cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြူကုတ်စျေးကျလာပေမယ့် ရှမ်းကြက်သွန်ဖြူ အမြင့်စျေးတန်းမှာပဲရှိနေ (ဇန်နဝါရီ ၁၅ ၊၂၀၂၄)

. ဈေးကွက်
အောက်တိုဘာလ ၂၇ ရက်နေ့ နောက်ပိုင်းကစပြီး နိုဝင်ဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြူကုတ်ကြက်သွန်ဖြူစျေးထက် လက်ရှိမှာကြူကုတ်က တစ်ပိဿာကို ၁၅၀၀၀ လောက်အထိပြန်ကျလာပေမယ့် ဒေသဥကတော့ အဲ့ဒီအချိန်ကထက် ၂ လအတွင်းမှာ တစ်ပိဿာကို ၅၀၀၀ ကျပ်လောက်အထိ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။
  • ကြူကုတ်ကြက်သွန်ဖြူစျေး ဆက်တိုက်ကျလာပေမယ့် ပြည်တွင်းကထွက်တဲ့ ဒေသခေါ်ရှမ်းကြက်သွန်ဖြူကတော့ လက်ကျန်နည်းလာတာကြောင့် စျေးတွေက အမြင့်စျေးတန်းမှာပဲ ရှိနေ တယ်လို့ ရှမ်းတောင် ကုန်သည်တွေဆီကသိရပါတယ်။

    တရုတ်ကနေ ကြူကုတ် ကြက်သွန်ဖြူအဝင်နည်းတာကတကြောင်း ၊ ပြည်တွင်းမှာ ရှမ်းကြက်သွန်ဖြူလက်ကျန်နည်းလာချိန် အဝယ်ရှိနေတာတွေကြောင့် ရှမ်းကြက်သွန်ဖြူစျေးက ​မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

    "ကြက်သွန်ဖြူက နှောင်းပိုင်းရောက်လာတယ်၊ရောက်လာတော့ ပစ္စည်းကရှားသွားတယ် နည်းသွားတယ်ပေါ့ ပစ္စည်းနည်းနေတဲ့အချိန်မှာ ဝယ်လိုအားလေးကရှိနေတယ် ရှိနေ တော့ပစ္စည်းကမရှိတော့ စျေးကတက်လာတဲ့သဘောပါ။စျေးကတော့ထပ်တက်လာမယ့်အခြေအနေကိုရှိသေးတယ်။ " လို့ ရှမ်းပြည်နယ် တောင်းပိုင်းမှာရှိတဲ့ ရှမ်းတောင်သူသီးနှံပွဲရုံပိုင်ရှင်ကိုမိုက်ကယ်က သုံးသပ်ပြောပါတယ် ။

    ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ အောင်ပန်းထူး ၁ တစ်ပိဿာကို ၁၄၀၀၀ ကျပ်၊ အောင်ပန်းထူး ၂ တစ်ပိဿာကို ၁၅၀၀၀ ကျပ်၊ အောင်ပန်းထူး ၃ တစ်ပိဿာကို ၁၅၈၀၀ ၊အောင်ပန်းထူး ၄ တစ်ပိဿာ ၁၆၀၀၀၊အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၇၀၀၀ ကျပ်၊ ဥတစ်လုံး (ဧရာမဆိုက်အလွန်) တစ်ပိဿာ ကို ၂၅၀၀၀ ကျပ်၊ ဥတစ်လုံး အလတ်ဆိုက်က ၂၀၀၀၀ ကျပ်၊ ဥတစ်လုံး အသေးဆိုက်က ၁၈၀၀၀ ကျပ် ရှိပြီး ကြူကုတ် က ၁၁၀၀၀ မှ ၁၂၀၀၀ ကျပ်အထိရှိပါတယ်။

    ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ်ရှယ်ကြက်သွန်ဖြူတစ်ပိဿာကို ၉၅၀၀ မှ ၉၈၀၀ ကျပ်သာရှိပြီး ရှမ်းပြည်နယ်ထွက် အောင်ပန်းထူး ၂ ကတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ အောင်ပန်းထူး ၃ ကတစ်ပိဿာကို ၁၅၈၀၀ ကျပ်၊ အောင်ပန်းထူး ၄ တစ်ပိဿာကို ၁၆၃၀၀ ကျပ်၊ အောင်ပန်းထူး ၅ တစ်ပိဿာ ကို ၁၆၈၀၀ ကျပ် စျေးရှိပါတယ်။

    ရှမ်းမြောက်မှာတိုက်ပွဲဖြစ်ပွားတဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ နောက်ပိုင်းကစပြီး နိုဝင်ဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြူကုတ်ကြက်သွန်ဖြူစျေးထက် လက်ရှိမှာကြူကုတ်က တစ်ပိဿာကို ၁၅၀၀၀ လောက်အထိပြန်ကျလာပေမယ့် ဒေသဥကတော့ အဲ့ဒီအချိန်ကထက် ၂ လအတွင်းမှာ တစ်ပိဿာကို ၅၀၀၀ ကျပ်လောက်အထိ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

    လက်ရှိမှာ ရှမ်းပြည်နယ်က ထွက်တဲ့ကြက်သွန်ဖြူကို ရန်ကုန်၊ မန္တလေး ၊ ဧရာဝတီတိုင်း စျေးကွက်တွေကိုသာ အဓိကတင်ပို့ရောင်းချနေရပြီး ကျန်တဲ့ဒေသအများစုကတော​့ နယ်မြေအေးချမ်းမှု မရှိတာ၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတာတွေကြောင့် တင်ပို့မှု လုံးဝမရှိတဲ့နေရာရှိသလို တင်ပို့မှုအနည်းငယ်သာရှိတဲ့နေရာတွေလည်းရှိနေတယ်လို့သိရပါတယ်။

    ရှမ်းကြက်သွန်ဖြူအသစ်တွေက လာမယ့် ဧပြီလလောက်မှာ စတင်ရိတ်သိမ်းရမှာဖြစ်ပြီး ​အသစ်ပေါ်ချိန်ရောက်မှသာ စျေးတန်းက ပြန်လည်ကျဆင်းနိုင်တယ်လို့ ကုန်သည်တွေကသုံးသပ်ပါတယ်။

    ချစ်ခွန်းချို ( AMIA)

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes5comments0
views83views1545