cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးနဲ့ရန်ကုန်စျေးကွက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ စျေးနူန်းများ (၁၅.၁.၂၀၂၄ မှ ၁၉.၁.၂၀၄ ထိ)

. ဈေးကွက်
မတ်ပဲက ဆက်တိုက်အတက်ပြလာရာကနေ ခုအပတ်မှာ စျေးဆက်တိုက် ကျလာပါတယ်။
ဒါပေမယ့်လည်း မတ်ပဲပိဿာ ၂၀ တစ်တင်းကို ၉၀၀၀၀ ကျပ်အောက် အထိကျဆင်းနိုင်ဖွယ်
မရှိဘူးလို့သိရပါတယ်။
  • ဇန်နဝါရီလ တတိယပတ် ကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ မန္တလေးနဲ့ရန်ကုန်စျေးကွက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ စျေးနူန်းတွေဖြစ်ပါတယ်။

    ခုတစ်ပတ်မှာတော့ ပြောင်း စျေးကျဆင်းသလို ကုလားပဲ ၊ စားတော်ပဲ ၊မတ်ပဲ လည်း စျေးကျလာပြီး ပဲကြီးကတော့ အကျစျေးမှာ ငြိမ်နေပါတယ်။

    မတ်ပဲ

    မတ်ပဲက ဆက်တိုက်အတက်ပြလာရာကနေ ခုအပတ်မှာ စျေးဆက်တိုက် ကျလာပါတယ်။

    ဒါပေမယ့်လည်း မတ်ပဲပိဿာ ၂၀ တစ်တင်းကို ၉၀၀၀၀ ကျပ်အောက် အထိကျဆင်းနိုင်ဖွယ်

    မရှိဘူးလို့သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ခုတပတ် မတ်ပဲFAQ တစ်တန်ကို ၂၉၇၂၅၀၀ ၂၉၈၇၅၀၀ ကျပ်စျေးရှိ လို့ အရက်တစ်ပတ်ကထက် တစ်တန်ကို ကျပ် ၅၅၀၀၀ ဝန်းကျင် စျေးကျလာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း အခုတစ်ပတ်မှာ အမြင့်ဆုံး ပိဿာ ၆၀ အမြင့်ဆုံး ၂၈၂၀၀၀ ကျပ်သာရှိ လို့ အရင်ပတ်ကထက် ၈၀၀၀ ကျပ် ကျဆင်းလာတာပါတယ်။

    ဟင်္သာတကုန်စည်ဒိုင်နဲ့ ပဲခူးတိုင်းက ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲပိဿာ ၂၀ ကို ၉၉၀၀၀ ကျပ်ရှိရာ ကနေ ၉၆၀၀၀ ကျပ်အထိ ကျဆင်းလာပါတယ်။

    ပြောင်းဆံ

    ပြည်တွင်းက မန္တလေးရော ရန်ကုန်စျေးကွက်မှာပါ ပြောင်းဆံစျေးက ကျဆင်းလာပြီး အရောင်းအဝယ် လည်း အေးနေပါတယ်။

    ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ အရင်တစ်ပတ်က ပြောင်းဆံတစ်ပိဿာကို ၁၁၈၀ မှ ၁၂၀၀ ကျပ်အထိရှိခဲ့ပြီး ခုတစ်ပတ်မှာတော့ တစ်ပိဿာကို ၁၁၆၀ မှ ၁၁၈၀ ကျပ်အထိသာရှိလို့ တစ်ပိဿာကို ၂၀ ကျပ် ကျဆင်းလာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ခုတစ်ပတ်မှာ ပြောင်း ၅၄ ပိဿာတစ်အိတ်ကို ပြောင်း (cp) က ၅၆၀၀၀ မှ ၅၆၅၀၀ ကျပ်ရှိလို့ အရင်တစ်ပတ်ကထက် ၂၀၀၀ ကျပ် ကျဆင်းလာသလို ပြောင်း (ဗမာ) က ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်ပေါက်လို့ ၁၅၀၀ မှ ၂၅၀၀ ကျပ် ကျဆင်းလာပြီး ပြောင်း (ရှမ်း)က ၅၇၀၀၀ မှ ၅၇၅၀၀ ကျပ် ပေါက်လို့ ၁၀၀၀ မှ ၁၅၀၀ ကျပ် ကျလာပါတယ်။

    ကုလားပဲ

    ကုလားပဲက ရန်ကုန်စျေးကွက်မှာ အတက်အကျမငြိမ်ပေမယ့် အရင်တစ်ပတ်စျေးတန်းမှာပဲ ပြန်ရောက်လာပြီး မန္တလေးကုန်စည်စျေးကွက်မှာတော့ ပြည်ပတင်ပို့မှုရှိတဲ့ v2 နဲ့ v7 က တက်ရိပ်ပြပြီး ကုလားပဲ ၉၂၉က စျေးကျဆင်း ပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကုလားပဲဖြူလုံး တစ်ပိဿာကို ၅၁၆၅ မှ ၅၃၃၅ ကျပ်ရှိပြီး ကုလားပဲဖြူလုံး ကြီးကလည်း တစ်ပိဿာကို ၅၃၃၀ မှ ၅၅၀၀ ကျပ်စျေးနဲ့ အရက်တစ်ပတ်က အတိုင်း ငြိမ်ပါတယ်။

    မန္တလေးစျေးကွက်မှာတော့ ကုလားပဲ v2 က ၃၁၀၀၀၀ မှ ၃၁၁၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၁၀၀၀ ကျပ်တက်လာသလို ကုလားပဲ v7ကလည်း ၃၁၀၀၀၀ မှ ၃၄၅၀၀၀ ကျပ်စျေး ပေါက်လို့ အရင်တစ်ပတ်ကထက် ၃၀၀၀ ကျပ်တက်လာပြီး ကုလားပဲ 929 ကတော့ ၂၈၈၀၀၀ မှ ၂၉၀၀၀၀ ကျပ်စျေးပေါက်လို့ ခုတစ်ပတ်မှာ ၅၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။

    ကုလားပဲက လက်ကျန်နည်းပြီးအသစ်ပေါ်ချိန် နည်းလာတာကြောင့် စျေးက အတက်အကျ တည်ငြိမ်မှု မရှိဖြစ်နေတာပါ ။

    စားတော်ပဲ

    အရင်တစ်ပတ်က တက်ရိပ်ပြခဲ့တဲ့ စားတော်ပဲက ခုတစ်ပတ် ရန်ကုန်ရော မန္တလေးစျေးကွက်မှာပါ စျေးကျလာပါတယ်။ စားတော်ပဲကလည်း ပြည်တွင်း စားသုံးမှုသာ အဓိကဖြစ်လို့ ပြည်တွင်းဝယ်လိုအား ၊ စားသုံးအား၊ လက်ကျန်အခြေအနေပေါ့လိုက်ပြီး စျေးက ပြောင်းလဲနေတာပါ။

    ရန်ကုန်စျေးကွက်မှာ အရင်တစ်ပတ်က တစ်ပိဿာကို ၆၃၃၀ မှ ၆၈၃၅ ကျပ်အထိရှိခဲ့ပြီး ခုတစ်ပတ်မှာတော့ ၆၁၆၅ ကျပ် ၆၆၇၀ စျေးပေါက်လို့ ၁၆၅ ကျပ် စျေးကျသွားပါတယ်။

    မန္တလေးကုန်စည်စျေးကွက်မှာလည်း စားတော်ပဲ ( ကနေဒါ) ၅၉.၂၅ ပိဿာကို ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်စျေးပေါက် လို့ ၁၇၀၀၀ မှ ၂၀၀၀၀ ကျပ်စျေးကျလာပြီး ပြည်တွင်းထွက် စားတော်ပဲ (ကျွန်း )က ၃၁၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်စျေးရှိပြီး စားတော်ပဲ (ယူကရိန်း) ကတော့ ခုတစ်ပတ်မှာ စျေးတန်းဖွင့်တာ မတွေ့ရပါဘူး။

    ပဲကြီး

    ပဲကြီးက ရန်ကုန်ရော မန္တလေး စျေးကွက် မှာတော့ ပဲကြီး (အသေး)က စျေးအကျပြပြီး ပဲကြီး(အလတ်) က အရင်တစ်ပတ်ကအတိုင်း စျေးတန်း ငြိမ်နေကာ ပဲကြီး ( ကြီး)ကတော့ စျေးဖွင့်ထားခြင်း မရှိခဲ့ပါဘူး။

    ပဲကြီးက ပြည်တွင်းစားသုံးမှုသာရှိလို့ စျေးနူန်းက စားသုံးမှု၊ ပြည်တွင်းဝယ်ယူမှု အပေါ်လိုက်ပြီး ပြောင်းလဲတာဖြစ်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်မှာ အရင်တပတ်ကအတိုင်း ပဲကြီး ( လတ် )၅၅.၂၅ ပိဿာကို ၃၈၀၀၀၀ ကျပ် ရှိ လို့ ပဲကြီး (သေး )က ၃၅၀၀၀ မှ ၃၅၅၀၀ ကျပ် စျေးပေါက်လို့ အရင်တပတ်ကထက် ၁၅၀၀၀ စျေးထပ်ကျ ပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာတော့အတက် အကျမရှိပဲ ပဲကြီး (ကုန်း) တစ်ပိဿာကို ၆၄၃၀ မှ ၆၇၈၅ ကျပ် ၊ ပဲကြီး (ရွှေကျွန်း ) တစ်ပိဿာကို ၇၀၇၅ မှ ၇၄၃၅ ကျပ်နဲ့ အရက်တစ်ပတ်က စျေးတန်း မှာပဲ ရှိနေပါတယ်။

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦


  • article
likes9comments0
views189views1546