ပိန်းဥစိုက်ပျိုးနည်း🌱🌱
- စိုက်ပျိုးပြီး (၅-၁၁) လကြာလျှင် ( အပူပိုင်းဒေသ)
- စိုက်ပျိုးပြီး (၆-၁၅) လကြာလျှင် (မိုးများသည့်ဒေသ) များတွင် ရိတ်သိမ်းနိုင်သည်။
- ပိန်းဥ၏ မူရင်းဒေသသည် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့တောင်အာရှဖြစ်သည်။ စပါးစိုက် လယ်မြေများ၊ မိုးများသည်းသည့် ဒေသတွင် သဘာဝ အလျှောက် စိုက်ပျိုးဖြစ်ထွန်းသည်။ မိုးနည်းသည့် အထက် မြန်မာပြည် ယာမြေတွင်လည်း ရေသွင်း စိုက်ပျိုးပါက ကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ - နှစ်သက်သောရာသီဥတု - - မိုးရေချိန်- (၈-၁၀) လက်မ အထက် ရွာသွန်းသော ဒေသများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ - - နေ့အပူချိန် (၂၇-၃၅) ဒီဂရီ စင်တီဂရိတ်၊ ညအပူချိန် ( ၂၀-၂၂) ဒီဂရီ စင်တီဂရိတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။ - မြေအမျိုးအစား - - ပိန်းဥသည် နုံးမြေနှင့် ရေစီးဆင်းမှု ကောင်းမွန်သည့် မြေအမျိုးအစားကို ကြိုက်သည်။ - - မြေချဉ်ငံဓါတ် (၅.၅-၆ ) အတွင်း စိုက်ပျိုး ဖြစ်ထွန်းသည်။ - - မြေအမျိုးအစား မရွေး စိုက်ပျိုးနိုင်သည်။ - မျိုးရွေးချယ်ခြင်း - - ပိန်းဥ၏ဥမွှာနှင့် သားတက်(၂)မျိုးလုံး သုံးနိုင်သည်။ - - ဥမွှာ၏ အရွယ်အစားပေါ် မူတည်၍ တစ်ဧက အထွက်နှုန်း ကွာခြားသည်။ - အရွယ်အစား - အထွက်နှုန်း - (၂) လက်မအထက် ( ၉.၀၄) တန် / ဧက - (၁-၂) လက်မကြား (၈.၁) တန်/ ဧက - (၂) လက်မအောက် (၇.၄) တန် / ဧက - - မျိုးဥရွေးချယ်ရာတွင် ရောဂါပိုးမွှား ကင်းသော မိခင်ပင်မှ ယူရမည်။ - - မှိုသတ်ဆေး ကပ်တန် (၄၀ ဂရမ် / လီတာ) တွင် (၂)မိနစ်ခန့်စိမ်ပြီး စိုက်ပါက ဥပုပ်ရောဂါ ( corn rot) ကိုကာကွယ်နိုင်သည်။ - ပိန်းဥစိုက်ပျိုးနည်း - မြေသြဇာထည့်သွင်းခြင်း - - မြေသြဇာ အနေဖြင့် ဖော့စဖရပ်(စ်) မြေသြဇာ လုံလောက်ရန် လိုအပ်သည်။ - - ဥပုပ်ရောဂါကို ကာကွယ်နိုင်ရန် စိုက်ဘောင်များ အတွင်းတွင် ပိုတက်ဆီယမ်ကို (၂၆ ပေါင်/ဧက) နှုန်းထည့်သွင်းပေးသင့်သည်။ - - အခြား အနည်းလို အာဟာရများဖြစ်သော ဇင့်၊ ကယ်ဆီယမ် နှင့် ဆာလဖာဓါတ်များ ချို့တဲ့ပါက ပိန်းအရွက်နှင့် ရိုးတံတို့တွင် လက္ခဏာများ ထင်ရှားစွာပြနေတက်သည်။ - စိုက်ခင်းကိုပြုစုခြင်း - - ပိန်းဥကို သားတက် (sucker) မှ၎င်း၊ ဥမွှာမှ ၎င်း၊ ပိန်းရိုး၏ အရင်းမှ၎င်း၊ ပိန်းဥ၏ထိပ်ဖျားမှ (ဝ.၅-၁) လက်မခန့်ဖြတ်၍၎င်း စိုက်ပျိုးနိုင်သည်။ - - သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းတွင် အညှောင့်ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ချရမည်။ - - မြေသားနက်၍ လေဝင်လေထွက်ကောင်းပြီး ရေမဝင်စေရန် စိုက်ခင်းဘောင်များကို စနစ်တကျ ပြင်ဆင်ရန် လိုအပ်သည်။ - ရိတ်သိမ်းခြင်း - - စိုက်ပျိုးပြီး (၅-၁၁) လကြာလျှင် ( အပူပိုင်းဒေသ) - - စိုက်ပျိုးပြီး (၆-၁၅) လကြာလျှင် (မိုးများသည့်ဒေသ) များတွင် ရိတ်သိမ်းနိုင်သည်။ - - လက်ဖြင့်ရိတ်သိမ်းခြင်းမှာ စက်ဖြင့်ရိတ်သိမ်းခြင်းထက် အရည်အသွေးနှင့် ထိခိုက်ဒဏ်ရာရမှုကို သက်သာစေသည်။ - - အေး၍ ခြောက်သွေ့သောဒေသများတွင် (၁၂.၆) တန်/ဧကနှုန်း အထိရရှိသည်။ - အာဟာရဓါတ်များဆုံးရှုံးမှု မရှိစေရန် သိုလှောင်နည်းစနစ် - - ဒေသထွက်ပစ္စည်းများဖြစ်သော လွှစာမှုံ့/ရေပေါ်စာများကို စိုစွတ်အောင်ပြုလုပ်၍ ပိန်းဥများကို ပလတ်စတစ်အိတ်ပါး(သို့) ပီနန်အိတ်ဘေးပတ်လည်တွင် ဝိုင်းရံပေးထားခြင်းဖြင့် စိုထိုင်းဆကောင်းမွန်စေသောကြောင့် ရက်သတ် (၄-၆) ပတ်ထိ အာဟာရဓါတ်များ ပျက်စီးဆုံးရှုံးမှု မရှိဘဲ သိုလှောင်နိုင်သည်။ - - စိုက်ခင်းမှ တူးပြီးသော ပိန်းဥများအား အေး/မှောင်/ခြောက်သွေ့သော နေရာတွင် ကျင်းများတူ၍ အုန်းခွံ/ငှက်ပျောရွက်များအောက်မှာခင်း၍ ပိန်းဥများကို အလယ်တွင်ထားပြီး အပေါ်မှခြောက်သွေ့သော သမြေ (၆) လက်မခန့်ဖုံးအုပ်၍ သိုလှောင်ပါက (၂-၃) လခန့်အထိ အရည်အသွေးမပျက်သိုလှောင်နိုင်သည်။ - Sources: MOALI - ✦✦✦✦✦✦✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
