cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းမျိုးစုံ တစ်လအတွင်း၃၅၀၀၀ မှ ၈၀၀၀၀ ကျပ်မြင့်တက်📈📈

. ဈေးကွက်
ပြည်တွင်း နှမ်းမျိုးစုံ ‌ ဈေးကွက်ထဲကို နှမ်းဝင်ရောက်မှုနည်းလာတဲ့အပြင် တရုတ်ကလည်း အဝယ်ရှိနေတာကြောင့် နှမ်းစျေးကွက်က ဆက်တိုက်မြင့်တက်လာနေတယ်လို့ ကုန်စည်ဒိုင်တွေကသိရ တယ်။
  • ပြည်တွင်း နှမ်းမျိုးစုံ ‌ ဈေးကွက်ထဲကို နှမ်းဝင်ရောက်မှုနည်းလာတဲ့အပြင် တရုတ်ကလည်း အဝယ်ရှိနေတာကြောင့် နှမ်းစျေးကွက်က ဆက်တိုက်မြင့်တက်လာနေတယ်လို့ ကုန်စည်ဒိုင်တွေကသိရ တယ်။

    နှမ်းနက်စမုံအပါအဝင် နှမ်း မျိုးစုံစျေးကွက်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလစကတည်းက ​ဈေးဆက်တိုက်တက်လာတာဖြစ်ဖြစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁၄ ရက်အတွင်း နှမ်း ၄၅ ပိဿာ တစ်အိတ်ကို ၁၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်လောက်အထိ မြင့်တက်လာကာ ဇန်နဝါရီ ၁၅ ရက်မှ ဇန်နဝါရီ ၃၁ ရက် (လကုန်)အထိမှာလည်း နှမ်း ၄၅ ပိဿာ တစ်အိတ်ကို ၂၀၀၀၀ မှ ၅၀၀၀၀ညကျပ်အထိ ထပ်မံမြင့်နက်လာတာဖြစ်ပါတယ်။

    ဇန်နဝါရီတစ်လအတွင်းမှာဆိုရင် နှမ်းမျိုးစုံ ၄၅ ပိဿာ တစ်အိတ်ကို၃၅၀၀၀ မှ ၈၀၀၀၀ ကျပ် ဝန်းကျင်မြင့်တက်လာခြင်းဖြစ်ပါတယ်။

    " အခုနှမ်းက မိုးနှမ်းကတုန်းနေပြီ ၊ အညာနှမ်းပဲပေါ်နေတယ်၊ အညာနှမ်းကလည်းအဝင်နည်းနေတော့ စျေးကတက်လာတာပေါ့ ။ နှမ်းအဝင်နည်းတာနဲ့တရုတ်ကအဝယ်လိုက်တာဆုံတော့စျေးကတက်လာနေတာပါ " လို့ နှမ်းကုန်သည်တစ်ဦးကသုံးသပ်ပြောပါတယ်။

    ဇန်နဝါရီလ ၁၄ ရက်နေ့က မန္တလေး ကုန်စည်စျေးကွက်မှာ နှမ်းနက် စမုံက ၄၅ ပိဿာကို ၃၄၀၀၀၀ ကျပ်မှ ၃၈၀၀၀၀ ကျပ်၊ နှမ်းဖြူဂျပန်က ၃၉၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ် ၊နှမ်းဖြူရိုးရိုးကလည်း ၃၅၀၀၀၀ ကျပ်မှ ၃၆၅၀၀၀ ကျပ်စျေးပေါက်ပြီး နှမ်းညိုက ၂၉၅၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်စျေးရှိခဲ့ပါတယ်။

    လက်ရှိဇန်နဝါရီလနောက်ဆုံးပတ် မန္တလေး ကုန်စည်စျေးကွက်မှာတော့ နှမ်းနက် စမုံက ၄၅ ပိဿာကို ၃၆၅၀၀၀ မှ ၄၃၀၀၀၀ ကျပ်၊ နှမ်းဖြူဂျပန်က ၄၁၀၀၀၀ မှ ၄၂၀၀၀၀ ကျပ် ၊နှမ်းဖြူရိုးရိုးကလည်း ၃၆၀၀၀၀ မှ ၃၈၅၀၀၀ ကျပ်စျေးပေါက်ပြီး နှမ်းညိုကလည်း ၃၁၇၀၀၀ မှ ၃၂၀၀၀၀ ကျပ်စျေးပေါက် လာပါတယ်။

    အောင်လံကုန်စည်ဒိုင် စျေးကွက်မှာလည်း နှမ်းနက်စမုံ(အက်ဆစ်လွတ်) ၄၅ ပိဿာကို ၃၆၀၀၀၀ ကျပ်မှ ၃၈၀၀၀၀ ကျပ် အက်ဆစ်မလွတ်တဲ့ နှမ်းနက်စမုံက ၃၅၀၀၀၀ ကျပ်ရှိကာ နှမ်းဖြူ ၄၅ ပိဿာကို ၃၃၅၀၀၀ ကျပ်စျေးတန်းရှိလာပြီးတစ်အိတ်ကို ၃၅၀၀၀ ကျပ်လောက်ထပ်တက်လာတာဖြစ် ပါတယ်။

    နှမ်းကို ပြည်ပတင်ပို့မှုအနေနဲ့ တရုတ်ကိုသာ အဓိကတင်ပို့ရောင်းချရတဲ့အတွက် တရုတ်ရဲ့ နှမ်းလိုအပ်ချက်၊ဝယ်လိုအားအပေါ်လိုက်ပြီး ပြည်တွင်း နှမ်းစျေးကွက်က အတက်အကျ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

    ဒါ့အပြင် ပြည်တွင်း ဒေါ်လာစျေးအတက်အကျ ၊ပို့ကုန်မူဝါအပြောင်းအလဲတွေကြောင့်လည်း စျေးကစားတာတွေရှိတတ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။

    နှမ်းကိုတော့ မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနေနဲ့ ဆီကြိတ်ခွဲခြင်း ၊မုန့်လုပ်ငန်းတွေမှာပဲ အသုံးပြုမှုရှိနေပါတယ်။

    လက်ရှိမှာတော့ နှမ်းမျိုးစုံ စျေးမြင့်တက်လာမှုနဲ့အတူ မန္တလေးကုန်စည်ဒိုင်၊ အောင်လံ ကုန်စည်ဒိုင် စျေးကွက်အပါအဝင် နယ်ကုန်စည်ဒိုင်တွေအားလုံး မှာလည်း နှမ်းမျိုးစုံ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။

    ချစ်ခွန်းချို(AMIA)

    AMIA-Doh Farmer Digital TV မှ ကူးယူဖော်ပြပါသည်။


  • article
likes6comments0
views162views1176