cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထိရောက်သည့် ကြွက်နှိမ်နင်းနည်း (၇) ချက်

. ပိုးမွှား
ကြွက်ဦးရေ မြင့်တက်စေသော အကြောင်းအရာများဖြစ်သည့် ဝါးပန်းပွင့်ပြီး ဝါးသီးသီးသည့်အတွက် အစာရေစာပေါများခြင်း၊ ရာသီဥတုဖောက်ပြန်ပြီးနောက် တောင်သူများ သီးနှံစိုက်ချိန် ရိတ်ချိန်မတူညီသဖြင့် အစာပေါများခြင်း၊ ပြောင်းလဲလိုက်သော စိုက်ပျိုးနည်းစနစ်တချို့ကြောင့် ကြွက်ဦးရေပေါများလာခြင်း ဖြစ်ပေါ်သည့်ဒေသများတွင် ကြွက်ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို လူထုအင်အားအသွင်ဖြင့် ကြိုတင်အသိပေး ဆောင်ရွက်ရပါမည်။
  • (၁) ပတ်ဝန်းကျင်သီးနှံခင်းများနှင့် စိုက်ချိန်/ ရိတ်ချိန်ညီအောင် စိုက်ပျိုးပြီး ကြွက်များအစာရရှိချိန်တိုအောင် ဆောင်ရွက်ရပါမည်။

    (၂) အိမ်နှင့်သိုလှောင်ရုံဝန်းကျင်တွင် ကြွက်များစားသုံးနိုင်မည့် အစာများမရှိအောင် လုံခြုံစွာ သိမ်းဆည်းပါ။

    (၃) စိုက်ခင်းနှင့်ဘေးပတ်ဝန်းကျင် ပေါင်းမြက်ကင်းစင်အောင် ရှင်းလင်းပါ။

    (၄) ကြွက်များဝင်လာနိုင်သည့် လမ်းကြောင်းများ အားလုံးကို သင့်တော်သည့် နည်းလမ်းများဖြင့် ဝင်မလာနိုင်အောင်ပြုလုပ်ထားရမည်။ ဥပမာ - သီးနှံပင်များနှင့် သိုလှောင်ရုံအောက်ခြေရှိ ဒေါက်တိုင်များတွင် ပလတ်စတစ် (သို့) သံကော်လာများ တပ်ဆင်ပေးခြင်းနှင့် ပတ်ဝန်းကျင်ရှိ ကြွက်တွယ်တက်နိုင်သော သစ်ပင်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း

    (၅) အိမ်နှင့်သိုလှောင်ရုံဝန်းကျင်တွင် ကြွက်ခိုအောင်းနိုင်သည့်နေရာများမရှိအောင် ရှင်းလင်းဆောင်ရွက်ထားရမည် ဖြစ်ပါသည်။ ဥပမာ- အိမ်နှင့်သိုလှောင်ရုံအတွင်းအပြင်ရှိ အခြားပစ္စည်းများကို ရှင်းလင်းပေးခြင်းနှင့် စနစ်တကျထားသိုခြင်း

    (၆) ကြွက်လှုပ်ရှားမှုနှင့် ဖျက်ဆီးမှုကို သတိမပြတ် စောင့်ကြည့်စစ်ဆေးရပါမည်။

    (၇) ကြွက်ဦးရေ မြင့်တက်စေသော အကြောင်းအရာများဖြစ်သည့် ဝါးပန်းပွင့်ပြီး ဝါးသီးသီးသည့်အတွက် အစာရေစာပေါများခြင်း၊ ရာသီဥတုဖောက်ပြန်ပြီးနောက် တောင်သူများ သီးနှံစိုက်ချိန် ရိတ်ချိန်မတူညီသဖြင့် အစာပေါများခြင်း၊ ပြောင်းလဲလိုက်သော စိုက်ပျိုးနည်းစနစ်တချို့ကြောင့် ကြွက်ဦးရေပေါများလာခြင်း ဖြစ်ပေါ်သည့်ဒေသများတွင် ကြွက်ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို လူထုအင်အားအသွင်ဖြင့် ကြိုတင်အသိပေး ဆောင်ရွက်ရပါမည်။

    Source: Plant Protection Department

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes11comments0
views280views1495