cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်းဝယ်လိုအားကြောင့် ကုလားပဲ ဈေးကွက်ကောင်းနေ

. ဈေးကွက်
“ကုလားပဲက အခုဆို တစ်အိတ်ကို ကျပ် ၃ သိန်း ပတ်ချာလည်လောက်ရှိတယ်။ အရင်ကထက်တော့ နည်းနည်းတက်သွားတယ်။ တစ်အိတ်ကို ကျပ် ၁ သောင်း၊ ၂ သောင်း ပတ်ချာလည်လောက် တက်တယ်။ ဝယ်လိုအားလည်း ရှိတယ်”လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
  • ပြည်ပဈေးကွက်ဝေစု အများအပြား မရှိပေမယ့် ပြည်တွင်းမှာရှိတဲ့ ပဲခွဲကြိတ်စက်တွေကနေ တိုးမြှင့်ဝယ်ယူလာမှုကြောင့် ကုလားပဲဈေးကွက်ကောင်းနေတယ်လို့ ပဲမျိုးစုံရောင်းဝယ်ရေး ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    “ပဲကြိတ်တဲ့သူတွေ ဝယ်ကြတယ်။ ပြည်ပဈေးကွက် များများစားစားမရှိပေမယ့် ပြည်တွင်းဈေးကွက် ပုံမှန်ရှိတယ်။ ပုံမှန်လေးပဲ သွားတယ်”လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။

    ဇန်နဝါရီ ၁ ရက်က မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ၂၈၈,၀၀၀ - ၂၉၀,၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၂၉၅,၀၀၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) က ၂၇၂,၀၀၀ - ၂၇၅,၀၀၀ ကျပ် ဈေးရှိခဲ့ပါတယ်။

    ဇန်နဝါရီ ၂၄ ရက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ၃၀၀,၀၀၀ - ၃၀၃,၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၃၁၀,၀၀၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) က ၂၈၀,၀၀၀ ကျပ်အထိ ဈေးတက်လာပါတယ်။

    “ကုလားပဲက အခုဆို တစ်အိတ်ကို ကျပ် ၃ သိန်း ပတ်ချာလည်လောက်ရှိတယ်။ အရင်ကထက်တော့ နည်းနည်းတက်သွားတယ်။ တစ်အိတ်ကို ကျပ် ၁ သောင်း၊ ၂ သောင်း ပတ်ချာလည်လောက် တက်တယ်။ ဝယ်လိုအားလည်း ရှိတယ်”လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

    ကုလားပဲကို နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးကြပြီး အောက်တိုဘာလလယ်ကနေ ဒီဇင်ဘာလ ပထမပတ်အထိ စိုက်ပျိုးကြပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း ကုလားပဲစိုက်ပျိုးမှုမှာ အမြစ်ပိုးစွဲမှု နည်းပါးခြင်း၊ မှိုကပ်ရောဂါ နည်းပါးခြင်းတို့ကြောင့် အပင်အသေအပျောက်နည်းပြီး အထွက်နှုန်းကောင်းမွန်လို့ အကျိုးအမြတ်ရရှိခဲ့တယ်လို့ ကုလားပဲစိုက်တောင်သူတွေက ပြောပါတယ်။

    ယခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း မတ်ပဲနဲ့ ပဲစဉ်းငုံနီတို့က အတက်ဈေးနဲ့ လှုပ်လှုပ်ခပ်ခပ်ဖြစ်ခဲ့ပြီး ပြောင်းဆန်နဲ့ ကုလားပဲဈေးတွေ ငြိမ်နေခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးကွက်အချက်အလက်တွေအရ သိရပါတယ်။

    BETV Business မှ လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။

    ---------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နဲ့တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes10comments0
views123views1764