cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အခြေချရှင်သန်ပြီးသော သီးနှံပင်များကို အမြစ်ပေါက်ဟော်မုန်းများ အသုံးပြု၍ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးတိုးစေခြင်း

. အပင်အာဟာရ
စပါးပင်၌ အသုံးပြုသော ဟော်မုန်းနှင့် သရက်ပင်၌ အသုံးပြုသောဟော်မုန်း ထပ်တူထပ်မျှ မတူနိုင်ပါ။ သီးနှံတစ်မျိုး၏အစေ့အညှောက်ပေါက်ခြင်း၊ ကြီးထွားနှုန်းမြှင့်တင်ခြင်း၊ ပန်းပွင့်ရန် နှိုးဆွခြင်းတွင် အသုံးပြုသော ဟော်မုန်းများ မတူနိုင်ပါ။အမြစ်ပေါက်ဟော်မုန်းများတွင် အများဆုံးအသုံးပြုသော ဟော်မုန်းနှစ်မျိုးမှာ နက်သလင်းအက်စစ်တစ်အက်စစ်နှင့် အင်ဒိုးဗြူးထရစ်အက်စစ်တို့ ဖြစ်သည်။ ထိုဟော်မုန်းများမှာ ဓာတ်ခွဲခန်းသုံး သို့မဟုတ် ၁၀၀ ရာခိုင်နှုန်းနီးပါး သန့်စင်ထားသော ဟော်မုန်းများဖြစ်ပါကသီးနှံပင်များ အပေါ်သို့ တိုက်ရိုက်အသုံးမပြုနိုင်ပါ။
  • မြန်မာပြည် လွတ်လပ်ရေးမရမီ၊ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ ကာလကပင် အပင်ဟော်မုန်းများ မြန်မာပြည်အတွင်း ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ထိုဟော်မုန်းများမှာ မြန်မာပြည်တွင်းက သာမန် စိုက်ပျိုးသူများ၏ စိုက်ပျိုးရေး လုပ်ငန်းများတွင် မရောက်ရှိသေးပါ။ ထိုအချိန်က အုပ်ချုပ်သူ အရာရှိကြီးများနှင့် ချမ်းသာကြွယ်ဝသူအချို့ကသာ အပင်ဟော်မုန်းများကို အသုံးပြုခဲ့ကြသည်။

    အထူးသဖြင့် အမြစ်ပေါက် ဟော်မုန်းများကို အသုံးပြုခဲ့ကြသည်။ ဥရောပပင်လယ်ကူးသင်္ဘောများဖြင့် တင်သွင်းသော အဖိုးတန်အပင်များတွင် အသုံးပြုခဲ့ကြသည်။ ထိုအချိန်က ဓာတ်မြေသြဇာများကိုပင် အသုံးပြုရန် မသိသေးသော ကာလများ၌ အမြစ်ပေါက်ဟော်မုန်း တစ်ပေါင်ဆံ့သော သံဘူးတစ်ဘူးကို ရူပီးငွေ ငါးကျပ်နှင့် ဝယ်ယူနိုင်သည်။ ထိုငွေပမာဏမှာ အလွန်မြင့်မားသောကြောင့် သာမန်နိုင်ငံသား စိုက်ပျိုးသူများ လက်လှမ်းမမီနိုင်သော အနေအထားဖြစ်သည်။

    ဥရောပက အဖိုးတန်အပင်များနှင့်သာ ထိုက်တန်သော ဟော်မုန်းများ ဖြစ်နေသည်။ မြန်မာ့ စိုက်ပျိုးသူများ မဆိုထားနှင့် ပညာတတ် မြန်မာအရာရှိကြီးများနှင့်ပင် ထိုဟော်မုန်းများ ရင်းနှီးမှု မရှိခဲ့ပါ။ ထိုစဉ်က ရန်ကုန်မြို့ ဗျူရိုကရက် လောကတွင် အဖိုးတန် ဥရောပ အလှပင်များ၊ပန်းပင်များ ခေတ်စားချိန်ဖြစ်သည်။ ပွဲတော်များ ကျင်းပ၍ ပန်းပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ကြသကဲ့သို့ ဥယျာဉ်အလိုက် ပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

    ထိုစဉ်က တိုင်းပြည်မျက်နှာဖုံး လူကုံထံလောကတွင် နှင်းဆီ၊ သစ်ခွ၊ နှင်းပန်းနှင့် ကမ္ဘာကျော်အပင်များ စိုက်ပျိုးရေးမှာခေတ်စားလျက်ရှိသည်။ထို အဖိုးတန် အပင်များကိုလည်း ထိုခေတ် ထိုအခါက ရနိုင်သမျှသော နည်းပညာများ၊ အဖိုးတန်ပစ္စည်းများနှင့် ပံ့ပိုးခဲ့ကြသည်။

    အပင်ဟော်မုန်းများတွင် အများဆုံး အသုံးပြုသော ဟော်မုန်းများမှာ အမြစ်ပေါက်ဟော်မုန်းများ ဖြစ်သည်။ မြန်မာပြည်လွတ်လပ်ရေး ရပြီးစ အချိန်တွင် တစ်ချိန်က အုပ်စိုးခဲ့သော အရာရှိကြီးများ၏ အိမ်ကြီး၊ အိမ်ကောင်းများ၊ ခြံဝင်းကြီးများနှင့် အဖိုးတန်အပင်များမှာ မြန်မာလူကုံထံများဆီသို့ ရောက်လာတော့သည်။ ထိုအချိန်က မြန်မာလူကုံထံများသည် အပင်ဟော်မုန်းအချို့နှင့် အရွက်ဖျန်း မြေသြဇာများကို မိမိတို့လက်ဝယ် ရောက်လာသော အဖိုးတန်အပင်များတွင် အသုံးပြုလာကြသည်။

    ထိုအချိန်ကာလ၌ပင်တိုးတက်သောအမြင်နှင့် ပညာတတ် မြန်မာ့ စိုက်ပျိုးသူများ အတွင်း၌ အပင်ဟော်မုန်းများနှင့် အရွက်ဖျန်းဓာတ် မြေသြဇာများမရောက်ရှိခဲ့သေးပါ။ ၁၉၈၀ ပြည့်လွန်ကာလ ရောက်သောအခါမှသာ အရွက်ဖျန်းမြေသြဇာများ စတင်ခေတ်စားလာသည်။ သို့သော်

    ထိုကာလတွင် ရောက်ရှိလာသော အရွက်ဖျန်း မြေသြဇာများမှာ အဆင့်မြင့်မြေသြဇာများ မဟုတ်သေးပါ။ ရေတွင် ၁၀၀ ရာခိုင်နှုန်းသာ ပျော်ဝင်ပြီး အရွက်များမှ စုပ်ယူစားသုံးနိုင်သော အရွက်ဖျန်းမြေသြဇာများ ဖြစ်သည်။ နောက်မှ ပို၍အဆင့်မြင့်သော အရွက်ဖျန်း မြေသြဇာများ ရောက်ရှိလာသည်။ ထိုစဉ်က ရောက်ရှိလာသော အညံ့စားအရွက်ဖျန်း မြေသြဇာများကို ရောင်းချသူများကအမွှမ်းတင်ပြီး ဟော်မုန်းအဖြစ် ရောင်းချကြသည်။

    မြန်မာ့ စိုက်ပျိုးရေး လောကအတွင်း ထိုအရွက်ဖျန်း မြေသြဇာ သို့မဟုတ် အပင်ဟော်မုန်းနှင့် ပတ်သက်သော အခြေခံမရှိခြင်း၊စီးပွားရေး အကျိုးအမြတ်ကိုသာကြည့်၍ အသင့်သုံး ပြည်ပသွင်းအားစုကိုသာ တင်သွင်းရောင်းချခဲ့ပြီး နည်းပညာရှာဖွေမှု အားနည်းခဲ့ခြင်းတို့ကြောင့် နှစ်ကာလ ဆယ်စုနှစ်များစွာ ကြာခဲ့သည့်တိုင်အောင် အရွက်ဖျန်း မြေသြဇာများနှင့် အသင့်သုံးအပင်ဟော်မုန်းများပြည်တွင်း၌ မထုတ်လုပ်နိုင်ခဲ့ပေ။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများ၌ ပင်ပန်းပင်အရွက်ဖျန်း မြေသြဇာများနှင့် အပင် ဟော်မုန်းများကိုလွန်ခဲ့သော ဆယ်စုနှစ် အတော်ကြာကပင် ထုတ်လုပ်နိုင်ခဲ့သည်။

    ကိုလိုနီခေတ်က ရရှိခဲ့သော အမြစ်ပေါက်ဟော်မုန်း အမှုန့်များကိုသာ ဥယျာဉ်မှူးများက ကိုင်းပြတ်များကို အမြစ်ပေါက်စေခြင်း၊ ပျိုးထုပ်စည်းများတွင် အမြစ်ပေါက်စေခြင်းအတွက် အသုံးပြုခဲ့ကြသည်။ ပျိုးဥယျာဉ်လုပ်ငန်းတွင် အတွေ့အကြုံရင့်နေသော်လည်း ထိုဟော်မုန်းများနှင့် နီးကပ်မှု မရှိသောသူများက အမြစ်ပေါက်ဟော်မုန်းများကို ယုံကြည်မှုအားနည်းခဲ့ကြသည်။ အမြစ်ပေါက်ဟော်မုန်းများ အသုံးပြုခြင်းဖြင့် အမြစ်များ မြန်မြန်ထွက်လာခြင်း၊အမြစ်များများ ထွက်လာခြင်းကို သံသယရှိကြသည်။

    ဟော်မုန်းမဟုတ်သော ကြက်ဥ အကာ၊ သုက်ပိုး စသည်တို့ဖြင့် အမြစ်များထွက်စေနိုင်မည်ဟု ယူဆကြသည်။မျိုးပွားသော အပင်များ၌ အမြစ်များ မြန်မြန်ထွက်ခြင်း၊ များများထွက်စေခြင်းကြောင့် ပြုပြင်ပြောင်းရွှေ့ စိုက်ပျိုးသော အပင်များအခြေချမြန်ပြီး ပျက်စီးဆုံးရှုံးမှု နည်းကြောင်း မတွေးမိကြပေ။ ကိုလံဘို စီမံကိန်းကဲ့သို့သော အထောက်အပံ့များဖြင့် တက္ကသိုလ်ကြီးများ၊ သုတေသန ဌာနများဆီသို့ ဓာတ်ခွဲခန်းသုံး ဓာတုပစ္စည်းများနှင့် အပင်ဟော်မုန်းများ ရောက်ရှိခဲ့သည်။ ပညာတတ်များသည်ပင်အဆိုပါဟော်မုန်းများကို ထိုက်ထိုက်တန်တန် အသုံးမပြုကြခြင်းကြောင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။

    နိုင်ငံခြား တက္ကသိုလ်ကြီးများတွင် နှစ်ပေါင်းများစွာ သင်ကြားခဲ့သော ပညာရှင်များပင် မြန်မာ့ စိုက်ပျိုး သီးနှံများတွင် အပင်ဟော်မုန်းများကို ဆီလျော်စွာအသုံးပြုရမည့် အတွေးအမြင်များ မပေါ်ခဲ့ပေ။ စိတ်ဝင်စားမှု နည်းပါးခဲ့သည်။ အပင် ဟော်မုန်းများသည် ဓာတ်ခွဲခန်းအဆင့် ၁၀၀ရာခိုင်နှုန်းသန့်စင်သော ဟော်မုန်းများကို အပင်များအပေါ် အသုံးမပြုမီ ပြုပြင်ရသော အဆင့်များ ရှိပါသည်။ ဟော်မုန်း အမျိုးအစားပေါ် မူတည်၍ ပြုပြင်အသုံးပြုပုံချင်း မတူကြပါ။

    ထို ၁၀၀ ရာခိုင်နှုန်းသန့်စင်သော ဟော်မုန်းများကို အသင့်သုံးနိုင်ရန် ပြင်းအားကိုလျှော့ချရာတွင် အချို့ကို ရေဖျော်၍ရ သကဲ့သို့ မတူကွဲပြားသော ပစ္စည်းများ၊ နည်းပညာများကို အသုံးပြုရန် လိုအပ်ပါသည်။ ထိုပညာများကို အလေးထား မလေ့လာခဲ့သူများသည် ဟော်မုန်းများကို ဆက်လက် အသုံးမပြုတတ်တော့ပေ။ သီးနှံပင်အမျိုးအစားများပေါ်မူတည်၍ ဟော်မုန်းများ ကွဲပြားသကဲ့သို့ သီးနှံတစ်မျိုးတည်း၌ပင် ကြီးထွားမှုအဆင့်အလိုက်၊ လိုအပ်ချက်ကွဲပြားမှုအလိုက် အသုံးပြုပုံမတူနိုင်ပါ။

    စပါးပင်၌ အသုံးပြုသော ဟော်မုန်းနှင့် သရက်ပင်၌ အသုံးပြုသောဟော်မုန်း ထပ်တူထပ်မျှ မတူနိုင်ပါ။ သီးနှံတစ်မျိုး၏အစေ့အညှောက်ပေါက်ခြင်း၊ ကြီးထွားနှုန်းမြှင့်တင်ခြင်း၊ ပန်းပွင့်ရန် နှိုးဆွခြင်းတွင် အသုံးပြုသော ဟော်မုန်းများ မတူနိုင်ပါ။အမြစ်ပေါက်ဟော်မုန်းများတွင် အများဆုံးအသုံးပြုသော ဟော်မုန်းနှစ်မျိုးမှာ နက်သလင်းအက်စစ်တစ်အက်စစ်နှင့် အင်ဒိုးဗြူးထရစ်အက်စစ်တို့ ဖြစ်သည်။ ထိုဟော်မုန်းများမှာ ဓာတ်ခွဲခန်းသုံး သို့မဟုတ် ၁၀၀ ရာခိုင်နှုန်းနီးပါး သန့်စင်ထားသော ဟော်မုန်းများဖြစ်ပါကသီးနှံပင်များ အပေါ်သို့ တိုက်ရိုက်အသုံးမပြုနိုင်ပါ။

    အသင့်သုံး အဆင့်သို့ ရောက်ရှိရန် ပြုပြင်မှုများ လိုအပ်ပါသည်။ အချို့က ရေဖျော်၍ ရနိုင်သည်ဟု ယူဆပါသည်။ ရေတွင် မပျော်ဝင်နိုင်ပါက အချို့က ရေကို အပူပေးပြန်သည်။ ဤသို့အပူပေးခြင်းမှာ ဟော်မုန်း၏အာနိသင်ကို ပျက်ယွင်းစေပါသည်။ အချို့က အယ်ကိုဟော၊ အချို့က အက်စစ်၊ အချို့က အယ်ကာလီအသုံးပြုကြပါသည်။ အကယ်၍ မှန်ကန်သော လုပ်ရပ်မဟုတ်ပါက ဆုံးပါးပျက်စီးရန်သာ ရှိသည်။ အမြစ်များ၏ ကြီးထွားဖွံ့ဖြိုးခြင်းကို အထောက်အကူဖြစ်စေသောအာဟာရ ပစ္စည်းတစ်မျိုးမှာ ဖော့စဖိတ်များ ဖြစ်သည်။

    အမြစ်ပေါက်ဟော်မုန်း၏ အာနိသင် ပို၍ကောင်းမွန်စေရန် ဖော့စဖိတ်များကိုတွဲဖက် အသုံးပြုကြသည်။ သို့သော် ထိုအသုံးပြုသော ဖော့စဖိတ်သည် အာနိသင်ပြမြန်သောရေပျော်ဖော့စဖိတ်မျိုးဖြစ်ရန် လိုအပ်သည်။ ရေပျော်ရန် ခက်ခဲသော၊ အချိန်ကြာမြင့်စွာ ပေးရသော ဖော့စဖိတ်များမှာ အမြစ်ပေါက်ဟော်မုန်းနှင့် လိုက်ဖက်မှုမရှိနိုင်ပါ။

    ယနေ့ စိုက်ပျိုးသူအများသည် အမြစ်ပေါက်ဟော်မုန်းများကို အသုံးပြုရာတွင် အကိုင်းအခက်များမှ အမြစ်ပေါက်ပြီး အပင်များစွာ ပိုမိုရရန် အသုံးပြုကြသည်။ စိုက်ပျိုးသူ အတော်များများသည် အပင်ကပြုလုပ်ထားသော မြေပေါ်ပိုင်းအင်္ဂါများကိုသာ ကြည့်တတ်ကြသည်။ အမြစ်များ မြေအောက်မှာရှိနေခြင်းကြောင့် သတိမမူမိပေ။ မြေပေါ်ပိုင်းရှိ အရွက်၊ ပင်စည်၊ အသီး၊ အပွင့်အားလုံးကို အာဟာရနှင့် အစာထောက်ပံ့နေသည်က မြေထဲကအမြစ်များဖြစ်သည်။

    ထို့ကြောင့် မြေပေါ်အင်္ဂါများနှင့် အပင်၏ ကံကြမ္မာအားလုံးကို အမြစ်များကတာဝန်ယူထားသည်။ ထိုအမြစ်များ ကြီးထွားဖွံ့ဖြိုးမှ မြေပေါ်ပိုင်းအင်္ဂါများ ကောင်းမွန်နိုင်ပါသည်။ မြေဆီလွှာတွင် အခြေချပြီး ရှင်သန်နေသော သီးနှံပင်ကို အမြစ်ပေါက်ဟော်မုန်းများ အခါအားလျော်စွာ ထောက်ပံ့ခြင်းဖြင့် အမြစ်များ၏ ကြီးထွားဖွံ့ဖြိုးခြင်းကို ပို၍ ကောင်းမွန်စေမည် ဖြစ်သည်။

    အမြစ်ပေါက်ဟော်မုန်းအာနိသင်ကြောင့် မြစ်မွေးများ ပိုထွက်လာခြင်းက ရေများ ဓာတ်ဆားစုပ်ယူခြင်းကို ကြီးမားစွာ အထောက်အကူဖြစ်စေပါသည်။ ထို့ကြောင့်သီးနှံပင်များ အထွက်နှုန်းတိုးစေရန်နှင့် အရည်အသွေး ပိုကောင်းစေရန် သီးနှံပင်၏ သက်တမ်းတစ်လျှောက်လုံးတွင် လိုအပ်သောအမြစ်ပေါက်ဟော်မုန်းများ အသုံးပြုရန် လိုအပ်ပါသည်။

    Sources:

    ဦးဖရက်သိန်းဖေ

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -------------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
likes9comments0
views140views2326