cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ်အတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက်

. ရာသီဥတု သတင်းများ
ဇန်နဝါရီ ၃၁ရက်နေ့ကနေ ဖေဖော်ဝါရီလ ၉ရက်နေ့အထိ ၁၀ရက်တာ ကာလအတွင်း အထက်ပါမြို့နယ် အများစုမှာ ရာသီဥတုကြည်လင်သာယာနေပြီး ဖေဖော်ဝါရီ ၄၊၅၊၆၊၇ ရက်နေ့တွေမှာ တော့ မိုးရွာနိုင်ချေ ၂၅ ရာခိုင်နှုန်းခန့်ရှိပါတယ်။
  • ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) မြို့နယ်အတွက် ၁၀ရက်စာမိုးလေဝသ ခန်းမှန်းချက်နှင့် အတူ စိုက်ပျိူးရေး၊ မွေးမြူရေး အကြံပြုချက် 


    ဟင်္သာတမြို့နယ်အင်္ဂပူမြို့နယ်၊ကြံခင်းမြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့ နယ်၊ဇလွန်မြို့ နယ်၊လပွတ္တာ မြို့နယ်၊မော်ကျွန်းမြို့နယ်၊ဓနုဖြူမြို့နယ်၊မအူပင်မြို့နယ်၊ညောင်တုန်း ၊ ပန်းတနော် မြို့နယ်၊မြောင်း မြို့နယ်၊ဝါးခယ်မ၊ ဒေးဒရဲ၊ ကျိုက်လတ် ၊ ဖျာပုံ မြို့နယ်၊ကန်ကြီးတောင့်၊ ကျုံ ပျော်မြို့နယ်၊ပုသိမ်မြို့နယ်၊ငပုတောမြို့နယ်၊  


    ဇန်နဝါရီ ၃၁ရက်နေ့ကနေ ဖေဖော်ဝါရီလ ၉ရက်နေ့အထိ ၁၀ရက်တာ ကာလအတွင်း အထက်ပါမြို့နယ် အများစုမှာ ရာသီဥတုကြည်လင်သာယာနေပြီး ဖေဖော်ဝါရီ ၄၊၅၊၆၊၇ ရက်နေ့တွေမှာ တော့ မိုးရွာနိုင်ချေ ၂၅ ရာခိုင်နှုန်းခန့်ရှိပါတယ်။


    နွေစပါးနှင့် ပဲသီးနှံ အကြံပြုချက်

    ခုကာလက နွေစပါးနဲ့ ပဲ သီးနှံများ စိုက်ပျိုးနေဆဲ ကာလဖြစ်တာမလို့ စပါးနဲ့ ပဲ သီးနှံတွေကို ဒုက္ခပေးတတ်တဲ့ လှေးပိုးအန္တရာယ် ကို ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် လှေးပိုးအကြောင်းအနည်းငယ် ဖော်ပြပေးလိုက်ပါတယ်။

    လှေပိုးရဲ့ ဖျက်စီးမှု လက္ခဏာများ

    လှေးပိုးဖျက်ဆီးမှု လက္ခဏာများမှာ နေရောက်အောက်တွင် ထောင်ကြည့်ပါက အရွက်ငွေရောင်အကွက်များ သို့မဟုတ် အစင်းကြောင်းများ တွေ့ရပါသည်။ လှေးပိုးကျရောက်မှု ပြင်းထန်ပါက အရွက်၏ မျက်နှာပြင်နေရာ အတော်များများတွင် အကွက်များဖြစ်ပေါ်နေပြီး အပင်ဟာ ကောင်းမွန် မှန်ကန်စွာ အစာမချက်လုပ်နိုင်တော့ပါ။ အရွက်များ ကုပ်၍ ဝါလာပါသည်။ ဖျက်ဆီးခံရသော ဆဲလ်များမှတဆင့် အပင်ဟာ ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားလာပြီး ထိုမှတဆင့် အပင်ရောဂါများ ကူးစက်ဝင်ရောက်နိုင်ပါသည်။

    လှေးပိုးအား ကာကွယ်နှိမ်နှင်းခြင်း

    စိုက်ပျိုးနည်းစနစ်များ သုံးခြင်းဖြင့် ကာကွယ် နှိမ်နှင်းခြင်း

    -စပါး။ ပဲစိုက်ခင်းနှင့် ပတ်ဝန်းကျင်ရှိ ပေါင်းပင်နှင့် မြက်ပင်များကဲ့သို့သော လက်ခံပင်များ မရှိအောင် ဆောင်ရွက်ရပါမည်။- စိုက်ခင်းထဲရှိ သီးနှံအကြွင်းအကျန်များကို ရှင်းလင်းပါ။

    - ပိုးကျရောက်ဖျက်ဆီးထားသော အပင်များကို နုတ်ယူ ဖျက်ဆီးပစ်ပါ။

    သက်ရှိများ အသုံးပြုခြင်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း

    လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူ၊ ကပ်ပါးနကျယ်ကဲ့သို့သော မိတ်ဆွေပိုးများသည် လှေးပိုး အကောင်ပေါက်နှင့် အကောင်ကြီးတို့ကို စားသုံးသော မိတ်ဆွေပိုးများဖြစ်သည့်အတွက် အရေအတွက် တိုးပွားအောင် ထိန်းသိမ်းပါ။ ဓာတုပိုးသတ်ဆေးများကို လိုအပ်မှသာ သုံးစွဲပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။

    ဘက်စုံကာကွယ်နှိမ်နှင်းခြင်း နည်းစနစ်များ

    - လမ်းညွှန်ချက်များအတိုင်း မျိုးစေ့နှုန်းများကို အသုံးပြုပါ။

    - တိုက်ရိုက်နှိမ်နှင်းခြင်း နည်းလမ်းအဖြစ် ပြာပက်ပါ။

    - ဘေးပတ်ဝန်းကျင်ရှိ ပဲစိုက်ခင်းများနှင့် တချိန်တည်း စိုက်ပျိုးပါ။

    -မျိုးစေ့မချခင် မျိုးစေ့လူးနယ်စီရင်ခြင်းကို ဟိုမိုင်း 80%(WP)ကို မျိုးစေ့ ၁တင်းလျှင် ၁ဝဝဂရမ် တစ်ထုပ်ဖြင့် လူးနယ်၍ စိုက်ပျိုးပါ။

    - သဘာဝမြေဆွေး လုံလုံလောက်လောက် သုံးပါ။ 

    - စိုက်ပျိုးပြီးနောက် ပထမဆုံး ရက်၃ဝတွင် စိုက်ခင်းအား ပုံမှန်စစ်ဆေးခြင်း ပြုလုပ်ပါ။ လှေးပိုး စိုက်ခင်းတွင် ကျရောက်နေမှု ရှိမရှိ စစ်ဆေးရန် ရေစိုနေသောလက်ဖြင့် အပင်ထိပ်ပိုင်းများကို ထိသွားပြီး လှေးပိုးများ လက်တွင် ကပ် ပါလာ၊မလာ ကြည့်ပါ။စစ်ဆေးပြီးနောက် လက်ပေါ်တွင် လှေးပိုး ၁ဝကောင်မှ အကောင် ၂ဝ ကပ်ပါလာလျှင် တိုက်ရိုက်နှိမ်နင်းခြင်း နည်းလမ်းကို သုံးပါ။လှေးပိုးနှိမ်နှင်းရန် ဆေးရွက်ကြီးပင်ကို အသုံးပြုပြီး ဇီဝပိုးသတ်ဆေးကို ပြုလုပ် သုံးစွဲလိုပါက အောက်ပါ အဆင့်များအတိုင်း ပြုလုပ်နိုင်ပါသည်။

    - ဆေးရွက်ကြီးပင်ခြောက်(ပင်စည်ခြောက်နှင့် အရွက်ခြောက်များ) ၂၅ဝဂရမ်ကို ရေ ၄လီတာထဲသို့ ထည့်ပြီးမွှေပါ။ ဆပ်ပြာဖျော်ရည်ကို ထည့်ပြီး မိနစ် ၃ဝခန့် ဖြည်းညင်းစွာ အပူပေးပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့် ခံပြီး ပျော်ရည်ကို စစ်ပါ။ စစ်ထားသော ပျော်ရည်ကို ၁လီတာလျှင် ရေ ၄လီတာရောပြီး(၁ဆ : ၄ဆအချိုးဖြင့်) လှေးပိုးသောင်းကျန်းမှုကို ကာကွယ်နှိမ်နှင်းရန် ပက်ဖြန်းနိုင်ပါသည်။

    ပိုးသတ်ဆေးသုံးခြင်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း

     လှေးပိုးကျရောက်မှုမှ ကာကွယ်ရန် ပင်လုံးပြန့် ပိုးသတ်ဆေးများကို အသုံးပြုပါ။ 

    စိုက်ခင်းထဲတွင် လှေးပိုးများ ကျရောက်ခြင်းကို ကာကွယ်ရန် ရေ ၄ဂါလံဝင်ဆေးဖျန်းပုံး ၁ပုံးလျှင် အဆီတာမိပရစ် + လန်မဒါဆိုင်ဟေလိုသရင် Acetamiprid 20%+ Lambda-cyhalothrin 5% WP စားပွဲတင်ဇွန်း ၄ဇွန်းမှ ၅ဇွန်း (သို့မဟုတ်) 

    ဒယ်တာမီသရင်+ အီမာမက်တင်ဘန်ဇိုရိတ် Deltamethrin 5% + Emamectin Benzoate 5% EC စားပွဲတင်ဇွန်း တစ်ဇွန်းခွဲမှ နှစ်ဇွန်းခွဲ အသုံးပြုသင့်ပါသည်။ 

    ဆေးဘူး၊ ဆေးထုတ်များတွင် မြန်မာဘာသာဖြင့် ရေးထားသော အညွှန်းကိုဖတ်ပြီး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ပါခင်ဗျာ

     

     

    ငါးကန်များအတွက် အကြံပြုချက် 

    🐟 ရာသီဥတုပြောင်းလဲလာပါသဖြင့် သတ်မှတ်ထားသည့် အစာပမာဏသာ ကျွေးရန်၊

    🐟 မိုးတွင်းကာလရှိ အစာဟောင်းများ ကန်အောက်ခြေတွင် အနည်ကျစုပုံနေ၍ အဆိုပါအခြေအနေမှ အမိုးနီးယား ဓါတ်ငွေ့များ ထွက်လာနိုင်ပြီး အောက်ဆီဂျင်ပြတ်လတ်နိုင်သဖြင့် သတိပြုရန်၊

    🐟 ရေအရည်အသွေးပြောင်းလဲနိုင်သဖြင့် အချိန်ပြည့် စောင့်ကြည့်ပေးရန်၊ အကြံပြုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

    Weather Source: CIAT 

    https://htwettoe.com/post/47825

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက   

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes15comments0
views274views25283