cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အသေးစားငါးမွေးမြူရေးမိသားစုများ၏ သက်မွေးဝမ်းကြောင်း တိုးတက်စေရန်

. ငါးမွေးမြူရေးသတင်း
စျေးကွက်စနစ်ဖွံ့ဖြိုးခြင်းသင်တန်းပေးခြင်း
  • စျေးကွက်စနစ်ဖွံ့ဖြိုးခြင်းသင်တန်း

    အသေးစားငါးမွေးမြူရေးမိသားစုများ၏ သက်မွေးဝမ်းကြောင်းများတိုးတက်ကောင်းမွန်ခြင်းတွင် စျေးကွက်စနစ် သည်လည်း မည်သို့မည်ပုံအရေးကြီးသည့်ကဏ္ဍမှ ပါဝင်လုပ်ဆောင်နေခြင်းကို အသိပညာများ တိုးပွားစေရန် ရည်ရွယ်ပြီး၊ အနာဂတ်မြန်မာပြည်ဝမ်းစာ ငါးမွေးမြူရေးစီမံကိန်းမှ ပုဂ္ဂလိကစီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုနှင့် ပူး‌ပေါင်းပြီး ၃ ရက် ကြာ လူတွေ့စျေးကွက်စနစ်ဖွံ့ဖြိုးခြင်းသင်တန်းအား ရန်ကုန်တွင်ပို့ချခဲ့သည်။ ဤသင်တန်းတို့ တက်ရောက်သူ စုစုပေါင်း ၆၅ ဦး ငါးအသားတိုးမွေးမြူသူ၊ ငါးပြုပြင်စီမံရောင်းချသူ၊ ငါးရောင်းဝယ်သူ၊ သားဖေါက်စခန်းနှင့် သားပေါက်ပြုစုစခန်းများ၊ ငါးအစာထုတ်လုပ်သူ၊ မိတ်ဖက်အဖွဲ့များနှင့် WorldFish ဝန်ထမ်းများက ကျား/မ ကဏ္ဍ နှစ်ဖက်အညီအမျှဖြင့် တက်ရောက်ခဲ့သည်။ သင်ကြားမှုများ အချိတ်အဆက်မိစေရန် စာတွေ့အဓိကထား သင်ကြားမှုများ၊ အုပ်စုဖွဲ့အပြန်အလှန် ဆွေးနွေးတင်ပြမှုများနှင့် ဆရာဖြစ် ဦးဆောင်သင်ကြားပြသမှုများ စသည့် နည်းလမ်းများကို တွဲဖက်ပေါင်းစပ်ပြီး သင်တန်း ပို့ချခဲ့သည်။

    ဤသင်တန်းမှ ငါးမွေမြူရေးလုပ်ငန်းအပိုင်းကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက်သူများအကြား အချင်းချင်းသိကျွမ်း ပူးပေါင်းဆောင်ရွက်ကျင့်သုံးခြင်းများ တိုးတက်စေရန် ရည်မှန်းသည်။ သင်တန်းသည် အောက်ပါ အဓိကရည်ရွယ်ချက် ၅ ခု ထားရှိပါသည်။

    အပြန်အလှန်အကျိုးဆောင်လှုပ်ရှားမှုများ စျေးကွက်လုပ်ဆောင်သူများနှင့် ဝန်ထမ်းများအကြား အချင်းချင်း နားလည်ပြီး ချိတ်ဆက်မှုများတိုးမြှင့်ရန် အပြန်အလှန်ဆောင်ရွက်မှုပြုသည့် အခြေခံအုတ်မြစ်ဖန်တီးပေးခြင်း။

    စျေးကွက်စီးပွားစနစ်နားလည်သိကျွမ်းမှုများ စျေးကွက်အင်အားနှင့် ၎င်းတို့၏ ငါးမွေးမြူရေးအကျိုးသက်ရောက်မှုများကို ပါဝင်လုပ်ဆောင်သူများအကြား အသိပညာပေးခြင်းများ။

    ပူးပေါင်းဆောင်ရွက်ခြင်းတိုးမြှင့်မှုများ အသေးစားစွန့်ဦးစီးပွားတောင်သူများ သက်မွေးဝမ်းကြောင်းတိုးတက် ကောင်းမွန် စေရန် ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးရေးလုပ်သားကဏ္ဍများအကြား ထိရောက်သည့်ပူးပေါင်း‌ဆောင်ရွက်မှု နည်းလမ်းများ ရှာ‌ဖွေခြင်း။

    ခေတ်နှင့်အညီပြောင်းလဲသည့်စျေးကွက်စနစ်ကျင့်သုံးနိုင်ခြင်း နိုင်ငံစျေးကွက်စီးပွားဖွံ့ဖြိုးမှုများအပေါ် သက်ရောက်မှု များနှင့် ငါးမွေးမြူရေးလုပ်ငန်းအပိုင်းကဏ္ဍနည်းဗျူဟာများ ဆွေးနွေးမှုပြုခြင်း။

    စီးပွားရေးအချိတ်အဆက်ကွန်ယက်များ တည်ဆောက်ခြင်း အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းများ တည်ဆောက်ရန် ငါးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူအမျိုးမျိုးတို့၏ အချိတ်အဆက်ကွန်ယက်အခွင့်အလမ်းများပြုလုပ်ပေးခြင်း။

    သင်တန်း၏ ရည်ရွယ်ချက်များနှင့်အညီ အောင်မြင်စွာပို့ချနိုင်ခဲ့ပြီး စျေးကွက်စနစ်များဖွံ့ဖြိုးရေးတွင် ပြည့်စုံ ကောင်းမွန်သည့်အမြင်များကိုလည်း ပေးနိုင်ခဲ့သည်။ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းသည် အတွေ့အကြုံကွဲပြားသည့် တက်ရောက်လာသူများအကြား ချိတ်ဆက်ပေးပြီး အထူးသဖြင့် စီမံကိန်းဆောင်ရွက်နေသည့် တိုင်းနှင့်ဒေသကြီးများ အကြား အနာဂတ်တွင်ပူးပေါင်းခြင်းများနှင့် ငါးမွေးမြူရေးလုပ်ငန်းလုပ်ဆောင်သစ်များအတွက် ခိုင်မာသည့် အခြေခံ အုတ်မြစ်များချနိုင်ခဲ့သည်။

    English version:

    Update from WorldFish Myanmar

    Feed the Future Burma Fish for Livelihoods funded by USAID

    Market System Development Training:

    The Feed the Future Burma Fish for Livelihoods project team in collaboration with a private consulting firm conducted 3-days person Market System Development training in Yangon with the main objective of improving awareness of how the market system plays an important role in improving livelihoods of smallholder farmers. The training had more than 65 participants, including growers, processors, traders, hatchery and nursery operators, feed producers, partners, and WorldFish staff, with a balanced gender representation. The methodology combined focused lectures, interactive group activities, and trainer-led coaching to ensure an engaging learning experience.

    The training aimed to enhance collaboration, understanding, and adaptation within the aquaculture/inland fisheries sector. The training focused on five key objectives:

    Facilitate interaction: Creating a platform for interaction between market actors and WorldFish staff to foster communication and mutual understanding. Understand market systems: Educating participants on market dynamics and their impact on small-scale aquaculture. Promote collaboration: Exploring ways for effective cooperation between the private and development sectors to improve small enterprise livelihoods. Adapt to market changes: Discussing the impact of political developments on market systems and strategies for the aquaculture sector. Network building: Providing networking opportunities for diverse participants to form future collaborations.

    The training successfully met its objectives, providing a comprehensive insight into market systems development. The participatory approach, coupled with the diverse backgrounds of participants, laid a solid foundation for future collaboration and innovation in the aquaculture sector, particularly in Activity’s intervened States and Regions and generally in Myanmar.

    Update from WorldFish Myanmar

    Feed the Future Burma Fish for Livelihoods funded by USAIDစာစောင်မှကောက်နှုတ်ချက်

    ------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
likes6comments0
views112views1638