cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
ရေအရည်အသွေးပြောင်းလဲနိုင်သဖြင့် အချိန်ပြည့် စောင့်ကြည့်ပေးရန်၊ အကြံပြုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် 

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှ ဖေဖော်ဝါရီလ(၄) ရက်နေ့အထိ မိုးရွာရန် ၂၅ ရာခိုင်နှုန်းအထိသာရှိသဖြင့် မိုးရွာရန် ရာခိုင်နှုန်းနည်းပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

     

    ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှ ဖေဖော်ဝါရီလ(၄)ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်း‌အောက်ရှိသဖြင့် မိုးရွာရန် ရာခိုင်နှုန်း အလွန်နည်းပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

     

    မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှ ဖေဖော် ဝါရီလ(၄)ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်း‌အောက်ရှိသဖြင့် မိုးရွာရန် ရာခိုင်နှုန်းနည်းပါးကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။

     

    ငါးကန်များအတွက် အကြံပြုချက် 

     

    🐟      ရာသီဥတုပြောင်းလဲလာပါသဖြင့် သတ်မှတ်ထားသည့် အစာပမာဏသာ ကျွေးရန်၊

    🐟      မိုးတွင်းကာလရှိ အစာဟောင်းများ ကန်အောက်ခြေတွင် အနည်ကျစုပုံနေ၍ အဆိုပါအခြေအနေမှ အမိုးနီးယား ဓါတ်ငွေ့များ ထွက်လာနိုင်ပြီး အောက်ဆီဂျင်ပြတ်လတ်နိုင်သဖြင့် သတိပြုရန်၊

    🐟      ရေအရည်အသွေးပြောင်းလဲနိုင်သဖြင့် အချိန်ပြည့် စောင့်ကြည့်ပေးရန်၊ အကြံပြုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

     

     

    Weather Source: CIAT  

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

     

     


  • article
likes8comments0
views174views1744