံကတော့ တစ်အိတ် ငွေကျပ် ၃၃၅၀၀၀ ထိပေါက်ဈေးဖြစ်လာပြီး စံချိန် တင်ဈေးဖြစ်လာပါတယ်။ မတ်ပဲ လည်းဈေးကောင်းနေပေမယ့် ပဲတီစိမ်းကတော့ ဈေးမတက်ပါ ဘူး။
  • အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်း ခွင့်ကာလတိုးမြှင့်လိုက်တာနှင့် အတူ ပဲစင်းငုံပေါက်ဈေးမှာ စံချိန်တင် အမြင့်ဈေး ဖြစ်လာ ကြောင်း ပဲ၊ နှမ်း ကုန်သည် များထံမှ သိရသည်။

    ၂၀၂၄ခုနှစ် အသစ်ဝင်ပဲစင်း ငုံမှာ ဈေးကွက်အတွင်း အရောင်း အဝယ်ပေါက်ဈေး စံချိန်ဈေးမြင့် တက်လာပြီး ဈေးကွက်အတွင်း အဝင်ရှိသလောက် ဝယ်လိုအား ကောင်းနေကြောင်း တရုတ်ကုန် သည်များ အဝယ်ကောင်းလာတာ ကြောင့်လည်း ဂျပန်နှမ်းဖြူတစ် တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ ထိ ပေါက်ဈေးဖြစ်လာကြောင်း ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ အမျိုးအစားအလိုက် တစ်အိတ် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးမြင့် တက်လာသော်လည်း အခြား ပဲမာ လိုင်းများမှာ ယခင်သီတင်းပိတ် အတိုင်း အပြောင်းအလဲ သိပ်မရှိ ကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

    ] ပဲနှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးတွေ ဖြစ်နေတော့ အရောင်းအဝယ်က အကောင်း ကြီးမဟုတ်ပေမယ့် ပုံမှန်သာ အရောင်း အဝယ်ရှိနေပါတယ်။ ပို့ကုန်ပဲတွေမှာ ပဲစင်းငုံကတော့ တစ်အိတ် ငွေကျပ် ၃၃၅၀၀၀ ထိပေါက်ဈေးဖြစ်လာပြီး စံချိန် တင်ဈေးဖြစ်လာပါတယ်။ မတ်ပဲ လည်းဈေးကောင်းနေပေမယ့် ပဲတီစိမ်းကတော့ ဈေးမတက်ပါ ဘူး။ တရုတ်လိုင်း အဝယ်ကောင်း နေလို့ နှမ်းမျိုးဈေးမှာလည်း အမျိုးအစားအလိုက် ဈေးကောင်း နေပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေကတော့ လက်ကျန် နည်းတာနဲ့ အသစ်မဝင်သေးတော့ ဈေးမြင့်တက်နေတာပါ။ အသစ် ဝင်ပဲတွေကတော့ မန္တလေးဈေး ကွက်ထဲကို လမ်းပန်းဆက်သွယ် ရေးကောင်းကောင်းနဲ့ ဝင်လာ နိုင်မှ ပဲ၊ နှမ်းဈေးကွက် အရောင်း အဝယ်ကောင်းမှာပါ။ လက်ရှိ မှာ တောင်သူတွေအနေနဲ့ ပွဲရုံ တွေကို တင်ပို့စရိတ်လည်း မြင့် တက်နေ ပါတယ်}ဟု ၎င်းက ပြောသည်။

    ဇန်နဝါရီ ၁၁ ရက်တွင် မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင် စံချိန်တင်ပေါက်ဈေး ငွေကျပ် ၃၃၅၀၀၀ ပေါက်ဈေးရှိလာ သည်၊၊ ပဲတီစိမ်းအညာတစ်အိတ် လျှင် ငွေကျပ် ၁၈၈၀၀၀ ပေါက် ဈေးဖြင့် ဈေးမြင့်တက်လာသည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး ဇန်နဝါရီ ၁၁ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၃၁၂၅၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀ ပေါက်ဈေးဖြင့် ဈေးဆက်လက် မြင့်တက်လာသည်။

    ပြည်တွင်းသုံး ပဲမာလိုင်း များမှာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၃၈၀၀၀၀၊ ပဲထောပတ်တစ် အိတ်လျှင် ငွေကျပ် ၄၄၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၅၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ မြေပဲအနီလုံး ဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၆၉၀၀-၇၀၀၀ ပေါက် ဈေး မြင့်တက်လာသည်။

    ဇန်နဝါရီ ၁၁ ရက်တွင် နှမ်း ဖြူ((ဂျပန်)၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရ သည်။

    မကွေးဂျာနယ် မှ ကူးယူဖော်ပြပါသည်။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။


  • article
likes
10
comments
0
views
1820