cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သီးနှံ ဖွံ့ဖြိုးကြီးထွားစေတဲ့ နွားနို့ချဉ်ရည်ပြုလုပ်နည်း

. အပင်အာဟာရ
ဆန်ဆေးရည်ကိုမြေအိုး၏ သုံးပုံတစ်ပုံသာထည့်၍ (၇) ရက် အနယ်ထိုင်ပြီး အလယ်အရည်ကြည်ကို ယူပါ။

၎င်းရေ (၁) ဆကိုနွားနို့ (၁၀)ဆ နှင့်ရော၍ မြေအိုးထဲသို့ ထည့်ပြီး (၇) ရက်နေပါက အလယ်ရေကြည်ကို ယူ၍ အသုံးပြုနိုင်ပါသည်။
  • မိမိအိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော သစ်သီးပင်၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများအတွက် အလွယ် တကူ ဖော်စပ်ပြုလုပ်နိုင်သော နွားနို့ချဉ်ရည်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    နွားနို့ - ၁၀ ဆ

    ဆန်ဆေးရည် - ၁ ဆ

    ဆန်ဆေးရည်ကိုမြေအိုး၏ သုံးပုံတစ်ပုံသာထည့်၍ (၇) ရက် အနယ်ထိုင်ပြီး အလယ်အရည်ကြည်ကို ယူပါ။

    ၎င်းရေ (၁) ဆကိုနွားနို့ (၁၀)ဆ နှင့်ရော၍ မြေအိုးထဲသို့ ထည့်ပြီး (၇) ရက်နေပါက အလယ်ရေကြည်ကို ယူ၍ အသုံးပြုနိုင်ပါသည်။

    မြေအိုးထဲထည့်ရာတွင် မြေအိုး၏ သုံးပုံနှစ်ပုံသာထည့်ပြီး သုံးပုံတစ်ပုံကို လေဟာနယ်ထားပါ။

    မြေအိုးများကိုစက္ကူဖြင့် လေလုံအောင်ဖုံးပြီး အရိပ်အောက်တွင်သာ ထားရပါမည်။

    ချက်ခြင်းဖျန်းပါက တင်လဲရည်နှင့် ရောရန်မလိုပါ။

    တာရှည်ထားလိုပါက တင်လဲရည်နှင့် ဆတူရောထားနိုင်သည်။

    နို့ချဉ်ရည်ကိုရေနှင့် အဆ ၁၀၀ ရောပြီး အပင်ပေါ်နှင့် အပင်ခြေမြေပေါ် ဖျန်းနိုင်ပါသည်။

    မြေဆွေးလုပ်ရာတွင် ထည့်သုံးက ဆွေးမြေ့မှုမြန်ပြီး မြေဆွေးအရည်အသွေး ပိုကောင်းစေပါသည်။ မြေပြု ပြင်ရာတွင်လည်းသုံးနိုင်ပါသည်။

    Source - ဩဂဲနစ်တောင်သူလက်စွဲစာအုပ် ပါမောက္ခဒေါက်တာမြင့်လွင်

    ----------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
likes12comments0
views184views1435