cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရွှေဝါငါးကြင်း မွေးမြူခြင်းနှင့် သဘာဝနည်းဖြင့် သားဖောက်နိုင်ခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
သားပေါက်နိုင်သော မျိုးငါး၏ သက်တမ်းမှာ (၂)နှစ်ဖြစ်ပြီး ၊အလေးချိန်အားဖြင့် (၆၀)ကျပ်သား ဖြစ်ပါသည်။ မြေလှောင်ကန်အတွင်း သဘာဝအလျှောက် မိတ်လိုက်တတ်ပါသည်။ ငါး အထီး၊ အမကို သီးခြားပြုစုထားရပါမည်။
  • ငါးမွေးတောင်သူများသည် ငါးတစ်မျိုးတည်း မွေးမြူခြင်း နှင့် ငါးမျိုးစိတ်မတူသော ငါးများရောနှော မွေးမြူခြင်းလုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ ငါးမျိုးစိတ်တစ်မျိုးတည်းသာ မွေးသည်ဖြစ်စေ၊ ရော‌နှော မွေးမြူသည်ဖြစ်စေ၊ ရွှေဝါ ငါးကြင်းငါးမျိုးကို ထည့်သွင်းမွေးမြူသင့်ပါသည်။ ရွှေဝါငါးကြင်းမျိုးစိပ်သည် ကန်အောက်ခြေတွင် နေထိုင်ပြီး၊ ကန်အောက်ခြေရှိ အစာကြွင်း၊ အစာကျန်များကို စားသုံးသည့်အပြင် ကန် အောက်ခြေရှိ အညစ်အကြေးများကိုလည်း စားသောက်ကြပါသည်။ ထို့ကြောင့် မွေးမြူရေးသမားများက ရွှေဝါငါးကြင်းကို သန့်ရှင်းရေးငါးဟုလည်း တင်စားဆိုကြပါသည်။ ထို့ကြောင့် ကန်ကြပ်မွေးသော ငါးကန် များတွင် ကန်အောက်ခြေတွင် အညစ်အကြေးများ နည်းပါးစေရန်အတွက် ရွှေဝါငါးကြင်းအား ထည့်သွင်း မွေးမြူသင့်ပါသည်။

    ရွှေဝါငါးကြင်ထည့်သွင်းမွေးမြူရာတွင် ငါးထည့်သွင်းနှုန်း မများစေရန် သတိပြုရပါမည်။ ရွှေဝါ ငါးကြင်သည် ကန်အောက်ခြေတွင် နေထိုင်သွားလာလှုပ်ရှားသဖြင့် ငါးများပါက ကန်ရေနောက်ကျိစေပါ သည်။ ရွှေဝါငါးကြင်းသည် ကန်ဘေးဘောင်များကို ဂလိုင်တူးခြင်း ပြုလုပ်ကြသဖြင့် ကန်ဘောင်များ ပြိုကျခြင်းများလည်းဖြစ်တတ်ပါသည်။ ထို့ကြောင့် ငါးမွေးကန် တစ်ဧကတွင် ရွှေဝါငါးကြင်း ၅၀ မှ ၁၀၀ အထိသာ ထည့်သွင်းမွေးမြူသင့်ပါကြောင်း တင်ပြအပ်ပါသည်။

    ရွှေဝါငါးကြင်သည် သဘာဝအလျှောက် သားပေါက်နိုင်သော်လည်း လူတို့ ပြုပြင်ဖန်တီး‌ပေးရန် လို အပ်ပါသည်။ သားပေါက်နိုင်သော မျိုးငါး၏ သက်တမ်းမှာ (၂)နှစ်ဖြစ်ပြီး ၊အလေးချိန်အားဖြင့် (၆၀)ကျပ်သား ဖြစ်ပါသည်။ မြေလှောင်ကန်အတွင်း သဘာဝအလျှောက် မိတ်လိုက်တတ်ပါသည်။ ငါး အထီး၊ အမကို သီးခြားပြုစုထားရပါမည်။ ရွှေဝါငါးကြင်းအား ဒီဇင်ဘာလမှ မတ်လအထိလည်းကောင်း၊ ဇူလိုင်လမှ သြဂုတ်လအထိ လည်းကောင်း သားဖောက်ခြင်းပြုလုပ်နိုင်ပါသည်။

    သားဖောက်ခြင်းပြုလုပ်မည်ဆိုပါက ငါးမိတ်လိုက်ကန်နှင့် ပြုစုကန်အား သီးခြားထားရပါမည်။ တချို့ မှာ ပြုစုကန်မှာပင် ဝါး၊ ယင်း၊ ပိုက်တို့ဖြင့် အကာအရန်ထားရှိပြီး အဆိုပါအကန့်တွင် ငါးအထီး နှင့် အမအား (၂း၁)ဖြင့် နေရာအကျယ်အဝန်းပေါ်မူတည်ပြီး အရေအတွက်အရ မှန်ဆပြုလုပ်ကြပါသည်။ (၀.၂၅)မှ (၀.၅) ဧကအရွယ်ကန်အား သားပေါက်ပြုစုကန်အဖြစ်အသုံးပြုကြပါသည်။ ကန်အားရေ အပြောင်ပက်ထုတ်ခြင်း၊ ငါးရိုင်းရှင်းလင်းခြင်း ၊ ထုံးဖြူခြင်းကိုပြုလုပ်ပးရပါမည်။ ပြုစုကန်အား တစ်ပတ်အခြောက်ခံ နေလှန်းပေးရပါမည်။ ပြုစုကန်အတွင်း သားဖောက်မည်ဆိုပါက ကန့်ဒေါင့်တစ်နေရာတွင် အကာအရန်ထားပြီး ဆောင်ရွက်ပေးရပါမည်။

    ပြုစုကန် အတွင်းသို့ ရေ (၁)ပေခွဲ (၂)ပေခန့်ကို စစ်ပြီး သွင်းပေးရပါမည်။ မျိုးငါးအမမှာ ဗိုက်အိုးပျော့ နေပြီး၊ အဝါရောင်ရှိသောဥများ သီးခြားကွဲ၍ ထွက်လာပါမည်။ မျိုးငါး အထီးမှာ အဖြူရောင်ရှိသော မျိုးရည် များ ပြည့်ထွက်လာရပါမည်။ အဆိုပါ ငါးအထီး၊ အမများအား ပြုစုကန်အတွင်းရှိ အကန့်များသို့ ညနေပိုင်းတွင် ထည့်သွင်းပြီး ည (၁၀)နာရီ (၁၁)နာရီတွင် ရေပန်းများချပေးပြီး ငါးများမိတ်လိုက်ရန် လှုပ်ဆော်ပေးရပါမည်။ ယင်း အကန့်အတွင်းသို့ ဗေဒါ အရွက်နုများကို အကန့်၏ ၄ပုံ၊ ၁ပုံခန့် ထည့်သွင်းပေးထားရပါမည်။ နံနက် (၃)နာရီမှ (၇)နာရီအတွင်း ငါးများမိတ်လိုက် ဥချကြပါသည်။ ရွှေဝါငါးကြင်း၏ ဥသည် စေးကပ်သောကြောင့် ဗေဒါပင်များ၏ အမြစ်တွင်တွယ်ကပ်နေကြပါသည်။ နံနက် (၈)နာရီ (၉)နာရီတွင် ဗေဒါပင် များဆယ်ယူပြီး သားပေါက်ခြင်းကို ပြုစုကန်တွင် ဆောင်ရွက်ရပါမည်။ အဆိုပါ ဗေဒါများကို ညိမ်သက်စေရန် ဝါးကန့်ထားပြီး ထားရှိရပါမည်။ ထို့နောက် အကန့်အတွင်းရှိ ငါးများဖမ်းယူပေးပါ။

    ပြုစုကန်အတွင်း ဖောက်ထားသော ငါးဥများသည် (၂)ရက်ခန့်အကြာတွင် အကောင်ပေါက်လာပါ မည်။ အစာအဖြစ် ဖွဲနု နှင့် ပဲဖတ်ရည်ကို တစ်နေ့ (၃)ကြိမ် ပက်ပေးပါ။ တစ်ပတ်ကြာလျှင် ရေကို (၂)ပေခွဲအထိ ဖြည့်ပေးပါ။ ရက်ပေါင် (၂၀)ကျော်လျှင် ၁လက်မအရွယ် ငါးသန်များ ရရှိလာပါမည်။

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes7comments0
views248views1164