cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပင်မှည့်သီး၏ အာဟာရ အကျိုးကျေးဇူးများ

. ကျန်းမာရေးဆောင်းပါးများ
ပင်မှည့်သီး မှာပါတဲ့ အာဟာရဓာတ်များ -
• ဗီတာမင် C
• သံဓာတ်
• အမျှင်ဓာတ်
• ရေဓာတ်
• ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။
  • ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာ လည်းရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေရစေတဲ့ ပင်မှည့်သီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။

    ပင်မှည့်သီး မှာပါတဲ့ အာဟာရဓာတ်များ

    ဗီတာမင် C၊ သံဓာတ်၊ အမျှင်ဓာတ်၊ ရေဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

    ပင်မှည့်သီးကနေ ဒီလိုကောင်းကျိုးတွေရနိုင်ပါတယ်

    လူကို လန်းဆန်းစေပါတယ်။

    ပင်မှည့်သီးဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင့် သောက်လိုက်တဲ့ လူတိုင်း ကိုလန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြားဖျော်ရည်တွေလိုမျိုး သောက် ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။

    အာဟာရဓာတ်တွေ များစွာပါပါတယ်။

    ချဉ်ချိုချို အသီးလေးဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

    ခုခံအားကို တက်စေပါတယ်။

    ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူကကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။

    အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီး

    လည်းအတူတူပါပဲ။ သူ့ရဲ့ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းအဆိပ်အတောက်များ

    ကိုဖယ်ရှားပေးမှာဖြစ်တဲ့အပြင် ကင်ဆာရောဂါမဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။

    အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

    ပင်မှည့်သီးက အစာကြေစေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမား တွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။

    ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။

    ဓာတ်မတည့်ပစ္စည်းတွေ ထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးက ပန်းနာရင်ကျပ်သမားတွေအတွက် လက်စွဲအသီးတစ်ခုပါ။

    အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

    ပင်မှည့်သီးရဲ့ ကြွယ်ဝလှတဲ့ flavonoids တွေက သင့်မျက်လုံး အပေါ် သက်ရောက်တဲ့ ဓာတု ပစ္စည်းမှန်သမျှကို ဖယ်ရှားပေးမှာဖြစ်လို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှတဲ့ အသီး တစ်ခုနော်။

    သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။

    ပင်မှည့်သီးမှာပါတဲ့ non-heme iron ( အပင်ကရတဲ့ သံဓာတ်) ကြောင့် သံဓာတ်ချို့တဲ့ သွေးအား နည်းရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။

    ဘာတွေ သတိထားရမလဲ

    ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အများကြီးစားရင် အစာအိမ်မအီမသာ ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ပင်မှည့်သီးက ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ ကျန်းမာရေးပြဿ နာတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    Credit to Hello ဆရာဝန်



  • article
likes14comments0
views162views2008