cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အအေးမိ ချောင်းဆိုးနဲ့ ပန်းနာရင်ကျပ်အတွက် ပူစီနံ ကောင်းကျိုးအကြောင်း ဖတ်ကြမယ်

. ကျန်းမာရေးဆောင်းပါးများ
ပူစီနံမှာ Rosmarinic acid ပါတာကြောင့် ရာသီအကူးအပြောင်းမှာ ဓာတ်မတည့်လို့ဖြစ်တတ်တဲ့ Asthma (ပန်းနာရင်ကျပ်) ရောဂါကို သက်သာစေနိုင်ပါတယ်။

ဒါ့အပြင် ခါးနာ၊ ဒူးနာတာ၊ ပုရွက်ဆိတ်၊ ခါချဉ်၊ ခြင်၊ ပျားစတဲ့ အင်းဆက်တွေကိုက်လို့ ရောင်ရမ်းနာ ကျင်တာ စသဖြင့်ဖြစ်ပါက ပူစီနံပင်ကနေထုတ်ထားတဲ့အဆီ (Peppermint Oil) ကို လိမ်းပေးခြင်းဖြင့် သက်သာ နိုင်ပါတယ်။
  • ပူစီနံကို အင်္ဂလိပ်လို Mint လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Metha longifolia ဖြစ်ပါတယ်။ ပူစီနံပင်ကို ကျွန်တော်တို့မြန်မာတွေ အတော်များများသိကြမှာပါ။ တချို့တွေကလည်း ပူစီနံပင်ကို ပူဒီနာပင်လို့ လည်း ခေါ်ကြပါတယ်။

    ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပူစီနံပင်ကို အမျိုးမျိုးသုံးပါတယ်။ အများအားဖြင့် ဒံပေါက်၊ စမူဆာ စတာတွေနဲ့ တွဲစားလေ့ရှိသလို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းချက်တဲ့အခါ အသုပ်သုပ်တဲ့အခါ တွေမှာ လည်း ထည့်သုံးလေ့ရှိပါတယ်။

    ရေနွေးထဲကို ပူစီနံပင်ထည့်ပြီး Mint tea အနေနဲ့သောက်တာလည်း ရှိပါတယ်။ ခုနောက်ပိုင်း မှာတော့ Detox water လို့ခေါ်တဲ့ သစ်သီးစိမ်ရည်လုပ်တဲ့အခါမှာလည်း ပူစီနံပင်ကို ထည့်သုံးလာ ကြပါတယ်။

    ပူစီနံပင်ဟာ အသုံးဝင်တဲ့နေရာများသလို သူ့ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကလည်း များပါတယ်။ ပူစီနံပင်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို သိသလောက်ပြောရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၁။ ဓာတ်မတည့်တာနဲ့ ရောင်ရမ်းတာတွေကို သက်သာစေခြင်း

    ပူစီနံမှာ Rosmarinic acid ပါတာကြောင့် ရာသီအကူးအပြောင်းမှာ ဓာတ်မတည့်လို့ဖြစ်တတ်တဲ့ Asthma (ပန်းနာရင်ကျပ်) ရောဂါကို သက်သာစေနိုင်ပါတယ်။

    ဒါ့အပြင် ခါးနာ၊ ဒူးနာတာ၊ ပုရွက်ဆိတ်၊ ခါချဉ်၊ ခြင်၊ ပျားစတဲ့ အင်းဆက်တွေကိုက်လို့ ရောင်ရမ်းနာ ကျင်တာ စသဖြင့်ဖြစ်ပါက ပူစီနံပင်ကနေထုတ်ထားတဲ့အဆီ (Peppermint Oil) ကို လိမ်းပေးခြင်းဖြင့် သက်သာ နိုင်ပါတယ်။

    ၂။ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေခြင်း

    ပူစီနံရွက်ဟာ အစာကို ကြေစေနိုင်ပါတယ်။ ဒါ့ပြင် ဝမ်းမှန်စေပြီး အစာအိမ်နာတာ၊ လေပွတာ၊ လေ အောင့်တာ၊ ဝမ်းချုပ်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    ၃။ အအေးမိ၊ ချွဲကျပ်ချောင်းဆိုး၊ လည်ချောင်းနာတွေကို သက်သာပျောက်ကင်းစေနိုင်ခြင်း

    ပူစီနံမှာပါတဲ့ မန်သောလ် (Menthol) ဓာတ်ဟာ ချွဲသလိပ်တွေကိုချေဖျက်ပေးနိုင်ပြီး သလိပ်ဟက်ထုတ်ရ လွယ်စေကာ ချောင်းဆိုးသက်သာစေနိုင်ပါတယ်။ ဒါ့ပြင် မန်သောလ်ဓာတ်ဟာ ပူရှိန်းရှိန်းအာနိသင်ရှိတာကြောင့် လည်ချောင်းနာတာကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

    ၄။ ကိုယ်အလေးချိန်ချရာတွင် အထောက်အကူပြုခြင်း

    ပူစီနံရွက်ဟာ သွေးတွင်းထဲက မကောင်းတဲ့ ကိုလက်စထရောအဆီဓာတ်တွေကို နည်းစေတဲ့အတွက်

    အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကိုယ်အလေးချိန်ချရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။

    ၅။ ခံတွင်းကျန်းမာရေး ကောင်းစေခြင်း

    ပူစီနံရွက်ဟာ ဗက်တီးရီးယားပိုးသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ပူစီနံရွက်ဝါးခြင်းဖြင့် ခံတွင်းထဲက ဗက်တီးရီးယားပိုးတွေကို သေစေနိုင်ပြီး ခံတွင်းရှင်းစေကာ ခံတွင်းအနံ့ဆိုးထွက်ခြင်း မဖြစ်အောင် ကာကွယ်နိုင် ပါတယ်။ သွားဖုံးတွေနဲ့လျှာ ကျန်းမာဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

    ဒါကြောင့် ခုနောက်ပိုင်းမှာဆိုရင် သွားတိုက်ဆေးတွေ၊ ပလုတ်ကျင်းဆေးရည်တွေစတဲ့ သွားနဲ့ခံတွင်းသုံး ပစ္စည်းတွေမှာ ပူစီနံပင်ကရတဲ့အဆီကို ထည့်သွင်းဖော်စပ်လာကြပါတယ်။

    ၆။ ဦးနှောက်နဲ့ အာရုံကြောတွေကို ကောင်းမွန်စေခြင်း

    ပူစီနံစားခြင်းဖြင့် ဦးနှောက်နဲ့ အာရုံကြောကို အားကောင်းစေပြီး အသက်ကြီးလာခြင်း စိတ်ဖိစီးစရာများ ခြင်းတို့ကြောင့် ဖြစ်တတ်တဲ့ သတိမေ့တတ်တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    ၇။ အသားအရေကို စိုပြေဝင်းပစေခြင်း

    ပူစီနံရွက်ကို မကြာခဏစားပေးပါက အသားအရေကို စိုပြည်ဝင်းပစေပြီး ဝက်ခြံ၊ အမဲစက်၊ ဆားဝက်ခြံတွေ ထွက်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။

    ၈။ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကျဝေဒနာကို သက်သာစေနိုင်ခြင်း

    ပူစီနံရွက်ရဲ့ ရနံ့က စိတ်ပင်ပန်းကျပ်တည်းနေတာကို ပြေလျော့စေပြီး စိတ်ကြည်လင်လန်းဆန်းအောင် အထောက် အကူပေးပါတယ်။ စိတ်ဓါတ်ကျတဲ့အခါ စိတ်ဖိစီးမှုများတဲ့အခါမှာ ပူစီနံရွက်ရေနွေးကြမ်းသောက် ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

    Source: https://content.ondoctor.com.mm/healthy-living/21042/

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments0
views319views1821