cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မွန်ပြည်နယ်ထွက် ကွမ်းသီးများ တရုတ်သို့ အဓိကထား တင်ပို့

. ဈေးကွက်
မွန်ပြည်နယ်ထွက် ကွမ်းသီးတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံတစ်ခုတည်းကိုပဲ အဓိထား တင်ပို့နေရကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ရဲ့ ပြောပြချက်အရ သိရပါတယ်။
  • မွန်ပြည်နယ်ထွက် ကွမ်းသီးတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံတစ်ခုတည်းကိုပဲ အဓိထား တင်ပို့နေရကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ရဲ့ ပြောပြချက်အရ သိရပါတယ်။

    ကွမ်းသီးထုတ်လုပ်သူများအသင်းကနေ ပြည်နယ်အစိုးရရဲ့ ထောက်ခံချက်၊ မြို့နယ်အထွက်နှုန်း ထောက်ခံချက်တွေ ရယူပြီး ပွဲရုံတွေကနေ အဆင့်ဆင့်လက်ခံရယူကာ ပြည်ပဈေးကွက်ထံ တင်ပို့လျက်ရှိတယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ကွမ်းသီးတွေကို မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြပြီး မွန်ပြည်နယ်မှာ ယိုးဒယားမျိုး ကွမ်းသီးအဝိုင်းနဲ့ ဒေသမျိုး ကွမ်းသီးအချွန်တို့ကို အများအပြား စိုက်ပျိုးကြပါတယ်။

    မော်လမြိုင်ကုန်စည်ဒိုင်ရဲ့ ဖော်ပြချက်အရ ကွမ်းသီး(ကုန်ချော) တစ်ပိဿာက အမျိုးအစားအလိုက် ကျပ် ၅၄၀၀ မှ ၈၅၀၀ ကျပ် ဈေးရှိပြီး မော်လမြိုင်အညိုသီး - အရိုင်း (အသစ်) က တစ်ပိဿာ ၂၀၀၀ ကျပ် ဈေးရပါတယ်။

    မြန်မာနိုင်ငံ စိုက်ပျိုးထွက်ရှိတဲ့ ကွမ်းသီးတွေကို တရုတ်နိုင်ငံကို အဓိကတင်ပို့လျက်ရှိပြီး ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ဝယ်ယူလျက်ရှိကာ အကောက်ခွန်ကင်းလွတ်ခွင့် (သုညရာခိုင်နှုန်း) ရရှိထားပါတယ်။

    ၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ်အတွင်း ပြည်ပဖောက်သည်ဈေးကွက်နိုင်ငံတွေထံ ကွမ်းသီးတန်ချိန် ၂၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရှိရပါတယ်။

    BETV Business မှ ကူးယူဖော်ပြပါသည်။

    ------------------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views152views1642