cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဗင်ဒါသစ်ခွ(Vanda Orchid) စိုက်ပျိုးနည်း 🌸🌸

. စိုက်ပျိုးနည်းစနစ်များ
အပင်သန်၊ အပွင့်မပွင့်ခြင်းသည် အလင်းအားနည်းခြင်း၊ အရွက်ပေါ်တွင် မီးလောင်ဖုကဲ့သို့ အရေကြည်ဖုများ ထလာခြင်း သည် နေလောင်ခြင်းကြောင့်အရွက်နာနေခြင်း၊ ဗင်ဒါဟာ အားဆေးများများ ကျွေးရတဲ့အပင်ဖြစ်တာကြောင့် သူ့မှာအား ဆေးထဲမှာပါတဲ့ ဘေးထွက်ပစ္စည်းတွေ အပင် (သို့) အိုးထဲမှာ ကပ်ငြိနေတတ်ပါတယ်။ ဒါတွေဟာ အပင်ချိနဲ့လာခြင်းရဲ့ အ ချက်တချက်လို့လဲ ထည့်တွက်လို့ရပါတယ်။
  • ဗင်ဒါမျိုးနွယ်စု သစ်ခွတွေဟာ ပူနွေးတဲ့ရာသီဥတုနဲ့ နေရောင်ကို တနေ့တာလုံးရတဲ့ဒေသတွေမှာ စိုက်ပျိုးဖို့ အကောင်းဆုံး ပါ။ ရာသီဥတုပူနွေးတဲ့ အာရှနိုင်ငံတွေမှာ အများဆုံး ပေါက်ရောက်လေ့ရှိပါတယ်။ အအေးပိုင်းဒေသတွေမှာတော့ မှန်လုံအိမ် တွေထဲမှာ ထည့်စိုက်လေ့ရှိပေမဲ့ ပူနွေးတဲ့ ရာသီဥတုရှိတဲ့ ဒေသတွေအတွက်တော့ ဗင်ဒါသစ်ခွဟာ စိုက်ပျိုးဖို့ သင့်တော်ဆုံး ပါ။

    အလင်းရောင်

    ဗင်ဒါသစ်ခွပင်ကနေ အပွင့်ပွင့်ဖို့ဆိုရင်တော့ အလင်းရောင်ဟာ အရေးပါတဲ့ အချက်တခု ဖြစ်ပါတယ်။ ဗင်ဒါသစ်ခွမျိုးစိတ် တွေမှာ အဓိက ( ၃ ) မျိုးရှိပါတယ်။ ရွက်ပြားဗင်ဒါ၊ ခဲတံချောင်းပုံစံ ရွက်လုံးဗင်ဒါနဲ့ တတိယမျိုးစိတ်ကတော့ ရွက်ပြားနဲ့ ရွက်လုံးကြားမှာရှိတဲ့အရွက်အမျိုးအစားဖြစ်ပါတယ်။ပထမအမျိုးအစားဖြစ်တဲ့ ရွက်ပြားဗင်ဒါကတော့ နေရောင်ကို ကြိုက် ပြီး တနေတာရဲ့အလင်းကို အပြည့်အ၀လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗင်ဒါသစ်ခွကို ပူနွေးတဲ့ရာသီဥတုမှာ ပထမ အရွက်အမျိုးအစားဗင်ဒါနဲ့ တတိယအမျိုးအစား ဗင်ဒါကို စိုက်မယ်ဆိုရင် (၂၀%)က နေ (၃၀%)အရိပ်ရတဲ့ နေရာမှာ ထားပေးရမှာဖြစ်ပါတယ်။

    အပူချိန်

    ဗင်ဒါဟာ ပူနွေးတဲ့ရာသီဥတုကို ကြိုက်တာကြောင့် ညအအေးချိန် (၅၅) ဒီဂရီဖာရင်ဟိုက်လောက်အထိသာ ခံနိုင်ရည်ရှိပါ တယ်။ အချိန်တိုတဲ့ အအေးဒဏ်ကိုခံနိုင်ပေမဲ့ အအေးနဲ့အတူ လေအေးပါ တိုက်လာမယ်ဆိုရင်တော့ခံနိုင်မှုမရှိလှပါဘူး။

    သူ့အတွက် အကောင်းဆုံး အပူချိန်ကတော့ ညအချိန်မှာ (၆၀) ကနေ (၇၀) ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပီးတော့ နေ့အပူချိန်မှာ တော့ (၉၅)ဒီဂရီဖာရင်ဟိုက်ဝန်းကျင်ဖြစ်ပါတယ်။ နွေရာသီဟာ သူ့အတွက် အကောင်းဆုံး အချိန်ဖြစ်ပြီးတော့ အပင်ဟာ ကြီးထွားနှုန်းမြန်ဆန်ပါတယ်။ ဒါပေမဲ့လည်း အပူချိန် မြင့်တက်နေတာနဲ့အတူ စိုထိုင်းဆနဲ့ လေဝင်လေထွက်လည်း မြင့်တက် အောင် ချိန်ဆပေးရပါမယ်။ ထို့အတူပဲ အစာနဲ့ရေ ပေးနှုန်းကိုလည်းမြှင့်ပေးရပါမယ်။

    ရေ

    အပင်ဟာ ကြီးထွားမှုနှုန်း မြင့်တက်နေချိန် ဆိုရင်တော့ ရေ ကို ပိုမို ပြီးပေးသင့်ပါတယ်။ ဒါပေမဲ့လည်း အမြစ်ကတော့ ရေ လောင်းပီး သိပ်မကြာခင်မှာပဲ ရေခြောက်သွားတာမျိုး ဖြစ်သင့်ပါတယ်။ ဗင်ဒါသစ်ခွရဲ့ အမြစ်ဖွဲ့စည်းပုံကြောင့် ဗင်ဒါကို သစ်သားခြင်းတွေထဲမှာ စိုက်ကြတာဖြစ်ပါတယ်။ နေပူပြင်းတဲ့ ရာသီဥတုတွေမှာတော့ နေ့စဉ်ရေလောင်းဖို့ လိုအပ်ပါတယ်။ မိုးအုံ့ပြီးအေးတဲ့ရာသီဥတုတွေမှာတော့ရေလောင်းတာကိုခြားပေးဖို့လိုအပ်ပါတယ်။

    စိုထိုင်းဆ

    စိုထိုင်းဆကတော့ (၈၀%) အထိ လိုအပ်ပါတယ်။ ပူပြင်းတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ လိုအပ်တဲ့ စိုထိုင်းဆဟာ အလွယ်တကူပဲ ရရှိနိုင်ပါတယ်။ တခုသတိထားရမှာကတော့ အပင်တွေကို ကျပ်နေအောင်မထားပဲ တပင်နဲ့ တပင်ကြား လေဝင်လေထွက်ကောင်းမွန်ဖို့ဖြစ်ပါတယ်။

    အားဆေးကျွေးခြင်း

    ဗင်ဒါအတွက် သင့်တော်တာကတော့ ပူပြင်းတဲ့ ရာသီဥတုတွေမှာ မျှခြေညီတဲ့ ပတ်လည်အားဆေး ၂၀-၂၀-၂၀ အပြည့်ကို တပတ်တခါ ကျွေးလို့ရပါတယ်။ ဒါမှမဟုတ် အကြံပြု ထားတဲ့ ပမာဏ ရဲ့ သုံးပုံတပုံ ကို ရေမှာထည့်ဖျော်ပြီး ရေလောင်း တိုင်း ထည့်ကျွေးလို့ရပါတယ်။ဆောင်းတွင်းအခါမှာတော့ အားဆေးကို ( ၂ ) ပတ်တကြိမ် ဒါမှမဟုတ် ( ၁ ) လ တကြိမ် ကျွေးပေးသင့်ပါတယ်။အပွင့်ပွင့်စေဖို့အတွက်တော့ ပတ်လည် မျှခြေညီတဲ့ အားဆေး (၃) ခါ ကျွေးပြီးတိုင် အပွင့်ပွင့်တာကို အားပေးတဲ့ဖော့ဖရက်များတဲ့ NPKအချိုးအစား၁၀-၃၀-၂၀ကိုကျွေးပေးသင့်ပါတယ်။

    အိုးလဲခြင်းအပင်ခွဲခြင်း

    တခြားသစ်ခွတွေနဲ့ မခြားပါဘူး။ အိုးလဲ အပင်ခွဲတာကို နွေဦးပေါက် ရာသီတွေမှာ ပြုလုပ်သင့်ပါတယ်။ သစ်သားခြင်းထဲမှာ စိုက်ထားတယ်ဆိုရင်တော့ မကြာခန အိုးလဲပေးဖို့ မလိုအပ်ပါဘူး။ အိုးထဲမှာ စိုက်ထားရင်တော့ ပွားစာ ဆွေးလာမှသာ ပြောင်းပေးဖို့လိုအပ်လေ့ရှိပါတယ်။ပြောင်းမယ်ဆိုရင်တော့ အပင်ကို ပထမဦးစွာ ရေထဲမှာ စိမ်ထားပေးဖို့လိုပါတယ်။ ဒါမှ သာအမြစ်တွေဟာ အလွယ်တကူ မပျက်စီးဘဲခွာယူနိုင်မှာဖြစ်ပါတယ်။အိုးထဲမှာစိုက်တယ်ဆိုရင်တော့ ထုံးစံအတိုင်း ရေစိမ် ပြီးရင်တော့ အမြစ်ကို အသာခွာယူပြောင်းမဲ့ အိုးသစ်ထဲရဲ့ အလည်ခေါင်ကို မှန်းပီး အပင်ကို နေရာချဖို့ လိုအပ်ပါတယ်။ အိုး ထဲမှာ စိုက်မယ်ဆိုရင်တော့ အဖတ်ကြီးတဲ့ ပွားစာကို အသုံးပြုသင့်ပါတယ်။ ဥပမာ - မီးသွေးခဲဆိုဒ်ကြီး အုံခွံအဖတ်ကြီး စသည်တို့ဖြစ်ပါတယ်။ အရိပ်မှာ ထားသင့်ပီးတော့ စိုထိုင်းဆမြင့်တဲ့ နေရာလည်း ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ နောက်ထပ်အ မြစ်သစ်ထွက်လာတာကို မတွေ့မချင်း အမြစ်ကို စိုစွတ်နေအောင် ရေမလောင်းသင့်ပဲ ခြောက်သွေ့နေတာမျိုးပဲ ဖြစ်သင့် ပါတယ်။

    ဗင်ဒါနဲ့ရောဂါပိုး

    ဗင်ဒါသစ်ခွဟာ အလွယ်တကူတော့ ရောဂါဖြစ်လွယ်တဲ့ အပင်မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စကေးလ် အင်းဆက်လို့ခေါ်တဲ့ အရွက်ပေါ်မှာ အဖုသေးသေးလေးတွေမျိုး အကောင်ငယ်လေးတွေ တက်နေတဲ့အခါမှာတော့ မီသိုင်းဓါတ် ထည့်ထားတဲ့ အရက်ပျံကိုဂွမ်းလေးနဲ့ဆွတ်ပီးအရွက်ပေါ်ကိုသုတ်ချပေးပါ။

    ဖြစ်နိုင်ချေရှိတဲ့ပြသနာများ

    အပင်သန်၊ အပွင့်မပွင့်ခြင်းသည် အလင်းအားနည်းခြင်း၊ အရွက်ပေါ်တွင် မီးလောင်ဖုကဲ့သို့ အရေကြည်ဖုများ ထလာခြင်း သည် နေလောင်ခြင်းကြောင့်အရွက်နာနေခြင်း၊ ဗင်ဒါဟာ အားဆေးများများ ကျွေးရတဲ့အပင်ဖြစ်တာကြောင့် သူ့မှာအား ဆေးထဲမှာပါတဲ့ ဘေးထွက်ပစ္စည်းတွေ အပင် (သို့) အိုးထဲမှာ ကပ်ငြိနေတတ်ပါတယ်။ ဒါတွေဟာ အပင်ချိနဲ့လာခြင်းရဲ့ အ ချက်တချက်လို့လဲ ထည့်တွက်လို့ရပါတယ်။ ဒီ့အတွက် အပင်ကိုသန့်ရှင်းပြီး အနည်းငယ်နွေးတဲ့ ရေနဲ့ လောင်းပေးခြင်းအား ဖြင့် အားဆေးထဲမှာ ပါဝင်တဲ့ဘေးထွက်ပစ္စည်းတွေကို ဆေးကြောပစ်နိုင်ပါတယ်။

    အရွက်မှအရောင်ဖျော့လာခြင်းနှင့် အဝါရောင်သမ်းလာခြင်းသည် နိုက်ထရိုဂျင်ဓါတ်နည်းသောကြောင့် ( NPK အချိုးအစား တွင် နိုက်ထရိုဂျင်များသောအချိုးကိုကျွေးပေးသင့်။ အရွက်တွင် အပေါက်များဖြစ်ခြင်းသည် ခရုသို့၊ ပက်ကျိကိုက်ခြင်း။

    အရွက်နှင့်ပင်စည်တွင် အညိုရောင်အဖုငယ်လေးများတွေ့ရခြင်းသည် စကေးလ်အင်းဆက်ရှိနေခြင်း။ အရွက်ပေါ်တွင် အဝိုင်းကွက်များဖြစ်ပေါ်နေခြင်းသည် အဝိုင်းကွက်ရောဂါ (ဗိုင်းရပ်စ်တမျိုး) ဖြစ်ပြီး ၄င်းရောဂါအားကာကွယ်ကုသရန် ဆေးမရှိပါ။ ရောဂါကျသောအရွက်ကို ညှပ်ထုတ်ပစ်ခြင်းနှင့် အသုံးပြုသော ပစ္စည်းကိရိယာများကို အသုံးမပြုခင်နှင့် အသုံးပြုပြီးချိန်တွင် ကောင်းမွန်စွာ သန့်စင်သင့်သည်။

    Source – Lynn Lynn

    -------------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes11comments0
views187views1718