cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြွက်နားရွက်မှို🍄🍄

. စိုက်ပျိုးနည်းစနစ်များ
မှိုထုပ်များ စဖွင့်ပြီး(၅-၇)ရက်အတွင်းမှိုပွင့်ငယ်များထွက်ပေါ်လာပြီး(၇-၁၀)ရက်အတွင်းဆွတ်ခူးရန်အသင့်ဖြစ်သည်။

- ဆွတ်ခူးပြီးနောက်မှိုထုပ်များကို(၃-၄)ရက်ခန့်ရေမလောင်းဘဲထားရမည်။ကြမ်းပြင်ကိုသာရေဖျန်းပေးပါ။ထို့နောက်မှိုထုပ်များမှမှိုပွင့်များပြန်လည် ထွက်လာပါသည်။
  • ကြွက်နားရွက်မှို စိုက်ပျိုးခြင်း (စိုက်ထုပ်)

    -အဓိက ဘေးခွဲ၍ စိုက်ပျိုးသည်။ မှိုထုပ်၏ ဘေးပတ်လည်ကို(၁"-၂")အရွယ်ဓားသန့်သန့်ဖြင့်ခွဲပါ။တစ်ထုပ်လျှင်ဓားရာ(၈- ၁၀)နေရာခန့်(၁"-၁.၅") အရွယ်စောင်း၍ခွဲပါ။အောက်မျက်နှာစာတွင်ဓါးရာ(၂)ချက်ရှိရမည်။

    - မှိုထုပ်၏ ထိပ်မှ ကြိုးဆွဲ၍ဖြစ်စေ၊ ဝါးစင် သစ်သားစင်ပေါ်တွင် ထောင်၍ဖြစ်စေ စိုက်ပျိုးနိုင်သည်။

    - စိုက်ခန်းအပူချိန်သည်(၂၅-၃၂) ºC နှင့် စိုထိုင်းဆ(၈၀-၉၅)% ရှိရမည်။

    - လေဝင်လေထွက် ကောင်းစွာရရှိရမည်။

    - အလင်းရောင် အနည်းငယ်သာ လိုအပ်သည်။

    - နေ့စဉ်ရေလောင်းပေးရမည်။တစ်နေ့လျှင်အနည်းဆုံးရေ(နှစ်ကြိမ်)လောင်းပေးရမည်။အထုပ်များအတွင်းရေမဝပ်စေရ၊မှိုပွင့်များပုပ်ရိသွားနိုင်သည်။

    မှိုထုပ်များ စဖွင့်ပြီး(၅-၇)ရက်အတွင်းမှိုပွင့်ငယ်များထွက်ပေါ်လာပြီး(၇-၁၀)ရက်အတွင်းဆွတ်ခူးရန်အသင့်ဖြစ်သည်။

    - ဆွတ်ခူးပြီးနောက်မှိုထုပ်များကို(၃-၄)ရက်ခန့်ရေမလောင်းဘဲထားရမည်။ကြမ်းပြင်ကိုသာရေဖျန်းပေးပါ။ထို့နောက်မှိုထုပ်များမှမှိုပွင့်များပြန်လည် ထွက်လာပါသည်။

    - ဤနည်းအတိုင်းမှိုထုပ်ကို(၂)လမှ(၂)လခွဲကြာသည်အထိ(၃-၅)ကြိမ်အထိဆွတ်ခူးနိုင်သည်။

    - မှိုထွက်အားကောင်းစေရန် Urea (၁၀၀)ဂရမ်၊ T-Super (၅၀)ဂရမ် ကို ရေ (၂.၅)ဂါလံတွင်ဖျော်စပ်၍တစ်ပတ်လျှင်နှစ်ကြိမ်ခန့်ဖျန်းပေးရမည်။

    - ၆၀ ကျပ်သား မှိုထုပ်တစ်ထုပ်မှ မှိုပွင့်အလေးချိန် (၂၀-၃၀)ကျပ်သား ရရှိနိုင်သည်။


    ကြွက်နားရွက်မှို စိုက်ပျိုးရာတွင် ကြုံတွေ့ရသောပြဿနာများ❗️❗️


    (၁) စိုက်ထုပ်များ ပျက်စီးခြင်း

    - ပိုးသတ်ရာတွင်အပူချိန်၊ပေါင်းချိန်မလုံလောက်ခြင်း

    -ဖြည့်စွက်စာအထည့်များ၍ ပြင်ပမှအဖျက်အဆီးများဝင်လာခြင်း

    -မျိုးထည့်သွင်းစဉ် သေးမွှားသက်ရှိများ ဝင်ရောက်ခြင်း


    (၂) မွှားဝင်ရောက်ဖျက်ဆီးခြင်း

    - မျိုးပွားစာမှ ပါလာခြင်း

    - စိုက်ခန်းပတ်ဝန်းကျင်မသန့်ရှင်းခြင်း(အလွန်ဆိုးရွားသောပြဿနာဖြစ်သည်။)


    (၃) မှိုမျှင်ပြည့်သော်လည်း မှိုသန္ဓေခဲ မဖြစ်ပေါ်ခြင်း

    - မျိုးညံ့ခြင်း

    - အာဟာရဓာတ် မလုံလောက်ခြင်း

    - အစိုဓာတ် မလုံလောက်ခြင်း

    - အိတ်ခွဲမှု နည်းလွန်းခြင်း


    (၄) မှိုထုပ်ပုပ်ရိခြင်း၊ အရောင်ပျက်၍ အနံ့ဆိုးသောမှိုများတွေ့ရခြင်း

    - Mucor spp. ခေါ် ဘုံနိမ့်မှိုတစ်မျိုးကြောင့် စိုက်ခန်း မသန့်ခြင်း


    (၅) မှိုထုပ်ခွဲပြီးနောက် Pinicillium spp.များထွက်လာခြင်း

    - ရာသီဥတုပူလျှင် ဖြစ်တတ်သည်။

    - ပေါင်းချိန် မပြည့် ပေါင်းမနပ်သောကြောင့်လည်း ဖြစ်နိုင်သည်။


    👉ကြွက်နားရွက်မှို စိုက်ပျိုးရာတွင် လိုက်နာသင့်သည့်အချက်များ👈



    (၁) ငွေနှင်းထက် အနည်းငယ် ခံနိုင်ရည်နည်းပြီး မှိုမျှင်ပြည့်ရန် ပိုကြာသည်။

    (၂) မျိုးသုံးရာတွင် သားဆက်နည်းသော မျိုးပုလင်းကို အဓိကထား သုံးသင့်သည်။

    (၃) ကြွက်နားရွက်မှိုစိုက်ထုပ် ပြုလုပ်ရာတွင် ထုံးအပြင် Gypsum သုံးသင့်သည်။ (ကျောက်မှုန့်မြေသြဇာ)

    (၄) ကြွက်နားရွက်မှိုစိုက်ရန် စိုက်ထုပ်ကို ပေါင်းတင် ပိုးသတ်ရာတွင် သာမန်ထက် အချိန် ပိုယူသင့်သည်။

    (၅) မွှားကျရောက်ခြင်းသည်ကြွက်နားရွက်မှိုစိုက်ပျိုးမှုတွင်ကြီးမားသောအဟန့်အတားဖြစ်စေသောကြောင့်မွှားအန္တရာယ်ကိုကြိုတင်တွက်ဆကာလုပ်ငန်းစဉ်အဆင့်တိုင်းတွင်သေချာမှု/သပ်ရပ်သန့်ရှင်းမှုတို့ကိုအလေးထားဆောင်ရွက်သင့်သည်။

    (၆) အစိုနှင့်အခြောက်စျေးကွက်ဟူ၍ရှိရာအစိုစျေးကွက်နှင့်ကိုက်ညီသောမျိုး၊အခြောက်စျေးကွက်နှင့်ကိုက်ညီသောမျိုးကို ခွဲခြား၍ စိုက်ပျိုးသင့်သည်။

    Source: https://www.doa.gov.mm/fes/index.php?route=cms/category&path=160

    ------------------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download : https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
  • article
likes6comments0
views698views1541