cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းစိုက်ပျိုးစဉ် ပေါင်းနှိမ်နင်းခြင်း

. ပေါင်းမြက်
ပေါင်းသတ်ဆေးသုံးစွဲရာတွင် ကျွမ်းကျင်မှု မရှိပါက နှမ်းပင်ပေါက်လေးများအား သေသွားစေနိုင်ပါတယ်။
  • လက်ဖြင့် ပေါင်းသင်ခြင်း

    ပေါင်းပင်များ ပေါက်နိုင်စွမ်းနည်းသည့် စိုက်ပျိုးမြေကို ရွေးချယ်ပါ။ နှမ်းစိုက်ပျိုးရာတွင် ပေါင်းပင် ပေါက်နှုန်း လျော့ကျစေရန် မြေကို ကောင်းကောင်း ညှိပေးပါ။ နှမ်းအား စောလျင်စွာ စိုက်ပျိုးခြင်းသည် အပင်ပေါက်များအား မြန်မြန် ပေါက်စေပြီး ပေါင်းပင် ကြီးထွားမှုကိုလည်း လျော့ချပေးပါတယ်။

    ပေါင်းပင်များအား လက်ဖြင့် ပေါင်းသင်းခြင်းသည် အလုပ်သမားခ၊ ဓာတု ပေါင်းသတ်ဆေးခများကို သက်သာစေသည့်အပြင် နှမ်းပင်များအကြား ပေါင်းပင်များ၏ အာဟာရ စုပ်ယူမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ ပေါင်းပင်များ ပေါက်လာသည်နှင့် တစ်ပြိုင်နက် ပေါင်းပင်များအား ဖယ်ရှားပစ်ပါ။ စိုက်ခင်းထဲမှ ပေါင်းပင်များအား ဖယ်ရှားနေစဉ် နှမ်းပင်များအား ထိခိုက်မှု မရှိစေရန် သတိပြုရပါမယ်။ 

    ပေါင်းသတ်ဆေးများသည် နှမ်းပင်ပေါက်လေးများအား သေစေနိုင်သည်အထိ ဆိုးကျိုးသက်ရောက်စေနိုင်သောကြောင့် မည်သည့် ဓာတု ဆေးရည် သို့မဟုတ် ပေါင်းသတ်ဆေးကိုမှ မသုံးဘဲ ပေါင်းပင်များအား ပုံမှန်ဖယ်ရှားပေးပါ။ နှမ်းစိုက်ခင်းသို့ မကြာခဏ သွားရောက်လေ့လာကြည့်ရှုပြီး ပေါင်းပင်များအား လက်ဖြင့် ဖယ်ရှားရှင်းလင်းပေးပါ။

     နှမ်းစိုက်ပျိုးရာတွင် ပေါင်းပင်များအား ဓာတုနည်းဖြင့် နှိမ်နင်းခြင်း

    ဓာတု ပေါင်းသတ်ဆေး အသုံးပြုပုံ

    နှမ်းစိုက်ခင်းအတွင်း ပေါင်းပင်အများအပြား နေရာယူနေပြီဖြစ်ပါက ရွေးချယ်ထားသော မှိုသတ်ဆေးများအား မျိုးမကြဲမီ အသုံးပြုပေးရပါမယ်။ စျေးကွက်အတွင်းရှိ အကြံပြုတိုက်တွန်းထားသော ကုန်ပစ္စည်းများ သို့မဟုတ် လက်ရှိ အသုံးပြုနေသော ကုန်အမှတ်တံဆိပ်များကို စစ်ဆေးပြီးမှ သုံးပါ။

    မိတ်ဆွေတို့အနေနဲ့ အပင်မစိုက်မီ ပေါင်းသတ်ဆေးသုံးဖို့လည်း အကြံပြုလိုပါတယ်။ အထုတ်တွင်ပါရှိတဲ့ အကြံပြုထားသော နှုန်းထားများအတိုင်း ရွေးချယ်ထားသော ပေါင်းသတ်ဆေးအား မျိုးမကြဲမီ အသုံးပြုပေးပါ။ ပေါင်းသတ်ဆေးအသုံးပြုပြီးနောက် နှမ်းပင်အား ချက်ချင်း မျိုးမကြဲဘဲ (၃)ရက်-(၅)ရက်ခန့်စောင့်ဆိုင်းပြီးမှ ကြဲပေးပါ။ ပေါင်းသတ်ဆေးသုံးစွဲရာတွင် ကျွမ်းကျင်မှု မရှိပါက နှမ်းပင်ပေါက်လေးများအား သေသွားစေနိုင်ပါတယ်။

    ပင်ညှောက်ပေါက်ပြီးနောက် ပေါင်းသတ်ဆေး အသုံးပြုရန် အရေးတကြီး လိုအပ်ပါက နှမ်းပင်ပေါက်များပေါ်တွင် ပက်ဖြန်းမိခြင်း မရှိစေရန် စံနှုန်းနှင့် ကိုက်ညီသော ပိုက်ခေါင်းပါရှိသည့် စပရေးဖြန်းဘူးများအား အသုံးပြု၍ လေငြိမ်ချိန်တွင် ပက်ဖြန်းပေးပါ။ ထို့အပြင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများ သို့မဟုတ် လိုင်စင်ရ ပေါင်းသတ်ဆေး ရောင်းချသူများနှင့် တိုင်ပင် ဆွေးနွေးပါ။


  • article
likes6comments0
views206views1673