cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မတ်ပဲစျေး စံချိန်တင်ဖြစ်လာပြီး ပဲတီစိမ်း၊ ပြောင်းစျေး တက်လာ

. ဈေးကွက်
ပြောင်းစျေး တက်ရိပ်ပြလာပြီး မတ်ပဲက စံချိန်တင်မြင့်တက်လာပါတယ်။ ပဲစဥ်းငုံကတော့ စျေးပြောင်းအ လဲ သိပ်မရှိပါဘူး။ ပဲတီစိမ်းက တက်လာပြီး ကုလားပဲက စျေးထပ်ကျပါတယ်။
  • ဇန်နဝါရီလ နောက်ဆုံးပတ်နဲ့ ဖေဖော်ဝါရီလအစ ( ၂၉.၁.၂၀၂၄ မှ ၂.၂.၂၀၂၄) ရက်သတ္တပတ် အတွင်း ကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ မန္တလေးနဲ့ရန်ကုန်စျေးကွက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ စျေးနှုန်းတွေဖြစ်

    ပါတယ်။

     ပြောင်းစျေး တက်ရိပ်ပြလာပြီး မတ်ပဲက စံချိန်တင်မြင့်တက်လာပါတယ်။ ပဲစဥ်းငုံကတော့ စျေးပြောင်းအ လဲ သိပ်မရှိပါဘူး။ ပဲတီစိမ်းက တက်လာပြီး ကုလားပဲက စျေးထပ်ကျပါတယ်။

    မတ်ပဲ 

    မတ်ပဲက ဒီတစ်ပတ်မှာ လည်း  စျေးနူန်းဆက်တိုက်တက်လာပြီး စံချိန်တင်ဈေးနှုန်းအထိ‌ေရာက် လာပါတယ်။အိန္ဒိယဘက်ကအဝယ်ရှိ​နေတာကြောင့် မတ်ပဲစျေးက ဆက်တိုက်တက်နေတာမှန်ပေမယ့် စျေးက တစ်ရက်ထဲမှာပဲ အကြိမ်ကြိမ်ပြောင်းလဲနေ တယ်လို့သိရပါတယ်။

     ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ မတ်ပဲFAQ တစ်တန်ကို သိန်း ၃၂၇၀၀၀၀ ကျပ် စျေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ကျပ် ၁၀၅၀၀၀ စျေးတက်လာပါတယ်။

    မန္တလေးစျေးကွက်မှာလည်း  ပိဿာ ၆၀ ကို အမြင့်ဆုံး ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်ရှိ ပြီး  ပြီးခဲ့တဲ့ အပတ် ကထက် ၁၀၀၀၀ မှ ၁၄၀၀၀ ကျပ် တက်လာပါတယ်။

     ပြီးခဲ့တဲ့အပတ်က ဟင်္သာတကုန်စည်ဒိုင်မှာ ပိဿာ ၂၀ ကို ၉၈၅၀၀ ကျပ် ၊ပဲခူးတိုင်းလက်ပံတန်းမှာ မတ်ပဲပိဿာ ၂၀ ကို ၁၀၀၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ ၉၈၂၀၀ ကျပ်ရှိရာကနေ ကုန်စည်ဒိုင်အသီးသီးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၀၅၅၀၀ ကျပ်မှ ၁၀၆၀၀၀ ကျပ်အထိရှိလာပြီး တစ်တင်းကို ၈၀၀၀နီးပါး ဈေးမြင့်တက်လာပါတယ်။

     ပဲစဥ်းငုံနီ

    ပဲစဥ်းငုံနီကတော့ ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ကျရိပ်ပြပြီး မန္တလေးမှာတော့ အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိပေမယ့် ဈေးကတော့ ငြိမ်နေပါတယ်။

     အိန္ဒိယဘက်က ပဲစဥ်းငုံနီလိုအပ်ချက်မြင့်နေတာကြောင့် ဝယ်လိုအားကောင်းတဲ့အတွက်စျေးက အကျဘက်ကို ဆင်းသွားတာမရှိပေမယ့် ထပ်တက်လာတာမျိုးလည်း မရှိပါဘူး။ 

     ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၈၃၁၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၅၀၀ လောက် ကျရိပ်ပြလာပါတယ်။

     မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၆၅၀၀၀ မှ ၃၆၈၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်က ပေါက်ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။

     ပြောင်းဆံ

    ပြောင်းဆံကတော့ မန္တလေးနဲ့ ရန်ကုန်စျေးကွက်မှာပါ စျေး တက်လာပေ မယ့် အရောင်း အဝယ်အေး နေပါတယ်။

     ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပြီးခဲ့တဲ့အပတ်က ပြောင်းဆံတစ်ပိဿာကို ၁၁၃၀ မှ ၁၁၅၀ ကျပ်ရှိပြီး  ခုတပတ်မှာတော့ တစ်ပိဿာကို ၁၁၄၀ မှ ၁၁၆၀ ကျပ်အထိ ပြန်ဖြစ်လာလို့ တစ်ပိဿာကို ၁၀ ကျပ် အတက်ပြ လာပါတယ်။

     မန္တလေးစျေးကွက်မှာလည်း  ပြောင်း (cp) ၅၄ ပိဿာဝင် တစ်အိတ်ကို ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊  ပြောင်း (ဗမာ) က ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ပြောင်း (ရှမ်း)က ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်ပေါက်လို့ တစ်အိတ်ကို ၁၀၀၀ ကျပ်စီ ပြန်တက်လာပါတယ်။

     ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဈေးတွေ ဆက်တိုက်မြင့်တက်လာ ပါတယ်။ ပဲတီစိမ်းအသစ်တွေ ရိတ်သိမ်းချိန်ရောက် တာကြောင့် ပဲအသစ်တွေကို တရုတ်က ဝယ်လိုအားရှိတဲ့အတွက် စျေးနှုန်းတွေ တက်လာနေတာဖြစ်ပါတယ်။

     ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၄၁၅ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၂၅၀ ကျပ် ၊ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၄၁၅ မှ ၃၈၃၅ ကျပ် ရှိပြီး တစ်ပိဿာကို ၃၃၀ ကျပ်မှ ၅၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။

     မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ၁၆၀၀၀၀ မှ ၂၀၀၀၀၀ သိန်း ကျပ်စျေးပေါက်ပြီး ပြီးခဲ့တဲ့အပတ်က ထက် ၄၀၀၀ ကျပ်တက်လာပါတယ်။ 

     ကုလားပဲ

     ကုလားပဲကလည်း ရန်ကုန်စျေးကွက်နဲ့ မန္တလေးကုန်စည်စျေးကွက်မှာပါ စျေးဆက်တိုက် ကျဆင်းလာပါတယ်။

     ကုလားပဲက အသစ်ပေါ်ချိန်နီးလာတာကြောင့် စျေးက အတက်အကျ တည်ငြိမ်မှုမရှိပဲနဲ့ အကျဘက် ရောက် လာတာဖြစ်ပါတယ် ။

     ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကုလားပဲဖြူလုံး တစ်ပိဿာကို ၄၇၅၀ မှ ၄၈၃၅ ကျပ်၊ ကုလားပဲဖြူလုံးကြီးကလည်း တစ်ပိဿာကို ၄၉၁၅ မှ ၅၀၀၀ ကျပ် စျေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်မှ ၂၅၀ ကျပ် စျေးကျဆင်းသွားပါတယ် ။ 

     မန္တလေးစျေးကွက်မှာလည်း ကုလားပဲ v2 က ၃၀၅၀၀၀ ကျပ်  ကျပ်ရှိပြီး ၅၀၀၀ ကျပ်၊ ကုလားပဲ v7က ၃၀၈၀၀၀ ကျပ်ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ကျဆင်းပါတယ်။ ကုလားပဲ 929 ကလည်း ၂၈၄၀၀၀ မှ ၂၈၇၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။  

    AMIA


  • article
likes10comments0
views178views1739