cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့လို့ လူနေအိမ်များ၊ ဓါတ်တိုင်များပြိုလဲ၊ အိမ်များ အမိုးလန်

. ရာသီဥတု သတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း ဇန်နဝါရီ ၁၆ရက် ညနေ ၃ နာရီ ၃၀ အချိန်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်များ၊ ဓါတ်တိုင်များပြိုလဲပြီး အိမ်များ အမိုးလန် ခြင်းများ ဖြစ်ပွားခဲ့
  • ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း ဇန်နဝါရီ ၁၆ရက် ညနေ ၃ နာရီ ၃၀ အချိန်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်များ၊ ဓါတ်တိုင်များပြိုလဲပြီး အိမ်များ အမိုးလန် ခြင်းများ ဖြစ်ပွားခဲ့လို့ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရှိရ ပါတယ်။

    မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပွတ်စုကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စု၊ မယ်ဇလီတန်းကျေးရွာအုပ်စုများတွင် ဓါတ်တိုင်များပြိုလဲခဲ့သည့်အပြင် တာပွန်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဘုဒလက်ကုန်း၊ ရှားဖြူကုန်း၊ ရေကြည်၊ ကျွန်းကတုတ်၊ ကုန်းသာ၊ မယ်ဇလီတန်း၊ ပွတ်စု၊ ဒေါကျော်ရွာ၊ ကျေးလက်ကျေးရွာများတွင် လူနေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်မှုများ ဖြစ်ပွားခဲ့တာပါ။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နတ်တလင်းမြို့နယ်မီးသတ်စခန်းနှင့် တာပွန်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် လေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ နေအိမ်များသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။

    Myanmar Future News မှ လေးစားစွာဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကို ရုံးချိန်အတွင်း ဆက်သွယ်အကူအညီရယူနိုင်ပါတယ်။


  • article
likes13comments0
views169views1241