cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဟင်းသီးဟင်းရွက် စိုက်ခင်းတွင် ရေဝပ်ခြင်း၊ ရေလွှမ်းခြင်းကိုရှောင် ❌❌

. ရေ
ရေဝပ်ခြင်းကြောင့် အောက်ဆီဂျင်ချို့တဲ့ပါက အပင်၏ ဆဲများ၊ အမြစ်များ သေစေပြီး အချိန်ကြာမြင့်ပါက အပင်တစ်ခုလုံး သေစေနိုင်ပါသည်။
  • ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် သီးနှံလိုအပ်ချိန်တွင် အချိန်မီ ရေပေးပြီး အဆိုပါရေသည် အလွယ်တကူ

    စီးဆင်းသွားအောင် (ရေစီးရေလာကောင်းအောင်) ဆောင်ရွက်ထားပါက ကောင်းစွာကြီးထွားသည်ကို တွေ့ရပါသည်။ အကယ်၍ ယင်းကဲ့သို့ မဟုတ်ဘဲ စိုက်ခင်းအတွင်း ရေဝပ်နေပါက အောက်ပါဆိုးကျိုးများကို

    ဖြစ်ပေါ်စေပါသည် -  

    (၁)         အောက်ဆီဂျင်ပြတ်လတ်ခြင်း 

    စိုက်ခင်းအတွင်း ရေဝပ်နေပါက မြေကြီးအတွင်းရှိ မြေမှုန်များအကြား ရေများ အချိန်ကြာမြင့်စွာ ရှိနေသည့်အတွက် အဆိုပါမြေတွင် အောက်ဆီဂျင်ချို့တဲ့ခြင်း ဖြစ်ပေါ်စေပါသည်။ မြေကြီးအတွင်း အောက်ဆီဂျင်များစွာ တည်ရှိခြင်းသည် အပင်၏ အမြစ်ကျန်းမာရေးကို အထောက်အကူပြုပြီး အောက်ဆီဂျင်ချို့တဲ့ပါက အပင်၏ ဆဲများ၊ အမြစ်များ

    သေစေပြီး အချိန်ကြာမြင့်ပါက အပင်တစ်ခုလုံး သေစေနိုင်ပါသည်။ 

    (၂)          ရေပူကြောင့် အပင်သေစေနိုင်ခြင်း 

    စိုက်ခြင်းအတွင်း အချိန်ကြာမြင့်စွာ ဝပ်နေပါက နေရောင်ခြည်ကို စုပ်ယူထားပြီး အပူကို လှောင်ထားသလိုဖြစ်တာကြောင့် အဆိုပါအခြေအနေတွင် အပင်များသည် အချိန်တိုအတွင်း သေစေနိုင်ပါသည်။ 

    (၃)         ဓာတုပစ္စည်းများနှင့် ဇီဝပစ္စည်း အကြွင်းအကျန်များမှ အပင်ကို အန္တရာယ်ဖြစ်စေခြင်း 

    စိုက်ခင်းများအတွင်း ရေလွှမ်းခဲ့ပါက အဆိုပါရေတွင်  ဓါတုပစ္စည်းများနှင့် ဇီဝအကြွင်းအကျန်များမှ အပင်ကို

    ထိခိုက်စေသည့် ဓါတ်များပါလာနိုင်သည့်အတွက် အချိန်မီ ဖောက်ထုတ်သင့်ပါသည်။ 

       (၄)        နိုင်ထရိုဂျင်ချို့တဲ့စေနိုင်ခြင်း 

    ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ရေလွှမ်းပါက နိုက်ထရိုဂျင်ကဲ့သို့သော အပင်အတွက် မရှိမဖြစ်လိုအပ်သည့် အာဟာရဓါတ်များသည် ရေစီးနှင့်အတူပါသွားနိုင်သည့် အတွက် အချိန်မီ ပြန်လည် ထည့်ပေးရန်လိုအပ်ပါတယ်။ 

    (၅)         မြေဆီလွှာတွင် ရွံ့စေးလွှာဖုံးအုပ်မှု ဖြစ်ပေါ်စေနိုင်ခြင်း 

    ဆက်လက်၍ ဟင်းသီးဟင်းရွက်ခင်းအား ရေလွှမ်းခဲ့ပါက အဆိုပါ ရေစီးနှင့်အတူ ရွံ့မြေများ ပါလာနိုင်ပြီး စိုက်ခင်းအတွင်း အနည်ကျ စုပုံခြင်းဖြစ်ပေါ်စေနိုင်ပါသည်။ အဆိုပါအခြေအနေတွင် မြေ၏ မျက်နှာပြင်ပေါ်တွင် ရွံ့စေးမြေများ

    ဖုံးအုပ်ထားသည့်အတွက် အပင်အတွက်လိုအပ်သည့် အောက်ဆီဂျင်အား မြေထဲသို့ မရောက်ရှိတော့ဘဲ အပင်၏ အမြစ်တွင် အောက်ဆီဂျင် ပြတ်လတ်ခြင်း ဖြစ်ပေါ်စေနိုင်ပါသည်။ 

    (၆)         ဖျက်ပိုးနှင့်ရောဂါများ ပိုမိုကျရောက်စေနိုင်ခြင်း 

    သီးနှံရောဂါအများစုသည် စိုစွတ်သည့်အခြေအနေတွင် ပိုမိုကျရောက်နိုင်ပြီး ရေစီးနှင့်အတူ ပါလာနိုင်သဖြင့် အချိန်မီ

    ကာကွယ်နှိမ်နင်းသင့်ပါကြောင်း အကြုံပြု ဆွေးနွေးလိုပါသည်။ အချုပ်အားဖြင့်ဆိုရသော် ဟင်းသီးဟင်းရွက် စိုက်ခင်းအတွင်း ရေလွှမ်းခြင်း/ရေဝပ်ခြင်းဖြစ်လာပါက အချိန်မီဖောက်ထုတ်ပြီး ရေစီးရေလာကောင်းအောင် အလျင်အမြန်ဆောင်ရွက်သင့်ပါကြောင်း အထူးအကြံပြုလိုပါသည်ခင်ဗျာ။ 

     

    ပြည်ဖြိုးအောင် 

    ထွက်တိုး 

    Reference: Risks to waterlogged crops | Business Queensland 


  • article
likes12comments0
views234views2258