cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဇန်နဝါရီလ စတုတ္ထပတ် ကုန်စည်စျေးနှုန်းများ📈📈

. ဈေးကွက်
ပြောင်းစျေး ဆက်တိုက် ကျဆင်းလာသလို ကုလားပဲလည်း စျေးကျပါတယ်။ အရင်အပတ်ကစျေး ကျခဲ့တဲ့ မတ်ပဲ က ခုတစ်ပတ်မှာ ပြန်တက်လာပြီး ပဲစဥ်းငုံက ဆက်တိုက်မြင့်တက်လာပါတယ်။ စားတော်ပဲကတော့ စျေးကျလာပါတယ်။
  • မန္တလေးနဲ့ရန်ကုန်စျေးကွက်ရဲ့ ကုန်စည်ဒိုင်ကြီးတွေမှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနှုန်းတွေ ဖြစ်ပါတယ်။

    ပြောင်းစျေး ဆက်တိုက် ကျဆင်းလာသလို ကုလားပဲလည်း စျေးကျပါတယ်။ အရင်အပတ်ကစျေး ကျခဲ့တဲ့ မတ်ပဲ က ခုတစ်ပတ်မှာ ပြန်တက်လာပြီး ပဲစဥ်းငုံက ဆက်တိုက်မြင့်တက်လာပါတယ်။ စားတော်ပဲကတော့ စျေးကျလာပါတယ်။

    မတ်ပဲ

    မတ်ပဲက အရင်အပတ်တုန်းက အတက်အကျ မတည်ငြိမ်ဘဲ အကျဘက်မှာရှိခဲ့ပေမယ့် ခုတစ်ပတ်မှာ တော့ စျေးဆက်တိုက်ပြန် တက်လာပါတယ်။ အိန္ဒိယဘက်က အဝယ်လိုက်လို့ မတ်ပဲစျေးပြန်တက် လာတာဖြစ်တယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ခုတစ်ပတ်က မတ်ပဲFAQ တစ်တန်ကို သိန်း ၃၀၅၇၅၀၀ ကျပ်စျေးရှိပြီး အရင်အပတ်ကထက် တစ်တန်ကို ကျပ် ၁၀၀၀၀၀ ဝန်းကျင် စျေးတက်လာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း အခုတစ်ပတ်မှာ ပိဿာ ၆၀ ကို အမြင့်ဆုံး ၂၈၇၀၀၀ ကျပ်ရှိလို့ အရင်ပတ်ကထက် ၅၀၀၀ ကျပ် တက်လာပါတယ်။

    ဟင်္သာတကုန်စည်ဒိုင်မှာ ပိဿာ ၂၀ ကို ၉၈၅၀၀ ကျပ် နဲ့ ပဲခူးတိုင်းလက်ပံတန်းမှာ မတ်ပဲပိဿာ ၂၀ ကို ၁၀၀၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ ၉၈၂၀၀ ကျပ်အထိ တက်လာပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစဥ်းငုံနီစျေးကွက်ကတော့ ဆက်တိုက်ကိုမြင့်တက်လာနေတာ ဖြစ်ပါတယ်။ အိန္ဒိယဘက်က ပဲစဥ်းငုံ နီလိုအပ်ချက် မြင့်နေတာကြောင့် ဝယ်လိုအားကောင်းတဲ့အတွက် စျေးက မြင့်တက်လာတာပါ ။ ဆက်ပြီး တက်နိုင်ဦးမယ်လို့ ကုန်သည်တွေကသုံးသပ်ထားပါတယ်။

    ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ယခုအပတ်က ပဲစဥ်းငုံနီ တစ်တန်ကို ၃၈၀၀၀၀၀ သိန်းအထိ မြင့်တက်လာ ပြီး အရင်အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၂၂၇၅၀၀ ကျပ်အထိ တက်လာတာဖြစ်ပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၅၃၀၀၀ ကျပ်မှ ၃၅၅၀၀၀ ကျပ်အထိ စျေးရှိပြီး အရင်အပတ်ကထက် ၁၆၀၀၀ မှ ၁၇၀၀၀ ကျပ်နီးပါး တက်လာတာဖြစ်ပါတယ်။

    ပြောင်းဆံ

    ပြောင်းဆံကတော့ ယခု အပတ်မှာလည်း မန္တလေးနဲ့ ရန်ကုန်စျေးကွက်မှာပါ စျေးနှုန်း ကျဆင်းလာပြီး အရောင်းအဝယ်လည်း အေးနေပါတယ်။

    ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ အရင်အပတ်က ပြောင်းဆံတစ်ပိဿာကို ၁၁၆၀ မှ ၁၁၈၀ ကျပ်အထိရှိခဲ့ပြီး ယခုအပတ်မှာတော့ တစ်ပိဿာကို ၁၁၃၀ မှ ၁၁၅၀ ကျပ်အထိသာရှိလို့ တစ်ပိဿာကို ၃၀ ကျပ် ထပ်မံကျဆင်းလာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း ပြောင်း ၅၄ ပိဿာတစ်အိတ်ကို ပြောင်း (cp) က ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၅၀၀မှ ၁၀၀၀ ကျပ်ကျဆင်းလာပါတယ်။ ပြောင်း (ဗမာ) က ၅၄၀၀၀ မှ ၅၄၅၀၀ ကျပ်ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ကျဆင်းလာကာ ပြောင်း (ရှမ်း)က ၅၆၀၀၀ မှ ၅၆၅၀၀ ကျပ် ရှိပြီး ၁၀၀၀ ကျပ် ဈေးကျလာပါတယ်။

    ကုလားပဲ

    ကုလားပဲကတော့ ယခုအပတ် ရန်ကုန်စျေးကွက် နဲ့ မန္တလေးကုန်စည် စျေးကွက်မှာပါ စျေးကျဆင်း ပါတယ်။

    ကုလားပဲက အသစ်ပေါ်ချိန်နီးလာတာကြောင့် စျေးက အတက်အကျ တည်ငြိမ်မှုမရှိပဲ အကျဘက်ကို ရောက်လာတာ ဖြစ်ပါတယ် ။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကုလားပဲဖြူလုံး တစ်ပိဿာကို ၄၉၁၅ မှ ၅၀၈၅ ကျပ်၊ကုလားပဲဖြူလုံးကြီးကလည်း တစ်ပိဿာကို ၅၁၆၅ မှ ၅၂၅၀ ကျပ် စျေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်မှ ၂၅၀ ကျပ် စျေးကျလာပါတယ် ။

    မန္တလေးစျေးကွက်မှာလည်း ကုလားပဲ v2 က ၃၀၀၀၀၀ မှ ၃၀၃၀၀၀ ကျပ် ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ၈၀၀၀ ကျပ်ကျလာသလို ကုလားပဲ v7ကလည်း ၃၁၀၀၀၀ ကျပ်စျေး ပေါက်ပြီး ၅၀၀၀ ကျပ်ဈေးကျဆင်းလာပါတယ်။ ကုလားပဲ 929 ကတော့ ၂၈၂၀၀၀ မှ ၂၈၈၀၀၀ ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ၂၀၀၀ မှ ၆၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။

    စားတော်ပဲ

    စားတော်ပဲက ယခုအပတ် ရန်ကုန်မှာ စျေးငြိမ်နေပေမယ့် မန္တလေးစျေးကွက် မှာ စျေးထပ်ကျလာပါ တယ်။

    စားတော်ပဲက ပြည်တွင်း စားသုံးမှုသာအဓိကဖြစ်လို့ ပြည်တွင်းဝယ်လိုအား ၊စားသုံးအား၊ လက်ကျန် အခြေ အနေပေါ် လိုက်ပြီး စျေးက အတက်အကျ ရှိနေတာဖြစ်ပါတယ်။

    မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ ( ကနေဒါ) ၅၉.၂၅ ပိဿာကို ၂၆၀၀၀၀ မှ ၂၆၂၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်ကထက် ၃၀၀၀ ကျပ်စျေးကျလာပြီး ပြည်တွင်းထွက် စားတော်ပဲ (ကျွန်း )က ၃၁၀၀၀၀ မှ ၃၅၀၀၀၀ ကျပ်စျေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးကျလာပါတယ်။

    ရန်ကုန်စျေးကွက်မှာ တစ်ပိဿာကို ၆၁၆၅ ကျပ်ကနေ ၆၆၇၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါတယ်။

    Source: AMIA

    ------------------------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments0
views116views1926