ဒုတိယအကြိမ် ငါးတန်ဖိုးမြင့်ထုတ်ကုန်ပြုလုပ်နည်း သင်တန်းပေးခြင်း👩🍳🙋♀️
ဧရာဝတီတိုင်း မအူပင်၊ ညောင်တုန်း၊ ပန်းတနော် မြို့နယ်များရှိ ငါးမွေးမြူရေးလုပ်ကိုင်သော အိမ်ထောင်စုများမှ အမျိုးသမီးများအား ငါးတန်ဖိုးမြင့်ထုတ်ကုန် ပြုလုပ်နည်းများကို ၁ ပတ်ကြာ သင်တန်းပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့စီမံကိန်းအနေဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍတွင် အမျိုးသမီးများရဲ့ စွမ်းဆောင်ရည် ပိုမိုဖြန့်ကျက်နိုင်ရန် /လုပ်ဆောင်နိုင်စွမ်း တိုးတက်လာစေရန်၊ စီးပွားရေးရှုထောင့်အားဖြင့်လည်း ပါဝင်ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။ ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ ရေရှည်တည်တံ့သော နည်းလမ်းများကို ကျင့်သုံးစေရင်း ငါးထွက်ကုန်ပစ္စည်းများ၏ တန်ဖိုးနှင့် အရည်အသွေး ကောင်းမွန်စေရန်၊ စျေးကွက်နှင့် နည်းပညာ လမ်းလှမ်းမှီနိုင်ရန် ကျွန်ုပ်တို့အနေနဲ့ ဦးစားပေးဆောင်ရွက်ပေးလျက် ရှိပါသည်။
------------------
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ပတ်သတ်သည့် အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။