cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အုန်းပိုး 🪲🪲 Rhinoceros beetle Oryctes rhinoceros Coleoptera: Scarabaeidae

. ပိုးမွှား
အုန်းလက်များသည် အင်္ဂလိပ်အက္ခရာ ( V ) ပုံသဏ္ဍာန် (သို့) သတ်ပုံသဏ္ဍာန် ကိုက်ဖြတ်ခံထားရသော လက္ခဏာကျန်ရစ်ခဲ့သည်။ ထို့ပြင် အုန်းလက်ရိုးတံ၏ အလယ်ဗဟို အောက်ခြေတွင် ကိုက်စားခံထားရပြီး အမျှင်များပါရှိသော အပေါက်များ ဖြစ်ပေါ်နေတတ်သည်။
  • article
  • လက်ခံပင် -

    နာနတ်၊ ကြံ၊ ဆီအုန်း၊ ကွမ်း၊ မုန်တိုင်၊ ထန်း၊ စွန်ပလွန်


    ဖျက်ကောင်ပုံသဏ္ဍာန်

    အမတစ်ကောင်သည် ဘဲဥပုံသဏ္ဍာန်ရှိပြီး အဖြူနှစ်ရောင်ရှိသော ဥများကို အနက် (၅ - ၁၅) စင်တီမီတာ ခန့်ရှိသော သစ်ရွက်ဆွေးများ၊ သစ်ဆွေးပုံများ၊ အုန်းပင်အသေများနှင့် သစ်ငုတ်တိုများတွင် ဥဥလေ့ရှိသည်။ ဥသက်တမ်းမှာ (၈ - ၁၈)ရက် ကြာမြင့်သည်။ လောက်ကောင်သည် အဖြူရောင်ကိုယ်ထည်နှင့် အညို ဖျော့ရောင် ဦးခေါင်းဖြစ်ပြီး အင်္ဂလိပ်အက္ခရာ C ပုံ သဏ္ဍာန်ရှိကာ ‌တောင့်တင်းပြီး နှေးကွေးသည်။ ၄င်းလောက်ကောင်များ အား မြေကြီးအနက် (၅ - ၃၀) စင်တီမီတာတွင် တွေ့ရှိနိုင်သည်။ လောက်ကောင်အဆင့် (၃) ဆင့်ဖြစ်ပြီး မြေအနက် (၀.၃ - ၁) မီတာရှိ မြေသားတွင် ရုပ်ဖုံးပြုလုပ်သည်။ ရုပ်ဖုံး၏ပြင်ပသွင်ပြင်လက္ခဏာသည် အကောင်ကြိး၏ သွင်ပြင်လက္ခဏာနှင့် နီးပါးတူသည်။ ၄င်းရုပ်ဖုံးမှ ရက် ပေါင်း (၁၀ - ၂၅) ရက်အတွင်းတွင် အကောင်ကြီး အဖြစ်သို့ ရောက်ရှိသည်။ အကောင်ကြီးသည် တောင့်တင်းပြီး အမဲရောင်ဖြစ်ကာ ညဘက်၌ တွေ့ရှိနိုင်သည်။ အကောင်ကြီး အထီးတွင် ကျောဘက်ခြမ်း၌ ဦးခေါင်းမှနေ၍ ထိုးထွက်နေသော ရှည်လျားသောဦးချိုပါရှိသည်။ ၄င်းဦးချိုသည် အကောင်ကြီးအမတွင် တိုသည်။ ထို့အတူ အကောင်ကြီးအထီး၏ ဝမ်းဗိုက်ထိပ်ဖျားပိုင်းသည် ချောမွတ်နေပြီး အမတွင်မူ အနီရောင်အမွှေးကြမ်း အစုလိုက်ပါရှိသည်။


    ကျရောက်ဖျက်ဆီးမှု့လက္ခဏာ

    သက်တမ်း (၁ - ၃) နှစ်အတွင်းရှိပြီး ကျန်းမာသန်စွမ်းသော အုန်းပင်ငယ်များတွင် ဆိုးဝါးစွာ ကျရောက် ပါသည်။ ဖျက်ဆီးမှု့လက္ခဏာအနေဖြင့် အုန်းလက်အလယ်ရိုးတံများ ပြတ်တောက်နေခြင်း (သို့) ကျိုးကျနေသည် ကိုတွေ့ရနိုင်သည်။ ပြန့်ကားစွာရှိနေသော အုန်းလက်များသည် အင်္ဂလိပ်အက္ခရာ ( V ) ပုံသဏ္ဍာန် (သို့) သတ်ပုံသဏ္ဍာန် ကိုက်ဖြတ်ခံထားရသော လက္ခဏာကျန်ရစ်ခဲ့သည်။ ထို့ပြင် အုန်းလက်ရိုးတံ၏ အလယ်ဗဟို အောက်ခြေတွင် ကိုက်စားခံထားရပြီး အမျှင်များပါရှိသော အပေါက်များ ဖြစ်ပေါ်နေတတ်သည်။ ၄င်းအပေါက် များသည် ဘက်တီးရီးယား၊ မှိုနှင့် အခြားရောဂါဖြစ်စေသော သက်ရှိများကျရောက်နိုင်မှုကို ဖြစ်စေသည့်အပြင် အကောင်ပေါက်ပွားရာနေရာအဖြစ်လည်း ဖန်တီးပေးသည်။


    ကာကွယ်နှိမ်နင်းနည်းများ

    - အလင်းရောင်ထောင်ချောက်အသုံးပြု၍ ပိုးကျရောက်မှု့ရှိမရှိအား စောင့်ကြည့်စစ်ဆေးခြင်း။

    - အပင်သေများအား ဖျက်ဆီးပစ်ခြင်း။

    - စိုက်ခင်းနှင့် စိုက်ခင်းပတ်ဝန်းကျင်အား သန့်ရှင်းအောင်ပြုလုပ်ခြင်း။

    - ထွန်ခြစ်ဖြင့် လောက်ကောင်၊ ဥများနှင့် ရုပ်ဖုံးများအား မြေပေါ်သို့ပေါ်လာစေရန် ပြုလုပ်ခြင်းဖြင့် ၄င်းတို့အား နေပူဖြင့် ထိတွေ့စေခြင်း၊ လက်ဖြင့်ကောက်ယူဖျက်ဆီးခြင်းနှင့် သားရဲကောင်များမှ စားသုံးစေခြင်း။

    - ပိုးများမလာစေရန် အရွက်လက်များကြားတွင် ပရုပ်လုံး (၃) လုံးချထားခြင်း။

    - ဇီဝသက်ရှိမှိုတစ်ခုဖြစ်သည့် Metarhizium maius (Formely Metarhizium anisopliae) ၏ မှိုစပိုးများဖြင့် လောက်ကောင်နှင့် အကောင်ကြီးများ ဇီဝနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း။

    ထွက်တိုး

    References

    https://www.cabidigitallibrary.org/.../cabicompendium.37974

    http://www.eagri.org/eagri50/ENTO331/lecture07/001.html#

    https://agritech.tnau.ac.in/.../crop_prot_crop_insect_oil...

    http://coconutpests.org//pests-and-diseases-of-coconut/coconut-rhinoceros-beetle-oryctes

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
  • article
  • article
likes12comments0
views222views2203