cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒီတစ်ပတ်ဧရာဝတီတိုင်းမှာမိုးများရွာသွန်းနိုင်🌾✅🐠‼️‼️‼️

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ် အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်
  • ဒီတစ်ပတ်ဧရာဝတီတိုင်းမှာမိုးများရွာသွန်းနိုင်🌾✅🐠‼️‼️‼️

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ် အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်

    ဟင်္သာတမြို့နယ်၊အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊

    ဇလွန်မြို့ နယ်၊လပွတ္တာ မြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊

    မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်းမြ မြို့နယ်၊

    ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ်၊

    ကန်ကြီးတောင့်၊ ကျုံ ပျော်မြို့နယ်၊ငပုတော၊ ပုသိမ်မြို့နယ် 

    အထက်ပါမြို့နယ်များတွင်........

    ✅✅🐠🌾ဇန်နဝါရီ ၂၂၊ ၂၃၊ ၂၄ ရက်နေ့များတွင် ရာသီဥတု ကြည်လင်သော်လည်း ၂၅ရက်နေ့မှ ၂၉၊၃၀ ရက်နေ့များထိ မိုးများရွာသွန်းနိုင်ပါသဖြင့် တောင်သူဦးကြီးများ ဆေးဖြန်းခြင်း၊ မြေသြဇာ ကျွေးခြင်းများကို ရက်အလိုက်တွက်ချက်ပြီး ကြိုတင်ပြုလုပ်ထားကြပါရန် အကြံပြလိုက်ပါသည်ခင်ဗျာ ။။ ✅✅✅✅

    စိုက်ပျိုးရေးအကြံံပြုချက်

    ဒီညနေမှာတော့ ပဲစိုက်တောင်သူဦးကြီးများအတွက် ပဲတီစိမ်း၊ မတ်ပဲမှာ ကျရောက်လေ့ရှိတဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ် အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

    ပဲတီစိမ်း၊ မတ်ပဲမှာ ကျရောက်လေ့ရှိတဲ့ အဝါရောင်မိုစေ့ဗိုင်းရပ်စ်

    ၁။ အရွက်နုများတွင် အဝါပြောက်ငယ်များ စတင်တွေ့ရှိရသည်။ 

    ၂။ တဖြည်းဖြည်းကျယ်ပြန့်လာခြင်းကြောင့် အဝါရောင်ထဲတွင် အစိမ်းရောင် ရောထားသကဲ့သို့ဖြစ်လာသည်။ 

    ၃။ နောက်ဆုံးတွင် တစ်ရွက်လုံးဝါသွားပြီး တစ်ပင်လုံးရှိအရွက်များ ဝါသွားသည်။ 

    ၄။ သီးတောင့်ဝင်ချိန်တွင်ဖြစ်ပါက သီးတောင့် အဝါရောင်ပြောင်းသွားပြီး အစေ့မတည်နိုင်ဘဲ အထွက်လျော့စေသည်။ 

    ၅။ ကာကွယ်နှိမ်နင်းခြင်း 

    ရောဂါရအပင်ကိုတွေ့တွေ့ချင်းနှုတ်ပစ်ပါ။ 

    ရောဂါကူးစက်ပြန့်ပွားစေသည့် ယင်ဖြူကို နှိမ်နင်းပါ။ 

    ၆။ ပဲမျိုးနွယ်ဝင်မဟုတ်သော အခြားသီးနှံများဖြင့် အလှည့်ကျစိုက်ပျိုးပါ။ 

    ၇။ ဓာတုဆေးများသုံးမည်ဆိုပါက ဒိုင်နိုတီဖျူရန် ( Dinotefuran ) သိုင်ယာမီသောက်ဇမ် ( Thiamethoxam ) စတဲ့ဆေးအဆိပ်ရှိတဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးကိုအသုံးပြုပါခင်‌ဗျာ

     ငါးကန်များအတွက် အကြံပြုချက်  

    🐟 ဆောင်းတွင်းကာလ ရာသီဥတုအေးသဖြင့် ငါးကန်အတွင်း အောက်ဆီဂျင်ပမာဏ ပြတ်လက်နိုင်ပါကြောင်း၊ မနက်ပိုင်းတွင် ကန်ရေမျက်နှာပြင်တွင် ငါးများရေပေါ်ပိုင်း တက်လာမည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အဆိုပါ လက္ခဏာမှာ ကန်အတွင်း အောက်ဆီဂျင် ပြတ်လက်နေခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ညပိုင်းတွင် ကန်အတွင်း ရေကိုလှည့်ပတ်စေခြင်း သို့မဟုတ် လှုပ်ရှားပေးခြင်းဖြင့် အောက်ဆီဂျင်ရရှိအောင် ဆောင်ရွက်သင့်ပါကြောင်း အကြံပြု လိုပါတယ်။

    🐟ငါးကန်များတွင် ရောဂါကျရောက်တက်သော ရာသီချိန်ဖြစ်သဖြင့် ရောဂါကူးစက်မှုကို ရှောင်ရှားနိုင်ရန် ရောဂါကျ ရောက်ပြီး ငါးကန်တွင် အသုံးပြုနေသည့် ပစ္စည်းများ (ဥပမာ- ငါးဖမ်းပိုက်)အစရှိသည်တို့ကို ငှားရမ်း အသုံးပြုခြင်း ရှောင်ရှားသင့်ပါကြောင်းနှင့် အကယ်၍ မဖြစ်မနေ ငှားရမ်းသုံးစွဲရမည်ဆိုပါက အခြောက်ခံ သန့်ရှင်းရေးလုပ်ပြီးမှသာ ငှားရမ်းသင့်ပါကြောင်း အကြံပြုလိုပါတယ် ခင်ဗျာ။

    🐟 ရောဂါကျရောက်တက်သည့် ရာသီချိန်ဖြစ်၍ မိမိ ငါးကန်အတွင်း ရောဂါကျရောက်နေခြင်း ရှိ/မရှိကို စဉ်ဆက်မပြတ် စောင့်ကြည့်သင့်ပါကြောင်း ထပ်လောင်း အကြံပြုအပ်ပါတယ် ခင်ဗျာ။

    Weather Source: CIAT  

    https://htwettoe.com/post/46786  

    ------------------  

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက  

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download  

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes21comments2
views325views26017