cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆန်ကို တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်ပြီး ပြည်ပတင်ပို့သွားမယ်🌾🌾

. သတင်းစုံ
" ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဆန်တိုးမြှင့်တင်ပို့နေတာထက် တန်ဖိုးမြှင့်ထုတ်ကုန်ပါ တင်ပို့ဖို့ရှိတယ် ။ ဆန်မှုန့်တွေ ၊ ဆန်ခေါက်ဆွဲတွေ စသဖြင့်ပေါ့ ပြုလုပ်တင်ပို့သွားဖို့ ရှိပါတယ်၊ ဆန်တင်ပို့မှုကိုတော့ ဆန်ကွဲနဲ့ ပေါင်းဆန်ကို ဆက်လက် ဦးစားပေး တင်ပို့သွားမယ် ။ ဆန်ဖြူဆိုလည်း သူ့ပမာဏ အကန့်အသတ်နဲ့ပဲ သွားမယ်" လို့ MRF ဥက္ကဌ ဦးရဲမင်းအောင်က ပြောပါတယ်။
  • ပြည်ပကို ဆန်တန်ချိန်တင်ပို့မှုအပြင် ဆန်ကိုတန်ဖိုးမြှင့်ထုတ်လုပ်ပြီး ဆန်တန်ဖိုးမြှင့်ထုတ်ကုန်တွေ အဖြစ် ပြောင်းလဲတင်ပို့သွားနိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRFမှ သိရပါတယ်။

    ဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီး တင်ပို့တဲ့အခါ ဆန်မှုန့် ၊ ဆန်ခေါက်ဆွဲ အပါအဝင် စတဲ့ ဆန်ကနေထုတ်လုပ်နိုင်မယ့် တန်ဖိုးမြှင့် ပစ္စည်းတွေကို တင်ပို့သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

    " ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဆန်တိုးမြှင့်တင်ပို့နေတာထက် တန်ဖိုးမြှင့်ထုတ်ကုန်ပါ တင်ပို့ဖို့ရှိတယ် ။ ဆန်မှုန့်တွေ ၊ ဆန်ခေါက်ဆွဲတွေ စသဖြင့်ပေါ့ ပြုလုပ်တင်ပို့သွားဖို့ ရှိပါတယ်၊ ဆန်တင်ပို့မှုကိုတော့ ဆန်ကွဲနဲ့ ပေါင်းဆန်ကို ဆက်လက် ဦးစားပေး တင်ပို့သွားမယ် ။ ဆန်ဖြူဆိုလည်း သူ့ပမာဏ အကန့်အသတ်နဲ့ပဲ သွားမယ်" လို့ MRF ဥက္ကဌ ဦးရဲမင်းအောင်က ပြောပါတယ်။

    အဆိုပါ ဆန်တန်ဖိုးမြှင့် ထုတ်ကုတ်တွေကို ပြည်ပတင်ပို့မှုအဖြစ် လာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ စတင် တင်ပို့နိုင်ရေး လုပ်ဆောင်နေတာဖြစ်ပါတယ်။

    ဆန် ဆန်ကွဲတင်ပို့မှုကို ပမာဏတိုးမြှင့်တင်ပို့ခြင်းအစား ဆန်ကိုတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်ကာ တင်ပို့ခြင်းက ပြည်တွင်းမှာ ဆန်စားသုံးမှုအတွက်ဖူလုံစေနိုင်တဲ့အပြင် နိုင်ငံခြားငွေရရှိမှုလည်း တိုးလာနိုင်တာကြောင့် တန်ဖိုးမြှင့် ထုတ်ကုန်တင်ပို့ရန် စီစဉ်ခြင်းဖြစ်တယ်လို့သိရပါတယ်။

    လက်ရှိ ပြည်တွင်းမှာတော့ ဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီး စျေးကွက်အတွင်း တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ ပစ္စည်းတွေက ဆန်မှုန့် ၊ ဆန်ခေါက်ဆွဲ ၊လူသုံးကုန်ပစ္စည်း အချို့တို့ ရှိနေတယ်လို့သိရပါတယ်။

    ဆန်မှုန့်ကို အသုံးပြုပြီး အစားအစာ အဖြစ်အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဆန်ကိုသာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်ပါက ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင်အလမ်း ပိုလာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့မှုသာရှိပြီး အခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇန်နဝါရီလအထိ ဆန် ဆန်ကွဲ တန်ချိန် ၁၁ သိန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၇၄ သန်း ရရှိထားတယ်လို့သိရပါတယ်။

    ညိုပြာဝိုင်(AMIA)

    -------------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ -

    https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes10comments0
views121views1221